သီပေါတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, January 2, 2020

သီပေါတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျ


နွေဦး
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ဇန်နဝါရီလ ၁ ရက်၊ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများ ကြွေကျမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုများ ရှိခဲ့သည်ဟု သိရသည်။
.

.
“ည ၉ နာရီကျော်လောက်က စရွာတာပါ။ ကျောင်းထဲကို မိုးရေတွေဝင်လာတယ်။ မိုးက တော်တော်ပြင်းပါတယ်” ဟု သီပေါမြို့၊ ငါးဆူတောင်ကျောင်းဆရာတော် ဦးစကိန္နက မိန့်သည်။
.
မိုးသည်းထန်စွာရွာသွန်းပြီးနောက် တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
.
“ကျွန်တော်တို့ အိမ်လေးအတွင်းပါ ဘုရားခန်းထဲ ဘုရားရှိခိုးနေတဲ့ အဖေလည်း ထပြေးခဲ့ရတယ်။ သွပ်တွေပေါက်ပြီ လားတော့ မသိပါဘူး” ဟု နယ်စည်းမခြား လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုမျိုးကလည်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားတင်ပြထားသည်။
.
အလားတူ သီပေါ-လားရှိုးသွား ကားလမ်းပေါ်ရှိ သစ်ပင်အချို့ ပြိုလဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သီပေါမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ကုန်းသာကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်ပိကျ၍ လူအချို့ ထိခိုက် ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးချေ။
.
Photo – April Ko, Mar Lar Tun, SHP
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)