သင်္ချာ အိုလံပစ်ပြိုင်ပွဲ ဆု ရရှိသူ ကျောင်းသား/သူ ၁၈ ဦးအား ဆုများ ချီးမြှင့် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, January 1, 2020

သင်္ချာ အိုလံပစ်ပြိုင်ပွဲ ဆု ရရှိသူ ကျောင်းသား/သူ ၁၈ ဦးအား ဆုများ ချီးမြှင့်


စိုင်းအောင်မြတ်
.
မြန်မာနိုင်ငံ သင်္ချာအသင်း၊ သင်္ချာအိုလံပစ်ကော်မတီမှ ကြီးမှူး ကျင်းပသော၂၀၁၉ ခုနှစ်၊ဆဋ္ဌမအ ကြိမ်မြောက် ပြည်နယ်အဆင့် သင်္ချာ အိုလံပစ်ကော်မတီ ထူးချွန်ဆုပေးပွဲ ကို ဒီဇင်ဘာလ ၂၈ ရက်က တောင် ကြီးမြို့၊ အမှတ်(၄)အခြေခံပညာအ ထက်တန်းကျောင်းတွင် ကျင်းပရာ ထူးချွန်ဆုရ ကျောင်းသား/သူ ၁၈ ဦး အား ဆုများအသီးသီး ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။
.

.
အခမ်းအနားတွင် မြန်မာနိုင်ငံ သင်္ချာအသင်း ဗဟိုကော်မတီဝင် ဒေါက်တာညွန့်ရွှေ (ပါမောက္ခ- ငြိမ်း)၊ သင်္ချာဌာန စစ်ကိုင်းပညာရေး တက္က သိုလ်က အဖွင့် အမှာစကား ပြော ကြားခဲ့ပြီး ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က ဩဝါဒစကား ပြော ကြားခဲ့သည်။
.
ထို့နောက် တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းမြို့နယ်များမှ သင်္ချာထူးချွန်ဆုရ ကျောင်းသား/သူ ၁၈ ဦးအား မြန်မာနိုင်ငံသင်္ချာအသင်း ဗဟိုကော်မတီဝင် ဒေါက်တာညွန့် ရွှေ၊ ရှမ်းပြည်နယ်ပညာရေးမှူး ဦး ဝင်းမောင်၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်း ဝင်းအိ၊ တောင်ကြီးတက္ကသိုလ်သင်္ချာ ဌာန ပါမောက္ခဌာနမှူး ဒေါက်တာစိန် ဝင်း၊ သင်္ချာဌာန ပါမောက္ခ (ငြိမ်း) ဒေါက်တာနန်းအေးဆွေ၊ ပါမောက္ခ ဦးနေဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
.
သင်္ချာအိုလံပစ် ပြိုင်ပွဲများကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်များအဖြစ် ၂၀၁၄ ခုနှစ် က စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၆ နှစ်ရှိပြီ ဖြစ် ကြောင်း သိရသည်။
.
ပြိုင်ပွဲတစ်လျှောက် ၂၀၁၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ ပြည်နယ်အဆင့် စာမေးပွဲများတွင် ဖြေဆိုသူ ၁၀ ရာခိုင်နှုန်း ရွေးချယ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှ စတင်၍ ဖြေဆိုသူ ၅ ရာခိုင်နှုန်းကိုသာ ရွေးချယ်ခဲ့ပြီး ဗဟို အဆင့်တွင် ဖြေဆိုသူ ၂၀ ရာခိုင် နှုန်းကို ရွေးချယ် ဆုချီးမြှင့်ခြင်းဖြစ် ကြောင်း သိရသည်၊။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)