ကလော-ပင်လောင်းလမ်းမတွင် ဆိုင်ကယ်စီးသူထံမှ ဘိန်းဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

ကလော-ပင်လောင်းလမ်းမတွင် ဆိုင်ကယ်စီးသူထံမှ ဘိန်းဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်လောင်းသွားလမ်းတွင် ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဆိုင်ကယ် စီးလာသူ တစ်ဦးထံမှ ဘိန်းမဲဟုယူဆရသည့် ပစ္စည်းဖမ်းမိကြောင်း ကလောမြို့မရဲစခန်းမှ သိရှိရသည်။
.
“၂၀၂ဝ အ5တွက် ပထမဆုံးမူးယစ်ဖမ်းဆီးရမှုပါ။ ပင်လောင်းဘက်က ကျပ် ၃၀၀၀၀ ပေးပြီးသယ်ခိုင်းတယ်ထွက်ဆို တယ်၊ ကွင်းဆက်လိုက်နေဆဲပါ” ဟု ကလောမြို့မရဲစခန်းမှ ခေတ္တရဲစခန်းမှူး ဒုရဲအုပ် လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
,
ဇန်နဝါရီလ ၆ ရက်၊ မွန်းလွဲ ၂နာရီ ၅၅ မိနစ်အချိန်ခန့်တွင် တောင်ကြီးမူးယစ်တပ်ဖွဲ့စု(၂၅)နှင့် ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကလော-အောင်ပန်းသွားကားလမ်း ဘောနင်းကုန်း ကျေးရွာအထွက် တံတားအနီး မိုင်တိုင်အမှတ်(၁၂/၂) တွင် ယာဉ်များအား ရှာဖွေနေစဉ် ပင်လောင်းဘက်မှ ကလောဘက်သို့ ပင်လောင်းမြို့နယ်၊ ဘန့်ဘွာအုပ်စု၊ ပင်ခွန်ကျေးရွာနေ ကိုလန်ခဲ(၃၃)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တံ့ စစ်ဆေးရာ ကိုလန်ခဲ၏ အနွေးထည်အကျီအိတ်ထဲမှ ဘိန်းဆီခဲ့ဟု ယူဆရသော အမဲရောင်အစေးထုပ်(၁)ထုပ် အလေးချိန် ၄၅၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၉၀၀၀၀ ကျပ်ခန့်အား ရှာဖွေတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ကိုလန်ခဲအား ကလောမြို့မရဲစခန်းမှ မယ(ပ)၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်၂၀၂ဝပြည့်နှစ်အတွက် ပထမဆုံးမူးယစ်ဖမ်းဆီးရမိမှုအဖြစ် မှတ်တမ်းတင်ကာ အရေးယူထားကြောင်း သိရှိရသည်။၏
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)