ကလောတွင် ရထားနှင့် ထွေလာဂျီ တိုက်မိမှုဖြစ်ပွား - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

ကလောတွင် ရထားနှင့် ထွေလာဂျီ တိုက်မိမှုဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ နန်းသဲကျေးရွာအုပ်စုတွင် ဇန်နဝါရီလ ၂ ရက်၊ ညနေပိုင်းက ရထားနှင့် ထွေလာဂျီ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ရပ်စောက်ဘူတာမှ သာစည်ဘူတာသို့ စက်ခေါင်းမောင်း ဦးမျိုးမြင့်ထွန်း မောင်းနှင်ပြီး ရထားထိန်း ဦးဝင်းနိုင် လိုက်ပါ၍ ခရီးသည် ၂၀ ဦးခန့် လိုက်ပါစီးနင်းလာသော စက်ခေါင်းအမှတ် DF-2001 ပါ လူစီးတွဲ ၅ တွဲအား ကလောဘူတာနှင့် မြင်းတိုက်ဘူတာအကြား ကားလမ်း-ရထားလမ်းကူး လမ်းဆုံ နေရာတွင် ကလောမြို့၊ အင်ပြင်ကျေးရွာနေ ဘိုဘိုဖြိုး (၂၁ နှစ်) မောင်းနှင်လာသည့် လီဖန်းအမျိုးအစား အပြာရောင် ၆ ဘီး ထွေလာဂျီယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တို က်မိခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက်မိမှုကြောင့် ထွေလာဂျီယာဉ်တွင် ရှေ့ပိုင်းကြေမွပျက်စီးခဲ့ကာ မီးထားစက်ခေါင်း လျှပ်စစ်ပိုင်းဆိင်ရာများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
.
အခင်းဖြစ်ပွားရာသို့ ကလောဘူတာမှ ရုံပိုင်ကြီး ဦးတင်မောင်ဌေး နှင့် ဦးစီးအဖွဲ့ဝင်များ၊ ကလောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ရထားစက်ခေါင်းအား မြန်မာ့မီးရထား (ရွှေညောင်)စက်ခေါင်းရုံမှ  အစားထိုးတောင်းခံကာ ရထားလမ်းအား ခေတ္တပိတ်ထားခဲ့ရကြောင်းနှင့် အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်နှင့် ယာဉ်မောင်းများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မီးရထားခုတ်မောင်းနေစဉ် ရထားလမ်းအား မဆင်မခြင် ဖြတ်ကူးသူ ယာဉ်မောင်း ဘိုဘိုဖြိုးအား ကလောမြို့မရဲစခခန်းမှ (ပ)၃/၂၀၂၀၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ၈၅ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားရှိကြောင်း သိရသည်။
 
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)