ချယ်ရီပင် အကိုင်းအခက်များကို ခူးခြင်း/ခုတ်ခြင်း မပြုရန် အသိပေး တားမြစ်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 8, 2020

ချယ်ရီပင် အကိုင်းအခက်များကို ခူးခြင်း/ခုတ်ခြင်း မပြုရန် အသိပေး တားမြစ်သွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးတွင် ချယ်ရီပန်းပွင့်ချိန်ရာသီကာ လအတွင်း ချယ်ရီပင်၏ အပွင့်နှင့် အကိုင်းအခက်များကို ခူးယူခြင်း၊ ခုတ်ထွင်ခြင်းမပြုရန် အသိပေးတား မြစ်မှုများ လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
.

.
ယင်းကဲ့သို့ အသိပေးတားမြစ် နိုင်ရန်အတွက် ရှင်သန်ကမ္ဘာမြေကွန် ရက်မှ ဦးဆောင်ကာအသိပေး ဗွီနိုင်း ဆိုင်းဘုတ်များကို လူအများမြင်သာ သောနေရာများတွင် ချိတ်ဆွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
“တကယ်တမ်း အရေးယူမယ် ဆိုရင် ယူလို့ရတယ်။ ချယ်ရီတွေက အပင်ပေါ်မှာပဲ လှတာပါ။ ခူးလိုက်ရင် ကြာ ကြာမခံတော့ဘူး၊ ခဏလေးနဲ့ ကြွေသွားတယ်။ ကိုယ်တစ်ယောက် တည်းအလှကို မခံစားဘဲနဲ့ တခြား သူတွေကိုလည်း ကြည့်ရှုခံစားစေချင် တယ်။ ဂျပန်နိုင်ငံမှာဆိုရင် ချယ်ရီ ပန်း ကြည့်ပွဲတော်တွေလုပ်ပြီး သ ဘာဝအလှကို ခံစားတတ်အောင် လုပ်ကြတယ်။ အဲဒါမျိုးတွေ လုပ်ပေး စေချင်တဲ့ ဆန္ဒရှိတယ်” ဟု ရှင်သန် ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အပြင် ချယ်ရီကိုင်းများကို ခုတ်ထွင်၍ စျေးအတွင်း ရောင်းချမှု များကို တွေ့နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနေဖြင့် တားမြစ်ပိတ် ပင်သင့်ကြောင်းနှင့် ချယ်ရီပင်မှာသစ် တောမှ ထိန်းသိမ်းထားသော အပင် ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြော ကြားခဲ့သည်။
.
“အရင်တုန်းက ချယ်ရီပွင့်ချိန် ဆိုရင် အရှေ့ဘက်တောင်တန်းကြီး တစ်လျှောက်လုံး ပန်းရောင်သန်းနေ အောင် ပွင့်ခဲ့တာပါ။ အခုကတော့ တောင်ကြီးမှာ ချယ်ရီပင်က မရှိသ လောက် နည်းပါးနေပြီ။ စိုက်တဲ့သူ ကစိုက်၊ ထိန်းတဲ့သူက ထိန်းဆိုပေ မယ့် ခုတ်တဲ့သူက ပိုများနေရင်တော့ သမင်မွေးရင်း၊ ကျားစားရင်း ဖြစ်နေ မှာပါပဲ။ လူတိုင်းကိုယ်စီအသိ တရား နဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မသိနားမလည်၍ ဖြစ်စေ၊ ဖျက် ဆီးလိုစိတ်ဖြင့် ဖြစ်စေ ချယ်ရီပင်များ ချိုးဖဲ့ခုတ်ယူခံရမှု များပြားလာသည့် အတွက် ချယ်ရီပင်များ မျိုးသုဉ်းလာ နိုင်ခြင်းကြောင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အရပ်ဘက် လူမှုအ ဖွဲ့အစည်းများ အနေဖြင့် လက်လှမ်း မီသမျှ ထိန်းသိမ်းဆောင်ရွက်ပေး နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်ကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်မှ စတင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
ချယ်ရီပင်သည် နှင်းဆီမျိုးရင်း ဝင် အပင်ဖြစ်၍ မျိုးရင်းမှာ ပရုနပ် ဖြစ်သည်။ ကမ္ဘာမြောက်ခြမ်း ဒေသ ဖြစ်သော ဂျပန်၊ ထိုင်ဝမ်၊ ကိုရီး ယား၊ တရုတ်၊ နီပေါလ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ မြန်မာ၊ ထိုင်းနှင့် ဆိုက်ဘေးရီးယား နိုင်ငံတို့တွင် ပေါက်ရောက်ပြီး ဂျပန် နိုင်ငံ၏ အမျိုးသားပန်းတစ်မျိုးလည်း ဖြစ်သည်။
.
မြန်မာနိုင်ငံအတွင်း ရှမ်းပြည် နယ်၊ ချင်းပြည်နယ်များရှိ မြင့်မား သော တောင်ကုန်းတောင်တန်းများ ပေါ်တွင် နှစ်စဉ် ဆောင်းရာသီ အအေး ဆုံးကာလဖြစ်သော ဒီဇင်ဘာလ ကုန်၊ ဇန်နဝါရီလများတွင်ဖူးပွင့်လေ့ ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats