လာအိုမှ ပထမဆုံးအကြိမ် လွှဲပြောင်းလာသည့် မြန်မာလုပ်သားအား နေရပ်သို့ ပြန်လည် စေလွှတ် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 2, 2020

လာအိုမှ ပထမဆုံးအကြိမ် လွှဲပြောင်းလာသည့် မြန်မာလုပ်သားအား နေရပ်သို့ ပြန်လည် စေလွှတ်


မင်းဇော်မင်း
.
လာအိုနိုင်ငံမှ ဖမ်းဆီးရမိ၍ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့သို့ လွှဲပြောင်းလာသည့် မြန်မာ့ရွှေ့ပြောင်း လုပ်သား တစ်ဦးအား လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဇန်နဝါရီလ ၁ ရက်တွင် နေရပ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။
.

သူက ထိုင်းနိုင်ငံမှာ တရားမဝင် လုပ်သားအဖြစ်  ၃ နှစ်လောက် လုပ်ပြီး မလေးရှားနိုင်ငံကို တရားမဝင် သွားရောက် လုပ်ကိုင်ပြီးနောက် မလေးရှားမှာ ၁၅ နှစ်လောက် လုပ်ခဲ့တယ်၊ အဲဒီကမှ ထိုင်း၊ ထိုင်းကနေ လာအိုထဲကို တရားမဝင် အလုပ် လုပ်နေစဉ်မှာပဲ လာအိုနိုင်ငံသူနဲ့ အိမ်ထောင်ကျခဲ့တာမှာ လာအိုရဲက ပြီးခဲ့တဲ့ ၇ လပိုင်းက တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးပြီး အခု လွှဲပြောင်းပေးတာပါပဲဟု တာချီလိတ်လူကုန်တားရဲတပ်ဖွဲ့မှ ရဲအုပ် လှဘုန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ  တရားမဝင် ဝင်ရောက်မှုဖြင့် လာအိုနိုင်ငံမှ လွှဲပြောင်းပေးသူမှာ တနင်္သာရီတိုင်းဒေသကြီးမှ ဦးချမ်းအေးဆိုသူ ဖြစ်ပြီး ၎င်းအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်၊ ညနေ ၆ နာရီတွင် ကျိုင်းလပ်မြို့ရှိ လာအို-မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတား(ကျိုင်းလပ်)တွင်  လာအိုနိုင်ငံ လဝကမှ လာရောက် လွှဲပြောင်းပေးအပ်သည်ကို မြန်မာနိုင်ငံ ပူးပေါင်းအဖွဲ့မှ လက်ခံခဲ့ခြင်း ဖြစ်သည်။
.
ယခုဖြစ်စဉ်မှာ တရားမဝင် ဝင်ရောက်သူအား လာအိုနိုင်ငံမှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)