တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရန် တင်ဒါလုပ်ငန်း ဖွင့်ဖောက် စစ်ဆေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 9, 2020

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရန် တင်ဒါလုပ်ငန်း ဖွင့်ဖောက် စစ်ဆေး


စိုင်းရာဇာ
.
တောင်ကြီးမြို့ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ရန် တင်ဒါ လုပ်ငန်း ဖွင့်ဖောက် စစ်ဆေးမှုများ ကို ဇန်နဝါရီလ ၃ ရက်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.

.
အနောက်မြို့ပတ်လမ်း အပိုင်း (၂) နဂါးပွက်လမ်းဆုံမှ ဝါးပြားလမ်း အထိ လမ်းအရှည် ၁ ဒသမ ၈ မိုင် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန် ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
“အနောက်မြို့ပတ်လမ်း အပိုင်း (၂) အနေနဲ့ စည်ပင်က တင်ဒါခေါ် တဲ့ဟာကို သွားပြီး ဝင်ရောက်ယှဉ် ပြိုင်ခဲ့တယ်။ ယှဉ်ပြိုင်တဲ့ ကုမ္ပဏီ ၄ ခု ရှိတယ်။ ရတဲ့ ရမှတ်နဲ့ ပတ်သက်ပြီး ကျွန်မတို့နဲ့ လင်းမြတ်နိုင် ကုမ္ပဏီ ကတော့ ထ ပြောတာတွေ ရှိတယ်။  နည်းပညာပိုင်း ဆိုင်ရာ သတ်မှတ် ထားတဲ့ အမှတ်က ၄၀ ကျော်ရင် အောင်မှတ်ရတယ်။ တင်ဒါတင်သွင်း ရာမှာ ပါတဲ့ စည်းကမ်းချက်တွေကို ကိုက်ညီအောင်လို့ တင်ဒါတင်သွင်း ထားတယ်။ ဒါကြောင့်လည်း အောင် မှတ်ရတယ်” ဟု တောင်ကြီးထိန်သာ ဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေ မန်နေဂျာ မခင်ချိုတင့်က ပြောသည်။
.
တင်ဒါ ဖွင့်ဖောက်စစ်ဆေးရာ တွင် ကုမ္ပဏီ ၄ ခု ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ရမှတ်အ နေဖြင့် လင်းမြတ်နိုင်ကုမ္ပဏီက ၄၇ ဒသမ ၅ မှတ်၊  ရှမ်းချယ်ရီတောင် တန်းကုမ္ပဏီက ၄၇ ဒသမ ၅ မှတ်၊ တင်မြင့်ရီ ကုမ္ပဏီက ၅၇ မှတ်၊ တောင်ကြီး ထိန်သာ ကုမ္ပဏီက ၄၄ ဒသမ ၅ မှတ် အသီးသီး ရရှိခဲ့ ကြောင်း သိရသည်။
.
တင်ဒါတင်သွင်းရာတွင် အဓိ က  စည်းကမ်းချက် အချက် ၄၄ ချက်၊ ရေမြောင်း/ ပလက်ဖောင်းများ အတွက် စည်းကမ်းချက် အချက် ၃၆ ချက်၊ ကတ္တရာလမ်းအတွက် စည်း ကမ်းချက် ၃၂ ချက် ပါရှိကြောင်းသိရ သည်။
.
“ကျွန်မတို့ တင်သွင်းတဲ့ စျေးက ဌာနတွေ သတ်မှတ်ထားတဲ့ အရည် အသွေး မထိခိုက်နိုင်တဲ့ ကြမ်းခင်း စျေးနဲ့ ဝင်ထားတာပါ။ ကျွန်မတို့ ကုမ္ပဏီက ကြမ်းခင်းစျေးထဲ ဝင်တဲ့ အတွက် အရည်အသွေးမမီစရာ မရှိ ပါဘူး။ စျေးအနည်းဆုံးက ကျွန်မတို့ ကုမ္ပဏီ ဖြစ်တယ်။ စျေးအများဆုံး က တင်မြင့်ရီ ကုမ္ပဏီ ဖြစ်တယ်။ စျေး အနည်းဆုံးနဲ့ စျေး အများဆုံး ကုမ္ပဏီ ကြားမှာ သိန်း ၁၁၀ လောက် ကွာတယ်။ တင်ဒါခေါ်ရာမှာ တံတား ဘယ် နှစင်းဆိုတာ မပါဘူး။ ဒါပေမဲ့ ပေ ဆိုတာတော့ ပါတယ်။ သူတို့ပေး ထားတဲ့ ပေနဲ့ ကျွန်မတို့ Survey ဆင်းပြီးတော့မှ တွက်ချက်ထားတဲ့ ဟာတွေရော အကုန်လုံး ကိုက်ညီလို့ အောင်မှတ် ပေးထားတာပါ။ ဒါပေမဲ့ သမ္မတရုံး ညွှန်ကြားချက်မှာ စျေးအ နည်းဆုံးကို ပေးရမယ်လို့ ပါတယ်။ သူတို့ကတော့ ဘယ်လို ဆုံးဖြတ်မ လဲ မသိရသေးဘူး။” ဟု မခင်ချိုတင့် က ပြောသည်။
.
ထိုသို့ တင်ဒါ စစ်ဆေးရာတွင် အရည်အသွေးကို ထိခိုက်နိုင်သည့် စျေးနှုန်းဖြစ်သော လေလံကြမ်းခင်း စျေးအောက်ရှိ ရှမ်းချယ်ရီတောင် တန်းကုမ္ပဏီကို ထည့်သွင်းစဉ်းစားခဲ့ ခြင်း မရှိကြောင်း သိရသည်။
.
