ရွာငံမြို့နယ်ရှိ GPS သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းများ ရပ်နားခဲ့ရမှုကြောင့် ကျေးရွာဒေသခံများ နစ်နာမှု ရှိနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

ရွာငံမြို့နယ်ရှိ GPS သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းများ ရပ်နားခဲ့ရမှုကြောင့် ကျေးရွာဒေသခံများ နစ်နာမှု ရှိနေဟု ဆို


ရာဇာလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ နယ်အတွင်း GPS သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ လုပ်ငန်းများ ရပ်နားထား မှုကြောင့် သဖန်းပင်ကျေးရွာရှိ ဒေ သခံများအတွက် နစ်နာမှုများ ဖြစ် ပေါ်နေရသည်ဟု သိရသည်။
.
.
ယင်းကဲ့သို့ စက်ရုံရပ်နားထား မှုကြောင့် ကုမ္ပဏီမှ ကျေးရွာမီးလင်း ရေးအတွက် ငွေကျပ်သိန်း ၂၀၀ ထောက်ပံ့ပေးမည် ဟု ပြောဆိုထား သော်လည်း ကနဦးအနေဖြင့် ငွေ ကျပ်သိန်း ၅၀ သာ ရရှိသေးကြောင်း သိရသည်။
.
“စက်ရုံ ရပ်နားထားတဲ့အတွက် ရွာကအလုပ်သမား ၄၀ ကျော်မှာ ၇ ယောက်လောက်ပဲ အလုပ်ကျန်ပြီး ကျန်တာက အလုပ်လက်မဲ့ ဖြစ်နေ ကြတယ်။ ရွာမှာ စားဝတ်နေရေး အ ခက်အခဲ ဖြစ်လာပါတယ်။ ကျေးရွာ မီးလင်းဖို့ကိုလည်း ကန့်ကွက်တဲ့သူ တချို့ရှိပေမယ့် သဘောတူတဲ့သူ ပို များပါတယ်” ဟု သဖန်းပင်ကျေးရွာ ရာအိမ်မှူး ဦးရွှေတိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သဖန်းပင်ကျေးရွာတွင် အိမ်ခြေ ၈၀ ဝန်းကျင်ရှိပြီး မီးလင်းရေးအတွက် ကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ် ဆိုခဲ့စဉ်က အိမ်ခြေ ၆၀ ခန့်က သ ဘောတူညီခဲ့ကြပြီး ၅ ဦးသာ ကန့် ကွက်ခဲ့ကြကြောင်း ကျေးရွာမီးလင်း ရေးကော်မတီထံမှ သိရသည်။
.
“ရွာမှာ မီးလင်းရေးက အရမ်းလို အပ်နေတယ်။ ရွာကလည်း မထည့် နိုင်တဲ့အတွက် ကုမ္ပဏီနဲ့ သဘောတူ ညီချက် ယူပြီး ကြိုးစားတယ်။ ဒါကို အဖွဲ့တစ်ခုက လိုက်ဖျက်တယ်။ ကုမ္ပဏီက ရွာမီးလင်းဖို့ ကျပ်သိန်း ၂၀၀ ထောက်ပံ့မယ်။ ရွာကလည်း ကုမ္ပဏီရဲ့ လိုအပ်ချက်ကို ထောက် ပံ့မယ်လို့ သဘောတူထားတယ်။ စက်ရုံလုပ်တဲ့အတွက် ကောင်းကျိုးရှိ သလို သဘာဝပတ်ဝန်းကျင်လည်း အနည်းနဲ့အများတော့ ထိခိုက်မှာပါ။ စိုက်ပျိုးမြေတော့ အရမ်းမထိခိုက် နိုင်ပါဘူး။ အဲဒီလို မထိခိုက်ဘဲ မူလ အတိုင်းဖြစ်နေအောင် ကုမ္ပဏီနဲ့ စာ ချုပ်ချုပ်ထားတာရှိပါတယ်” ဟု ၎င်း က ဆက်လက်ပြောဆိုခဲ့သည်။
.
GPS ကုမ္ပဏီ လုပ်ကွက်နေရာ သည် သဖန်းပင်ကျေးရွာနှင့် ၄ မိုင် ခန့်ကွာဝေးပြီး အနီးရှိ ငှက်သောက် ကျေးရွာနှင့် ၁ မိုင်ခန့် ကွာဝေး ကြောင်း သိရသည်။
.
