တာချီလိတ်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အပိုငွေကြေး ပေးဆောင်ရမှုများ ရှိနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, January 1, 2020

တာချီလိတ်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အပိုငွေကြေး ပေးဆောင်ရမှုများ ရှိနေဟု ဆို


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်မြို့ရှိ မြန်မာနိုင်ငံကူး လက် မှတ်ထုတ်ပေးရေးရုံးတွင် သတ်မှတ် ထားသည့် ငွေကြေးအပြင် ကြားလူ များအား အပိုငွေကြေး ပေးဆောင် ရမှုများ ရှိနေကြောင်း သိရသည်။
.

.
ယင်းရုံးအတွင်းရှိ ကြော်ငြာဗွီ နိုင်း၌ မြန်မာ့စီးပွားရေးဘဏ်သို့ ပေး သွင်းရသည့် မြန်မာနိုင်ငံကူးလက် မှတ် စာအုပ်ဖိုး ၁၉ဝဝဝ ကျပ်၊ အွန် လိုင်း ဝန်ဆောင်ခ ၁ဝဝဝ ကျပ်၊ ဓါတ်ပုံဖိုး ၂ဝဝဝ ကျပ်၊ မင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ၁ဝဝဝ ကျပ်၊ လျှောက်လွှာပုံစံဖိုး ၂ဝဝ ကျပ်၊ ကွန်ပျူတာနှင့် ပစ္စည်းဝန်ဆောင်ခ ၁၈ဝဝ ကျပ်၊ စုစုပေါင်း ၂၅ဝဝဝ ကျပ် ဟု ရေးသားဖော်ပြထားသော်လည်း အမှန်တကယ် နိုင်ငံကူးလက်မှတ် သွားရောက် လုပ်ဆောင်ရာတွင် ယင်းငွေကြေးထက် ပိုမိုတောင်းခံ မှုများ ရှိနေသည်ဟု သိရသည်။
.
တစ်နေ့ကို ပတ်စပို့လာလုပ် တဲ့သူ အနည်းဆုံး ၁ဝဝ ကျော်ရှိပါ တယ်။ ထိုင်း၊ လာအိုမှာနေတဲ့ မြန်မာ နိုင်ငံသားတွေရော၊ တာချီလိတ် ဘက်ကနေ လုပ်တဲ့သူတွေနဲ့ဆိုရင် ၂ဝဝ နီးပါးတော့ ရှိမယ်။ ဓါတ်ပုံဖိုးက ၂ဝဝဝ ကျပ် ရေးထား ပေမယ့် ဘတ် ