ဆီဆိုင်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၆ ခုအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, January 6, 2020

ဆီဆိုင်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၆ ခုအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်


ခွန်ရဲထွေး (ဆီဆိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပ အိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့အင်္ဂါရပ်နှင့်အညီ သန့် ရှင်း သာယာလှပစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၆ ခု အား တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အထိ ၁၂ လ ဘတ်ဂျက် ရန်ပုံငွေ ကျပ် ၁၆ ဒသမ ၃၀ သန်းဖြင့် ဆောင် ရွက်လျက်ရှိသည့် အုန်းပန်းလမ်း အပိုင်း(၂) အရှည် ၉၂၀ ပေ၊ အ ကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ် ငန်းနှင့် ရန်ပုံငွေကျပ် ၁၅ ဒသမ ၇၀ သန်းဖြင့် ယုဇနလမ်းသွယ် (၃) အ ရှည် ၉၀၀ ပေ အကျယ် ၁၂ ပေ ကတ္တရာ ခင်းခြင်းလုပ်ငန်းတို့ကို တင် ဒါအောင်မြင်သော လင်းဖြူအောင် ကုမ္ပဏီမှ လည်းကောင်း၊ ရန်ပုံငွေ ကျပ် ၁၆ ဒသမ ၀၀ သန်းဖြင့် နောင် မွန်မြို့ဟောင်းလမ်း အရှည် ၉၁၀ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာခင်း ခြင်းလုပ်ငန်း၊ ရန်ပုံငွေ ကျပ် ၂၃ ဒသ မ ၅၀ သန်းဖြင့် ဆိုက်ခေါင်ဇေတ ဝန်ကျောင်းလမ်း အရှည် ၁၃၂၀ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်း လုပ်ငန်း၊ ရန်ပုံငွေကျပ် ၁၂ ဒသမ ၂၀ သန်းဖြင့် မြို့မစျေးတောင်ဘက် လမ်း (၂၉၀'×၁၈'×၆') ကွန်ကရစ် ခင်းခြင်းလုပ်ငန်းနှင့် ရန်ပုံငွေကျပ် ၁၇ ဒသမ ၉၃၅ သန်းဖြင့် (၅၀၀'× ၃'×၃') သရဖီ လမ်းဘေးအုတ်ရေ မြောင်း ပြုလုပ်ခြင်း လုပ်ငန်းများ ကို ရွှေမိုးထက်ယံကုမ္ပဏီမှ လည်း ကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီ ဆိုင်မြို့ နယ်စည် ပင်သာယာရေးဌာ နမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့် တွန်ထံမှ သိရသည်။
.

ဆီဆိုင်မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ် စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၃၂၂ ရွာရှိပြီး မြို့နယ် လူဦးရေ စုစုပေါင်း ၁၄၀၂၈၈ ဦး ရှိကြောင်း သိရသည်။
.
 

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)