မူဆယ်နယ်စပ်တွင် ဖရဲသခွား ဈေးကွက် ကောင်းမွန်နေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 3, 2020

မူဆယ်နယ်စပ်တွင် ဖရဲသခွား ဈေးကွက် ကောင်းမွန်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ဖရဲသီး၊ သခွားသီးများ ရောင်းချရာတွင် စျေးကွက် ကောင်းမွန်နေသည်ဟု မူဆယ်အခြေစိုက် သစ်သီးဝလံ ကုန် စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်ထံက သိရသည်။
.

.
ယင်းသို့ စျေးကွက် ပိုမိုကောင်း မွန်လာခြင်းမှာ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်သူများ၏ ကြိုးပမ်း မှုအရ သစ်သီးအရည်အသွေး ပိုမို ကောင်းမွန်လာပြီး လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်လာမှုကြောင့် သစ်သီးဝလံများ ပိုမိုလတ်ဆတ်မှုရှိ ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရ သည်။
.
ဂုတ်တွင်းမှာ ကားတွေပိတ်ရင် အချိန်၊ ငွေတွေ ကုန်တဲ့အပြင် အခုလို သစ်သီးမျိုးက လတ်ဆတ်မှု လျော့ ပါးစေတာဖြစ်လို့ ဂုတ်တွင်းကား လမ်း ပြဿနာကို အခြားနည်းဖြစ် တဲ့ ရှောင်လမ်း ဒါမှမဟုတ် တံတား မျိုး တည်ဆောက် ပေးနိုင်မယ်ဆိုရင် ကုန်စည်ပို့ဆောင်မှု ပိုမိုသွက်လက် စေမှာဖြစ်ပါတယ်”ဟု ဦးစိုင်းမြင့် ဗိုလ်က ပြောသည်။
.
မြန်မာ့ဖရဲသီးမှာ တရုတ်ဖရဲမ ထွက်မီ အချိန်အတွင်း ရယူခြင်းဖြစ် သည့်အတွက် အချိန်ကာလမှာ အ ဓိကကျပြီး နှစ်ကုန်ပိုင်းနှင့် နှစ်ဆန်း တရုတ်နှစ်သစ်ကူး ပွဲတော်ကာလတွင် စျေးကွက်အနေအထား ပိုမို ကောင်းမွန်မည်ဟု ယူဆကြောင်း၊ သို့သော် အရည်အသွေးကောင်းမှ သာ စျေးကွက်တိုးနိုင်မည်ဖြစ်သဖြင့် စိုက်ခင်းများတွင် အရည်အသွေးမြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရန် လိုအပ် ကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
မြန်မာဖရဲသီးများကို မြောက်ကိုရီးယား၊ ရုရှားနိုင်ငံများနှင့် ထိစပ် နေသည့် တရုတ်နိုင်ငံအရှေ့ မြောက် ပိုင်းရှိ Ji linHe Long JiangLiao Nin ပြည်နယ်များနှင့် မြောက်ပိုင်း Inner Mongolia၊ အနောက်ပိုင်း Xin Jiang ပြည်နယ်များမှ တိုက် ရိုက်လာရောက် ဝယ်ယူနေခြင်းဖြစ် သဖြင့် စျေးကွက် ပိုမိုကောင်းမွန်နေ ကြောင်း သိရသည်။
.
လက်ရှိတွင် ဖရဲသီးမျိုးများအ နက် 855 ၊ အစေ့မဲ့၊ ထျန်ဝမ့်၊ ဒုံး ကျည်စသည့် ဖရဲသီးများမှာ စျေး ကွက်နေရာ ရရှိနေပြီး သခွားသီးတွင် ရွှေသခွား၊ ဝူခုံး၊ 1725 စသည့် မျိုး များမှာ စျေးသွက်နေကြောင်း သိရသည်။
.
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက် စျေးကွက်အရ ၈၅၅ အကြားဖရဲသီးမှာ ၁၃ တန်မှ ၁၇ တန် အစီးပြတ် ယွမ်ငွေ ၃၀၀၀၀ မှ ၄၆၀၀၀ အထိလည်းကောင်း၊ အောက်စသီးမှာ အစီးပြတ်ယွမ် ၂၅၀၀၀ အောက်၊ ဒုံးကျည်သီးအစီး ပြတ်ယွမ်၂၅၀၀၀ မှ ၃၀၀၀၀၊ ထျန် ဝမ့် အရွယ်အစားအလိုက် တစ်တန် ယွမ် ၂၀၀၀ မှ ၃၅၀၀၊ အစေ့မဲ့တစ် တန် ၂၀၀၀ မှ ၃၂၀၀ ယွမ်၊ ရွှေသ ခွား တစ်တန်၂၅၀၀ မှ ၄၀၀၀ ယွမ်၊ ဝူခုံးသခွားတစ်တန် ၄၀၀၀ မှ ၅၅၀၀ ယွမ်အထိလည်းကောင်း စျေးရရှိနေ ပြီး တရုတ်ငွေစျေးမှာ ဒီဇင်ဘာလ ၂၇ ရက် ပေါက်စျေးအရ ၁ ယွမ်လျှင် ၂၀၉ ကျပ်ခန့် ဖြစ်ကြောင်း သိရ သည်။
.
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်အထိ ဖရဲကား ၅၆၀၂ စီး၊ ၇၄၀၆၃ ဒသမ ၅ တန် နှင့် သခွားကား ၁၄၅၈ စီး၊ ၁၂၃၃၃ ဒသမ ၅ တန်၊ စုစုပေါင်း ၇၀၆၀ စီး၊ ၈၆၃၉ရ တန် ရောင်းချပြီး ဖြစ်ကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်စာရင်းများအရ သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)