ထို့အတူ သဖန်းပင်ကျေးရွာ မီး လင်းရေးကော်မတီဥက္ကဋ္ဌ ဦးမောင် ဦးကလည်း “မီးမရတဲ့အတွက် ရွာ က ထင်းတွေခုတ်ရတယ်။ အဆင်မပြေ ဘူး။ တခြားရွာတွေက မီးလင်းနေ ပြီ။ ကျွန်တော်တို့တစ်ရွာပဲ မီးမရ သေးတာ။ လက်ရှိကုမ္ပဏီက မီး လင်းဖို့ သိန်း ၅၀ ထောက်ပံ့ထားတာ ရှိတယ်။ ရွာမီးရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်”ဟု ပြောဆိုခဲ့ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအေးမင်းစိုးက “GPS ကုမ္ပ ဏီက ကျေးရွာဖွံ့ဖြိုးရေးအတွက် အ လှူငွေတွေပေးမယ်လို့ ပြောထားတာ ရှိပါတယ်။ နီးစပ်ရာရွာတွေက မီး လင်းနေပြီ။ ဒီရွာလည်း မီးရချင်တာ ပေါ့။ ကုမ္ပဏီက အခုပြဿနာဖြစ်နေ တော့ဒေသဖွံ့ ဖြိုးရေးအတွက် နှောင့် နှေးတာပေါ့”ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ရွာငံမြို့နယ် မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်စိုးမင်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင်မူ ၎င်းအ နေဖြင့် မှတ်ချက်ပြုရန် မရှိကြောင်း ပြောဆိုခဲ့သည်။
.
ရွာငံမြို့နယ်၊ ငှက်သောက်ကျေး ရွာရှိ ဒေသအခေါ် အင်ကြင်းရေနယ် နိမိတ်အတွင်း တရုတ်နိုင်ငံသားပိုင် GPS ကုမ္ပဏီမှ တရားမဝင် သတ္တု တူးဖော်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွာငံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်စိုးမင်းက လွှတ် တော်တွင် မေးခွန်းမေးမြန်းရာ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက GPS ကုမ္ပ ဏီသည် ရှမ်းပြည်နယ်၊ ရွာငံမြို့ နယ်အတွင်း မြေဧရိယာ ၃၁၁၄ ဧကတွင် ခဲသတ္တုစမ်းသပ် တိုင်းတာ ခွင့်ရရှိရန် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလက တင်ပြ လျှောက်ထားခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ၂၂၄၄ ဒသမ ၈၄ ဧကတွင် ခဲသတ္တု စမ်း သပ် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကန့်ကွက် ရန်မရှိကြောင်း သဘောထားမှတ် ချက်နှင့် မြေစာရင်းပုံစံများ ချထား ပေးခဲ့ပြီး ဖြစ်သော်လည်း သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP)အတည်ပြုချက် ရရှိရေး ဆောင်ရွက်ဆဲသာဖြစ်ကာ ဝန်ကြီး ဌာနမှ ခွင့်ပြုမိန့် ထုတ်ထားပေး ခြင်း မရှိသေးကြောင်းနှင့် ခွင့်ပြုမိန့် မရထားသည့်အတွက် သတ္တုတူး ခြင်း၊ လမ်းဖောက်ခြင်းများကို လုပ် ပိုင်ခွင့် မရှိသည်ကို လုပ်ဆောင်ထား သဖြင့် သတ္တုတွင်း ဥပဒေပုဒ်မ ၃၀၊ ပုဒ်မ ခွဲ(က)အရ ရွာငံမြို့နယ်ရဲ စ ခန်းတွင် ကျူးလွန်သူ တရုတ်နိုင်ငံ သား လီကျီးယုံ(၃၃ နှစ်) အား ဒီဇင် ဘာ ၁ ရက်က ဘော်ဆိုင်းရုံးခွဲအရာ ရှိမှ အမှုဖွင့်လှစ်ထားကြောင်း ပြန် လည် ဖြေကြားထားခဲ့သည်။
.
ရွာငံမြို့နယ်အတွင်း ရပ်ကွက် ၃ ရပ်ကွက်၊ ၂၉ အုပ်စု၊ ကျေးရွာ ပေါင်း ၁၂၅ ရွာရှိပြီး မြို့နယ်လူဦး ရေ စုစုပေါင်း ၈၃၂၁၉ ဦး ရှိကာ မြို့ နယ်အတွင်း၌ သတ္တုတူးဖော်ရေး လုပ်ငန်းအနေဖြင့် ခဲသတ္ထုတူးဖော် ခြင်းလုပ်ငန်းများ အများဆုံး တည်ရှိ နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats