ရည်မှန်းသလောက် လူထုအတွက် ဆောင်ရွက် မပေးနိုင်ကြောင်း ရှမ်းလွှတ်တော် တိုင်ကြားစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရင်ဖွင့် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

ရည်မှန်းသလောက် လူထုအတွက် ဆောင်ရွက် မပေးနိုင်ကြောင်း ရှမ်းလွှတ်တော် တိုင်ကြားစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရင်ဖွင့်


မင်းဇော်မင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် တိုင်ကြားစာများ စိစစ် ရေးကော်မတီအနေဖြင့်  သက်တမ်း ၄ နှစ်တာ အတွင်းရည်မှန်း သလောက် လူထုအတွက် ဆောင်ရွက်နိုင်စွမ်း မ ရှိခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ၊ မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်က ပြောသည်။
.
.
“အခုချိန်အထိ အသေးအဖွဲ တွေပဲ ပြန်ကျလာတယ်။ အကြီးတွေ က ပြန်မကျလာဘူး။ ၂ မှုက တင် ထားတာ ဘာမှအကြောင်းတစ်စုံတစ် ရာ မသိရဘူး။ အခုတော့ ဘာမှ မစိ စစ်နိုင်လို့ လုပ်ငန်းရပ်ထားရတဲ့ အ ခြေအနေ ဖြစ်နေတယ်။ သက်တမ်း လည်း စေ့တော့မယ်။ လူထုအတွက် ကိုယ်ထင်ထားသလို ဆောင်ရွက်နိုင် စွမ်း မရှိဘူးလို့ သိလာရတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်က ပြောသည်။
.
သံလွင်မြစ်အရှေ့ခြမ်း၊ မိုင်းတုံရှိ ကွင်းဆင်းစစ်ဆေးရန် အမှုနှင့် ပတ် သက်၍ မူရင်းအမှုတွဲ ပေးပို့ထား သော်လည်း မည်သည့်အကြောင်း ပြန်ကြားမှုမှ မရရှိသဖြင့် သွားရောက် စိစစ်နိုင်ခြင်းမရှိဘဲ နောက်ပိုင်းအမှု များတွင်လည်း ယင်းကဲ့သို့ ကြန့်ကြာ နေကြောင်း၊ ပင်လုံနှင့် ပန်ကွဲမြေယာ ကိစ္စရပ်များမှာ မည်သည့်အကြောင်း ပြန်ကြားချက်မျှ မရရှိသေးကြောင်း ၎င်းထံက သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင် ဘာလက ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌမှ ပြည်သူများ တင်ပြ/တိုင်ကြား လာသော စာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေရှိ ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်များ သည် မိမိဆန္ဒနယ်မြေအတွင်း ကိစ္စ အဝဝကို အသေးစိတ် သိရှိသူများ ဖြစ်ကြသဖြင့် နယ်မြေခံ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှ ကနဦး စိစစ်တင်ပြချက်များကို လို အပ်ကြောင်း၊ ရေးရာကော်မတီများ အနေဖြင့် မိမိတို့ထံ ပြည်သူများမှ တိုက်ရိုက် တင်ပြ / တိုင်ကြား လာ သော စာများနှင့် ပတ်သက်၍ကွင်း ဆင်းစိစစ်မည့် လုပ်ငန်းစီမံချက် တင် ပြခြင်းမပြုမီ ကွင်းဆင်းစိစစ်လိုသည့် တင်ပြ/တိုင်ကြားစာ အမှုတွဲ (မူရင်း) များအား ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြ၍ လမ်းညွှန်မှုခံယူ ရန် အသိပေးအကြောင်းကြားထား သည့်အတွက် ကော်မတီအနေဖြင့် အမှုတွဲများကို ပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြထားသော်လည်း မည်သည့် အကြောင်းပြန်ကြားချက် မျှမရရှိသည့် အမှုတွဲများရှိနေသဖြင့် လူထုအတွက် ထိရောက်သည့် လုပ် ငန်းများ လုပ်ဆောင်နိုင်မှုမရှိသည့် အခြေအနေ ရောက်နေသည်ဟု ၎င်း ထံက သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် တိုင်ကြားစာများ စိစစ်ရေးကော်မတီ သို့ ရောက်ရှိလာသည့် တိုင်ကြားစာ များတွင် တပ်မတော်မှ လယ်သိမ်း၊ ယာသိမ်းအမှုများ အပါအဝင် အမှု ပေါင်း ၁၈၀ ကျော်ရှိနေပြီး ကော်မတီ မှ မြို့ပေါင်း ၂၀ အထိ ခရီးထွက်၍ အမှု ၈၀ ခန့်အား စိစစ်နိုင်ခဲ့ကြောင်း သိရသည်။
.
ကော်မတီ၏ လုပ်ငန်းဆောင် ရွက်ချက်များအနေဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တွင် စီမံချက် (၁) ဖြင့် လွိုင်လင်၊ မိုင်းပွန်၊ ပင်လုံ၊ လဲချား မြို့ များမှ အမှုတွဲ ၁၁ တွဲ၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စီမံချက် (၂) ဖြင့် မိုးနဲ၊ ကျိုင်းတောင်းမှ အမှု ၇ မှု၊ မတ်လတွင် စီမံချက် (၃) ဖြင့် ကလော၊ ညောင်ရွှေ၊ ရွှေညောင်၊ တောင်ကြီး မှ ၁၀ မှု၊ စက်တင်ဘာလ တွင်စီမံချက် (၄) ဖြင့် ဆီဆိုင်၊ ဖယ်ခုံ၊ ပင်လောင်းမှ ၁၇ မှု၊ ဒီဇင်ဘာလတွင် စီမံချက် (၅)ဖြင့် တာချီလိတ်၊ ကျိုင်း တုံ၊ မိုင်းယောင်း၊ မိုင်းယန်းမှ  ၅ မှု တို့ကို ကွင်းဆင်းစိစစ် ဆောင်ရွက် နိုင်ခဲ့သည်ဟု သိရသည်။
.
ထို့အပြင် ၂၀၁၈ ခုနှစ် ဧပြီလ တွင် စီမံချက် (၆)ဖြင့် မိုးနဲမှ အမှု ၅ မှု၊ ဇူလိုင်လအတွင်း စီမံချက် (၇) ဖြင့် ညောင်ရွှေ၊ ရွှေညောင်၊ ဟဲဟိုး ရပ်စောက်မှ အမှု ၁၈ မှု၊ ယင်းလ တွင်ပင် စီမံချက် (၈)ဖြင့် လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်မှ အမှု ၅ မှုနှင့် ထူး ခြားအမှုအဖြစ် တိုင်ကြားစာများ စိ စစ်ရေးကော်မတီ၊ ဥပဒေစိုးမိုးရေး ကော်မတီ၊ တောင်သူလယ်သမား ကာကွယ် စောင့်ရှောက်ရေး ကော် မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီတို့ နှင့် ပူးပေါင်းစိစစ်သည့် မိုင်းကိုင် ကျောက်မီးသွေး တူးဖော်မှု ၁ မှုတို့ ကိုဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၇၉ မှု ကို ကွင်းဆင်းစိစစ်နိုင်ခဲ့ကြောင်း သိ ရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် ရေးရာကော်မတီ ၁၀ ခု ဖွဲ့စည်းထားရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)