ရှမ်းပြည်နယ်တွင် ပြည်ပခရီးသွား ဝင်ရောက်မှု ယခင်နှစ်ထက် များပြား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, January 1, 2020

ရှမ်းပြည်နယ်တွင် ပြည်ပခရီးသွား ဝင်ရောက်မှု ယခင်နှစ်ထက် များပြား


စုလှိုင်
.
၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည် နယ်၌ ပြည်ပခရီးသွား လာရောက်မှု ပိုမိုများပြားလာကြောင်း သိရသည်။
.

.
"အရင်နှစ်ကနဲ့ ယှဉ်ရင် ပြည်ပ ဧည့်သည်များလာပြီး ပြည်တွင်းက နည်းလာတယ်ပေါ့” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦး စီးဌာနမှ ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နို ဝင်ဘာလအတွင်း ရှမ်းပြည်နယ်အ တွင်းသို့ ခရီးသွားဧည့်သည်များ ၇၉၇၇၇၀ ဦး ဝင်ရောက် လည်ပတ် ခဲ့ပြီး ပြည်ပခရီးသွား ဧည့်သည်အ နေဖြင့် ရှမ်းရှေ့တွင် ၁၄၈၆၃၂ ဦး၊ ရှမ်းမြောက်တွင် ၁၅၇၆၈ ဦး၊ ရှမ်း တောင် တွင် ၁၈၃၃၀၀ နှင့် ပြည် တွင်း ခရီးသွားဧည့်သည်အနေဖြင့် ရှမ်းရှေ့တွင် ၉၆၉၈၂ ဦး၊ ရှမ်း တောင်တွင် ၂၅၁၁၃၆ ဦး နှင့် ရှမ်း မြောက်တွင် ၁၀၁၉၅၂ ဦး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦး စီးဌာနမှ သိရသည်။
.
၂၀၁၈ ခုနှစ်တွင် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက် မှုမှာ ပြည်တွင်းခရီးသွား ဧည့်သည် ရှမ်းတောင်တွင် ၅၆၄၇၉၅ ဦး၊ ရှမ်းမြောက်တွင် ၁၀၀၇၉၉ ဦး၊ ရှမ်းရှေ့တွင် ၉၇၇၃၈ ဦး ရှိပြီး ပြည်ပ ခရီးသွားဧည့်သည်များ ရှမ်းတောင် တွင် ၂၂၈၂၉၅ ဦး ၊ ရှမ်းမြောက် တွင် ၁၇၈၁၄ ဦး နှင့် ရှမ်းရှေ့ တွင် ၁၈၁၅၀၂ ဦး ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန့်ကြားမှု ဦးစီးဌာနမှ သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)