ကလောတွင် ၁၂ ဘီးယာဉ် ဘရိတ်ပေါက်၍ အလုပ်သမားတဲကို ဝင်တိုက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

ကလောတွင် ၁၂ ဘီးယာဉ် ဘရိတ်ပေါက်၍ အလုပ်သမားတဲကို ဝင်တိုက်ရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၄ ရက်၊ မွန်းလွဲပိုင်းက ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးရှိ သော်တာဝင်းကုမ္ပဏီ အလုပ်သမားတဲအား ဝင်ရောက်တိုက်မိရာမှ တဲအတွင်းရှိ အလုပ်သမား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
“အခုပဲ အခင်းဖြစ်ရာက ပြန်လာတာပါ။ အမှုဖွင့်ပါတယ်။ လူသေမှု ပုဒ်မ ၃၃၇ ပါ” ဟု ကလော ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှနိုင်က ပြောသည်။
.
အေးသာယာမြို့နေ ယာဉ်မောင်း ထွန်းထွန်းနိုင် (၂၆ နှစ်) မောင်းနှင်ပြီး ကလောမြို့၊ တပ်မ (၅၅) ဝင်းနေ ယာဉ်နောက် လိုက် ထူးသက်ဝေ (၂၀ နှစ်) လိုက်ပါလာသော Hino အမျိုးအစား ၁၂ ဘီးယာဉ်သည် ဇန်နဝါရီလ ၄ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ကလောဘက်မှ သာစည်ဘက်သို့ မောင်းနှင်လာစဉ် ဝက်ဖြူရေကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၆၁/၁) နှင့် (၆၁/၂) အကြား အရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျရာ ဘေးရှိ သော်တာဝင်း ကုမ္ပဏီ အလုပ်ဆိုဒ်မှ အလုပ်သမားများ နားနေသည့် တဲအား ဝင်ရောက်တိုက်မိခဲ့ပြီး တဲအတွင်းထိုင်နေသူ ကျုံပျော်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာနေ ဂိတ်စောင့် ကျော်ထွန်းဦး (၄၂ နှစ်) တွင် မျက်နှာပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ရင်ဘတ် ညိုမဲဖူးရောင်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ဟင်္သတမြို့နယ်၊ ညောင်ပေါက် ကျေးရွာနေ ဇော်မိုးထွန်း (၄၁ နှစ်) တွင် ဝဲ/ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိခဲ့သဖြင့် ကလောဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍ လူသေစေသည်အထိ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ထွန်းထွန်းနိုင်ကို ကလောမြို့မရဲစခန်းမှ ယာဉ်(ပ) ၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ တို့ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)