ကျောက်မဲမြို့နယ်တွင် ထွေ/အုပ် ဝန်ထမ်း တစ်ဦး သေနတ်ပစ်ခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 22, 2020

ကျောက်မဲမြို့နယ်တွင် ထွေ/အုပ် ဝန်ထမ်း တစ်ဦး သေနတ်ပစ်ခံရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ၊ မိုင်းတင်းကျေးရွာအုပ်စုမှ ​ကျေးရွာအုပ်စု စာ​ရေး ဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းကို အမည်မသိ သေနတ်သမားများက ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီ​ကျော်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့​သဖြင့် ​ဆေးကုသမှု ခံယူ​နေရကြောင်း သိရသည်။
.

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရေးဖြစ်သူ အမှတ်(၃)ရပ်ကွက်၊ ကျောက်မဲမြို့နေ ဦးမြင့်ဦးကြွယ်သည် မိုင်းတင်းကျေးရွာမှ ကျောက်မဲမြို့သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နမ့်ဆော့ကျေးရွာအနီး ကျောက်မဲ-မိုးကုတ်ကားလမ်း ဗြုန်းတောင် အနီး၌ ဆိုင်ကယ်ဖြင့် အသင့်စောင့်​နေသူ ၂ ဦးအနက် လွယ်အိတ်လွယ်ထားသူမှ ပစ္စတို သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ​သေနတ်ဖြင့် ပစ်ခတ်ခံရမှု​ကြောင့် ဦးမြင့်ဦးကြွယ်၏ ယာနားရွက်တွင် ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ခြမ်း ရှပ်ထိ ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိသဖြင့် ကျောက်မဲဆေးရုံသို့ အိုမ်တမောဝ်လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ရ​ကြောင်း သိရသည်။
.
" လူနာက သွားသယ်တဲ့ အချိန်တော့ လမ်း လျှောက်နိုင်သေးတယ်။ နောက်ပိုင်းတော့ ဗိုက်ကို မှန်ထားတော့ လားရှိုး ဆေးရုံကို လွှဲတယ်ပြောတယ်။" ဟု ကျောက်မဲအခြေစိုက် အိုမ်တမောဝ် လူမှုကူညီရေးအသင်းမှ မိုင်းစမိုင်းလ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကျောက်မဲမြို့၊ နမ့်ခုံး စားသောက်ဆိုင်၌ အမည်မသိ လက်နက်ကိုင်များက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ဆိုင်အတွင်း စားသောက်နေကြသည့် မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူးစိုင်းထွန်းရင် အပါအဝင် လူ ၃ဦး သေဆုံးခဲ့ရသည့်အပြင် ဒီဇင်ဘာလ ၂၃ ရက်၊ ညနေပိုင်းတွင်လည်း မိုင်းတင်းကျေးရွာအုပ်စု၊ ဝေလုံကျေးရွာနေ ပြည်ခိုင်ဖြိုး ပါတီဝင် စိုင်းဌေးအောင်မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၍ သေဆုံးခဲ့ကြရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)