“ကျွန်မတို့ ကုမ္ပဏီသာ တင်ဒါ ရခဲ့ရင် ပတ်ဝန်းကျင်က ပြည်သူတွေ၊ ကော်မတီတွေ၊ ဌာနဆိုင်ရာတွေနဲ့  ပူးပေါင်းပြီးတော့မှ အရည်အသွေး လည်း အကောင်းဆုံး၊ အချိန်မီလည်း ပြီးအောင် လုပ်ဆောင်သွားမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် မြို့ တွင်းလမ်းများ ပျက်းဆီးနေရသည့် အခြေအနေကြောင့် ဌာနဆိုင်ရာ များနှင့် တင်ဒါအောင် ကုမ္ပဏီများ အား ဒေသခံ ပြည်သူမှ ယုံကြည်မှု ပျောက်ဆုံးနေခြင်းကြောင့် တင်ဒါ အောင်မြင်နိုင်ခြေ ရှိသော တောင် ကြီးထိန်သာ ဆောက်လုပ်ရေး ကုမ္ပ ဏီ အနေဖြင့် တောင်ကြီးမြို့ပေါ်တွင် အရည်အသွေးရှိသော လမ်းများ တည်ဆောက်ထားခြင်း ရှိ/မရှိအား ကမ္ဘောဇတိုင်းက မေးမြန်းရာတွင် လွှတ်တော် အနီးရှိ ကျားခေါင်းလမ်း၊ ကုန်သည်လမ်းများကို ဆောင်ရွက် ထားသည်ဟု ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ရေး အ  တွက် အပိုင်း ၃ ပိုင်းခွဲ၍ ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်လျက်ရှိပြီး ကျန်အပိုင်း (၃) ဖြစ်သော ဝါးပြား လမ်းဆုံမှ တက္ကသိုလ်လမ်းဆုံအထိ အပိုင်းကို လာမည့်ဘဏ္ဍာရေးနှစ် များတွင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ တင်ဒါခေါ်ယူမှုနှင့် ပတ် သက်၍ တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အ ရာရှိ ဦးအေးကိုက “ပြည်နယ် ညွှန် မှူးတွေ အဖွဲ့ ဖွဲ့ပြီးတော့ စစ်တာပါ။ ကျပ်သန်း ၁၀၀ အထက်ဆိုတော့ ပြည်နယ်အဆင့်ကနေ ရွေးတယ်။ ကျွန်တော်တို့က မြို့နယ်အဆင့် ဆိုတော့ မပါဘူး။ ဦးစားပေး အ ဆင့် အနေနဲ့ ရွေးပြီး တင်လိုက် တာပဲ ရှိသေးတယ်။ တရားဝင် ရှမ်း အစိုးရအဖွဲ့က သဘော တူပြီးမှ ပြောလို့ ရမှာပါ။ စျေး အနည်းဆုံး ရယ်လို့တော့ မဟုတ်ပါဘူး။ စျေး နည်းပြီး ကောင်းမွန်အောင် မလုပ် ရင် ဘယ်လို လုပ်မလဲ။ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်ရော၊ စျေးနှုန်းရော ရွေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။
.
တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်က ထုတ်ပြန်ကြေညာထားပြီး ယင်းကြေညာချက်၏ ပုဒ်မ ၂၅ တွင် နည်းပညာ စံချိန်စံညွှန်း ကိုက်ညီ သော တင်ဒါ တင်သွင်းသူများအနက် မှ စျေးအနည်းဆုံးသော တင်ဒါကို ရွေးချယ်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၀ တွင် နည်းပညာဆိုင်ရာ  သတ်မှတ်ထားသော အောင်မှတ် ရရှိသည့် အဖွဲ့များ၏ ဘဏ္ဍာရေး ဆိုင်ရာ အဆိုပြုလွှာများကိုသာ  တင် ဒါ လက်ခံရေးနှင့် စိစစ်ရေးကော် မတီမှ ဖွင့်ဖောက် စိစစ်၍ စျေး အ နည်းဆုံး တင်သွင်းသူအား စိစစ် ရွေး ချယ်ရမည်ဟု ဖော်ပြထားသည်။
.
တောင်ကြီးမြို့ရှိ အဓိကလမ်း မကြီး ၃ ခုဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အ နောက်မြို့ပတ်လမ်းများအနက် အ နောက်မြို့ပတ်လမ်းသည် ကုန်တင် ယာဉ်ကြီးများ၊ တွဲယာဉ်များ ဖြတ် သန်းမောင်းနှင်ရာ လမ်းဖြစ်ပြီး တစ် နှစ်ထက်တစ်နှစ် လူဦးရေ ထူထပ် များပြားလာခြင်းကြောင့် အိမ်စီးမော် တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အမြဲပြည့်ကြပ်နေကာ လမ်းနယ် ပေါ် တွင် စီးပွားရေး လုပ်ငန်းများ လုပ် ကိုင်နေခြင်းကြောင့် ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်နေသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)