တရုတ်နိုင်ငံအတွင်းသို့ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Saturday, January 4, 2020

တရုတ်နိုင်ငံအတွင်းသို့ လူကုန်ကူးခံရသည့် အမျိုးသမီးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့


မင်းဇော်မင်း
.
ရွှေလီမြို့မှတဆင့် တရုတ်နိုင်ငံအရှေ့ဘက်ခြမ်းရှိ ဟူနန်ပြည်နယ်သို့ ထပ်ဆင့် လူကုန်ကူးရောင်းစားခံခဲ့ရသည့် မြန်မာ အမျိုးသမီးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၃ ရက်တွင် မူဆယ်မြို့၌ ၎င်း၏မိသားစုထံ အပ်နှံပေးခဲ့သည် ဟု ရွှေလီမြို့အခြေစိုက် မိုးမခလူမှုကူညီရေးအသင်းမှ သိရသည်။
.
.
“သူတို့ လူငယ်ချင်း ချစ်ကြိုက်တဲ့ပုံစံနဲ့ခေါ်လာပြီးတော့ ပထမရောင်းစားခံရပြီး နောက်တစ်ဆင့် ထပ်ပြီးရောင်းစားခံရ တာပါ။ ရန်ကုန်တိုင်းလူကုန်တားရဲမှူးကြီးက ဆက်သွယ်အကူအညီတောင်းလာလို့ WeChat ကနေ ကလေးမကို ချိတ် ပြီး ကားအဆင့်ဆင့်နဲ့ ကယ်ခဲ့ရတာ ၇ ညအိပ်၊ ၈ ရက်ကြာတယ်။ သူ့ယောက်ျားက ရဲတိုင်တော့ လိုက်ဖမ်းနေလို့ တရုတ် ရဲတောင် မပြောရဲဘဲ ရောက်ရောက်ချင်း မူဆယ်ရောက်နေတဲ့ သူ့မိသားစုကို အပ်လိုက်တယ်” ဟု မိုးမခလူမှုကူညီရေး အသင်းမှ ဒေါ်မိုးမခက ပြောသည်။
.
အဆိုပါ အမျိုးသမီးငယ်မှာ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှ အသက် ၂၂ အရွယ် မိန်းကလေးငယ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က ၎င်းအပါအဝင် အမျိုးသမီးငယ် ၃ ဦးတို့အား ကိုမင်းမင်းဆိုသူ အပါအဝင် အမျိုးသား ၃ ဦးက တရုတ်နိုင်ငံတွင် လစာကောင်းရသဖြင့် အလုပ်သွားလုပ်မည်ဟု လိမည်လည်ခေါ်ဆောင်ကာ ရောင်းစားခဲ့ခြင်းဖြစ်ပြီး ငွေမည်မျှနှင့် ရောင်းစားခံရသည်ကို မသိရဘဲ ထိုယောက်ျားနှင့် ၃ လခန့် ပေါင်းသင်းပြီးနောက် ဟူနန်ပြည်နယ်တွင် ယွမ် ၁၅၀၀၀၀ ဖြင့် ထပ်ဆင့်ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
လွတ်မြောက်လာသူ အမျိုးသမီးမှ ၎င်းနှင့်အတူ ရောင်းစားခံရသည့် အခြားအမျိုးသမီးများ လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ သတင်းလိုက်ရှာဖွေဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည် ဟုဒေါ်မိုးမခ ထံက သိရသည်။
.
အမျိုးသမီးငယ်များအနေဖြင့် ယုံစားမှုကြောင့် ဒုက္ခရောက်ကြရသည်ဖြစ်၍ အလိမ်မခံရစေရန် မြို့ရွာတိုင်းတွင် အသိပညာပေး ဟောပြောမှုများ လုပ်စေလိုကြောင်း ၎င်းကအကြံပြုပြောကြားခဲ့သည်။
.
မိုးမခလူမှုကူညီရေးအသင်းအနေဖြင့် ယခု အမျိုးသမီးငယ် အပါအဝင် အမျိုးသမီး ၂၁ ဦးကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats