ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, January 1, 2020

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိနေ ဟုဆို


မင်းဇော်မင်း
.
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ဖြစ်သော၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ၄၅ လတာ ကာလအတွင်း လွတ် လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုး ဖောက်ကာ လွှတ်တော်ကိုယ်စား လှယ်များမှ တရား စွဲဆိုမှုများ ရှိခဲ့ သည်ဟု အသံအဖွဲ့၏ ဒီဇင်ဘာလ ၂၃ ရက်ထုတ် အစီရင်ခံစာအရ သိရ သည်။
.

.
လွှတ်တော်ကိုယ်စားလှယ်များ ၏ ချိုးဖောက်မှုသည် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီတန်ဖိုးများအား အကြီး အကျယ် ခြိမ်းခြောက်နေသည့်အ တွက် အသံအဖွဲ့မှ အစဉ်တစ်စိုက် မှတ်တမ်း ပြုစုနေခြင်းဖြစ်ကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြပါရှိ သည်။
.
ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ကို ဖော်ဆောင်ပေးရမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ပြည်သူတွေကို ဒီမိုကရေစီရဲ့ အနှစ် သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးရ မယ့်အစား ဥပဒေကို အကြောင်းပြု ပြီး တရားစွဲတာတွေဟာ မဖြစ်သင့် ဘူးဆိုတာကို အဖွဲ့အနေနဲ့ ဝေဖန် ထောက်ပြတာပါ”ဟု အသံအဖွဲ့မှ သုတေသီ ဒေါ်ပန်ဆုပြည့်အိမ်က ပြောသည်။
.
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် “ပြည်သူ့အသံ၊ လွှတ် တော် အသံ၊ ပြည်သူ့ဆန္ဒ လွတ် တော် ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့် ချက် လွှတ် တော်က ဖော်ဆောင် ရွက်”ဟူသော လွှတ်တော် ဆောင် ပုဒ် နှင့်အညီ အရပ်သား ပြည်သူ များ၏ ဝေဖန်မှုတို့ကို လေးလေး စားစား လက်ခံ၍ ဥပဒေ ပြုခြင်း၊ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အစိုးရ အုပ် ချုပ်ရေး ယန္တရားများအား စစ်ဆေး တည့်မတ်ပေးခြင်းတို့ကို လုပ်ဆောင် သင့်ကြောင်း၎င်းကဆိုသည်။
.
အဆိုပါ ၄၅ လတာ ကာလအ တွင်း လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး မှ တရားစွဲဆိုမှု ၁၃ မှု ရှိခဲ့ရာ နစ်နာ သူ ၃၀ ဦးရှိခဲ့ပြီး ကြားလူ၏ တရားစွဲ ဆိုမှုများ ၉ မှုရှိခဲ့ကာ နစ်နာသူ ၂၄ ဦးရှိခဲ့ကြောင်း သိရ သည်။
.
ယင်း တရားစွဲဆိုမှု ၉ မှုတွင် ၁ မှုသာ ကိုယ်စား လှယ်လွှဲစာဖြင့် တ ရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန် ၈ မှုမှာ ကြား လူကတရားစွဲဆိုခဲ့ခြင်းဖြစ်ကာ အမှုအများစုတွင် ဝေဖန်ခံရသူနှင့် ရင်းနှီးမှုရှိသူများက ကိုယ်စားတရား စွဲဆိုပေးခဲ့ခြင်း ဖြစ်သည့်အတွက် မိ သားစုဝင်က၂ မှု၊ ရင်းနှီးသည့် ခင်မင် ဆက်ဆံရေး ရှိသူက ၃ မှု၊ ဆက်စပ် မှု မရှိနှင့် မသိရ ၄ မှုတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
.
ကြားလူမှ တရားစွဲဆိုမှုများအ နက် သာမာန်ပြည်သူက ၁ မှု၊ နိုင်ငံ ရေးပါတီဝင်က စွဲဆိုမှု ၄ မှု၊ အစိုးရ ဝန်ထမ်းက စွဲဆိုမှု ၄ မှုတို့ဖြစ်ကြပြီး စွဲဆိုသည့် ဥပဒေများမှာ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ၆ မှု၊ နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် ၂ မှု၊ ရာဇ သတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ၁ မှုတို့ ဖြစ်ကြသည်။
.
လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် တရားစွဲဆိုမှုတွင် ရန်ကုန် တိုင်းဒေသကြီးမှ ၄ ဦး၊ မွန်ပြည် နယ်မှ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ သထုံမှ ၁ ဦး၊ အမျိုးသားလွှတ် တော်တွင် ကျောက်ဆည်၊ မကွေးတို့ မှ ၁ ဦးစီ၊ ပြည်သူ့လွှတ်တော်တွင် တံ တားဦးမှ ၁ ဦး စုစုပေါင်း ၁၁ ဦး ဖြစ်ကြပြီး တရားစွဲပုဒ်များတွင် ဆက် သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ၇ မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ၂ မှု၊ နိုင်လွတ်လုံ ဥပဒေ  ၄ မှုတို့ဖြစ်ကြပြီး ပုဒ်မ ၂ ခုဖြင့်စွဲဆိုမှုများ ပါရှိကြောင်း သိရသည်။
.
လွှတ်တော်ကိုယ်စား လှယ်အ ပါအဝင် နိုင်ငံခေါင်းဆောင်များ၊ နိုင် ငံရေးသမားများ၊ တင်ပေါ်ကျော် ကြားသူများက ယင်းတို့ကို ဝေဖန် ပြောဆိုမှု၊ အသရေဖျက်မှုများ အ တွက် အရပ်သားပြည်သူများကို ပြန်လည်တရားစွဲဆိုရန် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်း များက ခွင့်ပြုထားခြင်းမရှိသည့် အ ပြင် ယင်း လုပ်ရပ်များကို တားမြစ် ထား သည်ဟု အသံအဖွဲ့မှ ဖော်ပြ ထား သည်။
.
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အရပ်သားပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သည့် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တရား စွဲဆိုမှုများ ထပ်မံမပြုလုပ်ရန်နှင့် အ သရေဖျက်မှုဆိုင်ရာ ဥပဒေတစ်ရပ် သာရှိရန် လိုအပ်ပြီး တရားမမှုဖြစ်ရ မည့်အပြင် ရာဇဝတ်မှုအဖြစ် သတ် မှတ်ထားသည့် ကျန်ဥပဒေများကို ပြန်လည် သုံးသပ်ရန် လိုအပ်နေ သည်ဟု အသံအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)