အောင်ပန်းတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကာ ကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 1, 2020

အောင်ပန်းတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကာ ကော်မတီ ဖွဲ့စည်း


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးဆောင်၍ အားကစားနှင့် ကာယပညာ ကော်မ တီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.

.
“အားကစားပြိုင်ပွဲတွေမှာ ကော် မတီနဲ့ ဆပ်ကော်မတီ အသီးသီးက တာဝန်ယူ ဆောင်ရွက်ကြဖို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က ဖွဲ့စည်းပေးခဲ့တာပါ။ ၂၀၂၀ မှာ လုပ်မယ့် အားကစားနည်း ပြိုင်ပွဲတွေ အကုန်လုံး အတွက် Calendar အရရော၊ သက်တမ်း လိုက်ပွဲတော်ရော ဒီကော်မတီကပဲ ဦးဆောင်ပြီးလုပ်မှာပါ” ဟု ကလော မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ် ကျော့ကေခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းမြို့ရှိ ဘက်စုံသုံး အားကစား ခန်းမသည် မိုးလုံသော် လည်း လေမလုံသဖြင့် အကာနှင့် အခင်းများ ဆောင်ရွက်ရန်အတွက် ဘတ်ဂျက်ကို ဦးစားပေးအနေဖြင့် တင်ပြ တောင်းခံထားကြောင်းနှင့် မိုး/လေ လုံပါက အားကစားနည်း အများစုကို ကစားနိုင်လိမ့်မည် ဖြစ် ကြောင်း၊ ဘောလုံး အားကစား နည်းအပြင် အခြား အားကစား နည်းများကိုလည်း ဟန်ချက် ညီညီ တိုးတက်ရန် လိုအပ်ကြောင်း က လောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က ပြောသည်။
.
အဆိုပါ အောင်ပန်းမြို့ အားက စားနှင့် ကာယပညာကော်မတီတွင် နာယကများအဖြစ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးသန်းထိုက်၊ ဦးရှိန်ကြည်၊ ဦးမြင့်ဇော်၊ ဦးကျော် ကျော်ဦးနှင့် ဦးခင်မောင်လေးတို့က ဆောင်ရွက်ကြပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေး မှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်အပါ အဝင် ကော်မတီဝင်များဖြင့် ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
.
အားကစားနှင့် ကာယပညာ ကော်မတီအပြင် ဘောလုံးအားက စား ကော်မတီကိုလည်း လာမည့် လွတ်လပ်ရေး အားကစားပွဲအပြီး တွင် ဖွဲ့စည်းသွားရန်ရှိကြောင်း သိရ သည်။
.
အောင်ပန်းမြို့တွင် ဘက်စုံသုံး အားကစားခန်းမတစ်ခုနှင့် အားက စားကွင်းတစ်ကွင်းရှိပြီး နေ့စဉ် အား ကစား ပြုလုပ်သူများဖြင့် စည်ကား လေ့ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)