ကျောက်မဲတွင် အများပြည်သူ ကျန်းမာရေးနှင့် အပန်းဖြေရန် နေရာကို ကိုယ်ထူကိုယ်ထ တည်ဆောက်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

ကျောက်မဲတွင် အများပြည်သူ ကျန်းမာရေးနှင့် အပန်းဖြေရန် နေရာကို ကိုယ်ထူကိုယ်ထ တည်ဆောက်မည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် အများပြည် သူ ကျန်းမာရေးနှင့် အပန်းဖြေနေရာ တစ်ခုကို ကိုယ်ထူကိုယ်ထ တည် ဆောက်သွားရန်ရှိကြောင်း ကျောက် မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ထံက သိရသည်။
.
.
မြို့ရဲ့ အလယ်ခေါင်အနီးအနား လည်း ကျတယ်။ လူထုအနေနဲ့ လမ်း လျှောက်ရုံသက်သက် မဟုတ်ဘဲနဲ့ ဒီနေရာမှာ ရှုခင်းလည်းကောင်း တယ်။ ကျန်းမာရေးအတွက်လည်း ဖြစ်မယ်ဆိုပြီး နားနားနေနေလည်း ဖြစ်မယ်၊ လမ်းလျှောက်တဲ့နေရာ လည်းမရှိတဲ့အတွက် လူထုအတွက် ကျန်းမာရေးနဲ့ အပန်းဖြေနေရာတစ် ခု မြို့ပေါ်မှာရှိလာဖို့ ရည်ရွယ်ပါ တယ်”ဟု ကျောက်မဲမြို့နယ် အုပ် ချုပ်ရေးမှူး ဦးနိုင်ဝင်းက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါနေရာကို မတည်အလှူ ရှင်အဖြစ် ကျောက်မဲအခြေစိုက် စွမ် လောင်ဟိန်း ဆောက်လုပ်ရေးကုမ္ပ ဏီမှ တည်ဆောက်သွားမည်ဖြစ်ပြီး ခန့်မှန်းအားဖြင့် ငွေကျပ် သိန်း ၄၀ မှ ၅၀ ခန့် ကုန်ကျမည်ဟု သိရသည်။
.
ကိုယ်နေထိုင်ရာ ဒေသလေးအတွက် ကူညီမှုတွေ၊ အကြံဉာဏ် တွေလိုအပ်ပြီး ကိုယ်ကြီးပြင်းလာ တဲ့ မြို့လေး စည်ပင်ဖွံ့ဖြိုးတိုးတက် အောင် နိုင်သလောက်လေးဆောင် ရွက်တာပါ။ ကျွန်တော်တို့ ဒေသခံ တွေရဲ့ စုပေါင်းအင်အားလေးတစ်ခု အဖြစ် တတ်နိုင်သလောက်ပူးပေါင်း ပါဝင်ကြစေလိုပါတယ်”ဟု စွမ် လောင်ဟိန်း ဆောက်လုပ်ရေး ကုမ္ပ ဏီမှ မန်းနေးဂျင်းဒါရိုက်တာ ကိုသာ ဇော်က ပြောသည်။
.
ယင်း နေရာမျာ ၇၁ ပေ × ၄၁ ပေ ကျယ်ဝန်းပြီး အားကစားလေ့ကျင့် ရေးခုံ အပါအဝင် ပြည်နယ်အား/ကာမှ ပေးပို့ထားသည့် လူထု ကျန်း မာရေး လေ့ကျင့်ရေးပစ္စည်း ၂ စုံကို တည်ဆောက်သွားမည့်အပြင် အပန်း ဖြေထိုင်ရန် ခုံတန်းလျားများ၊ပန်းခြံ များ၊ မီးတိုင်များကိုပါ စိုက်ထူသွားရန် ရှိကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ နေရာမှာ ကျောက်မဲမြို့၊ ပင်လုံလမ်းပေါ်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအနီးတွင် ရှိကာ တစ်လတာအတွင်းအပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)