ဟိုပုံးတွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Thursday, January 16, 2020

ဟိုပုံးတွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သောင်းကျော်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၆ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ ဟိုပုံး-လွိုင်လင်သွားလမ်းတွင် စောင့်ဆိုင်း နေစဉ် လွိုင်လင်ဘက်မှ ဟိုပုံးဘက်သို့ ပင်လုံမြို့၊ ရပ်ကွက်‌ (၂) နေ မောင်ထီး (၂၂ နှစ်) မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြား၊ ဒေသကာလပေါက်ဈေး ကျပ်သိန်း ၁၆၀ ခန့်အား ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ မောင်ထီး (၂၂ နှစ်) အား ဟိုပုံးမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats