သိန်း ၅၀ ရမည်ဆို၍ ယောကျ်ားယူရန် တရုတ်သို့ သွားရောက်သည့် အမျိုးသမီး ၂ ဦးကို ကယ်တင်နိုင်ခဲ့ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, January 2, 2020

သိန်း ၅၀ ရမည်ဆို၍ ယောကျ်ားယူရန် တရုတ်သို့ သွားရောက်သည့် အမျိုးသမီး ၂ ဦးကို ကယ်တင်နိုင်ခဲ့


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းက တစ်ဦးလျှင် ကျပ်သိန်း ၅၀ ရမည်ဆို၍ ယောကျ်ားယူရန် လူပွဲစား၏ ခေါ်ဆောင်သွားခံရသူ အမျိုးသမီး ၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရွှေလီမြို့ အခြေစိုက် မိုးမခ လူမှုကူညီရေးဖောင်ဒေးရှင်းမှ သိရသည်။
.
အဆိုတော် ကိုရှိုှု်င်းကိုဆီ အကူအညီတောင်းလာတာကို အဖွဲ့နဲ့ တိုင်ပင်ပြီး ညတွင်းချင်း သွားခေါ်ထုတ်လာရတာ၊ တရုတ် နာရီနဲ့ဆိုတော့ တစ်နာရီခွဲ ကွာတယ်၊ ည ၁၁ နာရီလောက် ရောက်သွားတယ်၊ မူဆယ်က လူကုန်တားရုံးကို ဖုန်းဆက်တယ်၊ ပြီးတော့ ကလေးမတွေကို ပွဲစားမပါ တရုတ်ရဲစခန်းကို အပ်လိုက်ပြီ၊ မြန်မာဘက်ကို ဘယ်တော့ လွှဲမယ်မသိဘူးဟု မိုးမခ လူမှုကူညီရေးဖောင်ဒေးရှင်းမှ နာယက ဖြစ်သူ ဒေါ်မိုးမခက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အမျိုးသမီးငယ် ၂ ယောက်က တေးသံရှင် ကိုရှိုင်းအား ဆက်သွယ်အကူအညီ တောင်းလာသဖြင့် မိုးမခအဖွဲ့နှင့် တိုင်ပင်ကာ ၎င်းတို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ၊ ကြယ်ဂေါင်၊ ၄ လမ်းရှိ KTV ဆိုင်သို့ သွားရောက် ခေါ်ထုတ်လာခဲ့ပြီးနောက် ကြယ်ဂေါင် လူကုန်ကူးရဲတပ်ဖွဲ့သို့ အပ်နှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

ပွဲစားမက မယားငယ်၊ သူ့ ယောကျ်ားနဲ့မယားကြီးက မူဆယ်မှာ ရန်ဖြစ်ပြီး ရဲစခန်းမှာ ချုပ်ထားခံထားရတယ်လို့ သူ့ဆီက သိရတယ်၊ ပြီးတော့ သူ့ဖုန်းထဲမှာ တရုတ်နိုင်ငံ အဆက်အသွယ်တွေ အများကြီးရှိနေတာ တွေ့ရတယ်၊ သူ့ဆီက သိရတာကတော့ သူ့ယောကျ်ားက လူကုန်ကူးသမားလို့ ပြောတယ်၊ တစ်ယောက်ကို ပွဲခ တရုတ်ယွမ်ငွေ သုံးသောင်းခွဲလောက် ရတယ် ပြောတယ်ဟု ဒေါ်မိုးမခက ပြောသည်။
.
လူကုန်ကူးခံရသူ အမျိုးသမီး ၂ ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာ ဒလမြို့မှ ဖြစ်ကာ တရုတ်ယောကျ်ားကို ၆ လခန့် ပေါင်းသင်းပါက ကျပ်သိန်း ၅၀ ခန့် ရနိုင်မည်ဟု ၎င်းတို့နှင့် အတူရှိနေသူ ပွဲစားမက ဆိုသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ၂၇ ရက်က လိုက်လာခဲ့ခြင်း ဖြစ်သော်လည်း (------) သည်ဆိုပြီး အလုပ် မဖြစ်တော့သဖြင့် ကြိုတင် ယူထားသည့် ကျပ် ၂သိန်းခွဲခန့်စီကို ပြန်မပေးနိုင်သဖြင့် KTV အနှိပ်ခန်းတွင် အလုပ် လုပ်ပြီး ပြန်ဆပ်ရန် ပြောသည်မှ စကားများပြီး ကိုရှိုင်းကိုထံ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်မိုးမခထံမှ သိရသည်။
.
ယင်းကဲ့သို့ တရုတ်နိုင်ငံအတွင်း လူကုန်ကူးခံရသူ ၂၀ ဦးခန့်ကို မိုးမခဖောင်ဒေးရှင်းမှ ကယ်တင်နိုင်ခဲ့ပြီး ဟူနန်ပြည်နယ်မှ အမျိုးသမီး တစ်ဦးကိုလည်း ကူညီ ကယ်ဆယ်နေမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)