နှစ်သစ်ဆုတောင်း - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 1, 2020

နှစ်သစ်ဆုတောင်း

မင်္ဂလာရှိသော နှစ်သစ် အခါသမယမှာ မြန်မာပြည်သူပြည်သား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
.
နိုင်ငံတော်အစိုးရက ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာစေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ကျွန်တော်တို့ ပြည်သူပြည်သား အားလုံးကလည်း စည်းလုံးညီညွတ်သော စုပေါင်းအင်အားနဲ့ နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲ ဝန်းရံကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် တာဝန်သိသော တာဝန်ကျေပွန်သော ပြည်သူပြည်သားကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
.

မင်္ဂလာရှိသော နှစ်သစ် အခါသမယမှာ တိုင်းရင်းသား ညီနောင်အားလုံး စည်းလုံးညီညွတ်စွာနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစား ချစ်ခင်ယုံကြည်လျက် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေ၊ သဘာဝ ဘေးအန္တရာယ် အမျိုးမျိုး ဘေးဘယာ အမျိုးမျိုးတို့မှ ကင်းဝေးနိုင်ကြပြီး မျိုးဆက်သစ် လူငယ်တွေကို အညွန့်တုံးစေမယ့် မူးယစ်ဆေးဝါး အန္တရာယ်မှလည်း ကင်းဝေးနိုင်ကြပါစေ။ နိုင်ငံတော်နဲ့ ပြည်သူ တစ်ရပ်လုံး လူမှု စီးပွားဘဝ ပိုမိုမြင့်မား တိုးတက်ကောင်းမွန်နိုင်ကြပါစေ။ တရားမျှတ မှန်ကန်တဲ့ တရားစီရင်ရေးစနစ်နဲ့ တရားဥပဒေရဲ့ အကာကွယ်ကို အပြည့်အဝ ခံစားရရှိနိုင်ကြပါစေ။
.
နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခေတ်မီတိုးတက်သော ပညာရေးစနစ်ကို ပိုင်ဆိုင်နိုင်ကြပြီး ပြည်သူများအားလုံး ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိနိုင်ကြပါစေ။ နိုင်ငံတော်ရဲ့ ကောင်းမြတ်တဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ အမျိုးသားရေး လက္ခဏာတွေကို ထိပါးခြင်း မရှိစေတဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို လူတိုင်း၊ လူတိုင်း ပြည့်ပြည့်ဝဝ ပိုင်ဆိုင်နိုင်ကြပြီး နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ် အားအင်သစ်များနဲ့ နိုင်ငံတော်အကျိုး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြပါစေ။
.
နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထု တစ်ရပ်လုံးနဲ့ စုပေါင်းအင်အားတွေနဲ့ ပေါင်းစပ် ဝန်းရံပြီး ကြုံတွေ့နေရတဲ့ ပြည်တွင်း၊ ပြည်ပမှ အခက်အခဲ အမျိုးမျိုးနဲ့ စိန်ခေါ်မှုအတွက် ရင်ဆိုင်ကျော်လွှားကာ နှစ်သစ်မှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး တည်ဆောက်နေမှု ဆက်လက် တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်။
.
ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် နာယက

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)