အမှန်တကယ် လွတ်လပ်ရေး - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 1, 2020

အမှန်တကယ် လွတ်လပ်ရေး


ကမ္ဘောဇတိုင်း
,

လာမည့် ဇန်နဝါရီလ ၄ ရက်သည် မြန်မာနိုင်ငံ၏ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။ သက္ကရာဇ် ၁၈၂၄၊ ၁၈၅၃ နှင့် ၁၈၈၅ တို့တွင် နယ်ချဲ့အင်္ဂလိပ်မှ ကျူးကျော်စစ်ပွဲ ဆင်နွှဲကာ မတရားသိမ်းယူခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ သည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။
.
ယင်းကဲ့သို့ မြန်မာနိုင်ငံအား ကျွန်ပြုအုပ်ချုပ်ခဲ့သည့် နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာတိုင်းရင်းသားများမှ ရရာလက် နက်စွဲကိုင်၍ တွန်းလှန်တိုက်ခိုက်ခဲ့ကြသော်လည်း လူအင်အား၊ လက်နက်အင်အား မမျှတမှုကြောင့် အချည်းအနှီး သာ ဖြစ်ခဲ့ရသည်။
.
ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအား ထုတ်မှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခုအဖြစ် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။
.
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်တွင် ဗြိတိသျှပါလီမန်က မြန်မာနိုင်ငံလွတ်လပ်ရေး ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ် ခဲ့ရာ ၂၂၈ မဲ၊ ၁၁၄ မဲဖြင့် အတည်ပြုနိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
.
၁၉၄၈ ခုနှစ်၊ နယ်ချဲ့ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူချိန်မှစ၍ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်အဖြစ် ပါလာခဲ့သော ပြည်တွင်းစစ်၏ ဆိုးမွေများမှာ ယနေ့တိုင် ခံစားနေရဆဲဟုဆိုလျှင် မှားနိုင်မည် မထင်ချေ။ ဆယ်စုနှစ်ပေါင်း ၇ ခုကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်က ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ အ သက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အနှောင့်အယှက်အဟန့်အတား ပြုနေခဲ့သည်။ ယင်းကဲ့သို့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ် ဆိုသကဲ့သို့ ပြည် တွင်းစစ်၏ အနိဋ္ဌာရုံများမှာ ဒုစရိုက်သမားတို့အတွက် ပျော်စံရာနိဗ္ဗာန်ဖြစ်ခဲ့ရသည်။
.
ပြည်တွင်းစစ်၏ အကျိုးဆက်အဖြစ် ပြည်သူများ၏ လူနေမှုဘဝများ၊ အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးနေရ သည်။ ပြည်သူတို့အဖို့ အမှန်တကယ် လွတ်လပ်မှု၏ အရသာကို မခံစားရသေးချေ။
.
နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သော်လည်း စနစ်ဆိုးများ၏ အုပ်ချုပ်မှုအောက်တွင် စစ်မှန်သည့် လွတ်လပ်ရေး မရရှိသေးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များကလည်း ပြောဆိုကြသည်။
.
လာမည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယမှသည် နှစ်ပေါင်းရာထောင်တိုင် ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ကာ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိနိုင်ပါစေကြောင်းနှင့် တိုင်းရင်းသား ပြည်သူတို့ အမှန်တ ကယ် လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)