ကျောက်မဲမြို့အဝင်တွင် ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 15, 2020

ကျောက်မဲမြို့အဝင်တွင် ကျပ်သိန်း ၅၀၀၀ နီးပါးတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇန်နဝါရီလ ၁၄ ရက်၊ ညပိုင်းက ကျပ်သိန်း ၅၀၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူနှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ် ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စု (လားရှိုး)၊ ကျောက်မဲလှုပ်ရှားတပ်ဆွယ်မှ ရဲတပ်ကြပ်ကြီး စိုင်းနော်ခမ်း၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ခွန်ကောင်းမြတ်၊ ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကျော်လင်း၊ ခရိုင်မှုခင်းတားဆီးနှိမ်နင်း ရေးဌာနခွဲမှ ရဲတပ်ကြပ် စိုးအောင်နှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်၊ ညပိုင်းက မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၃/၁၁၄) အကြား၊ ကျောက်မဲမြို့အဝင် အိုရီယမ်တယ် တိုးလ်ဂိတ်အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် သီပေါဘက်မှ ကျောက်မဲဘက်သို့ မန်တုံမြို့၊ ပါကထောင်ရပ်ကွက်နေ ထွန်းလွင် (၁၉ နှစ်) မောင်းနှင်ပြီး ဗီသင်္ကြန်လွင် (ခ) သားငယ် (၂၂ နှစ်) လိုက်ပါ စီးနင်းလာသည့် NISSAN WINGROAD Y12 အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာတွင် ယာဉ်ကြမ်းခင်းအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိ သဖြင့် ကျောက်မဲမြို့မရဲစခန်းသို့ မောင်းနှင်စေခဲ့ပြီး စခန်းအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့စစ်ဆေးရာတွင် ယာဉ်ရှေ့ခန်း ယာဘက်ခြေနင်းကြမ်းခင်း အံဝက်အတွင်း ကပ်ခွာအိတ်များဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း၊ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀၀ ခန့်ကိုလည်းကောင်း၊ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့် ဆပ်ပြာခွက် ၄၄ ခွက်၊  အလေးချိန် ၀ ဒသမ ၄၄ ကီလို၊ ကာလတန်ဖိုး ၁၃၂ သိန်းကျပ်အားလည်းကောင်း၊ ယာဉ်ရှေ့ခန်း ဝဲဘက်ခြေနင်းကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူဝါရာင်အမှုန့် ဆပ်ပြာခွက် ၂၁၅ ခွက်၊ အလေးချိန် ၂ ဒသမ ၁၅ ကီလို၊ တန်ဖိုး ၆၄၅ သိန်း၊ စုစုပေါင်း ၄၇၇၇ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများအား သုံးစွဲရန်/ရောင်းချရန်အလို့ငှာ သယ်ဆောင်လာသူ ထွန်းလွင် နှင့် ဗီသင်္ကြန်လွင် (ခ) သားငယ် တို့ ၂ ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် မယ (ပ) ၇/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေ ၁၉ (က)/ ၂၀ (က) / ၂၁ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats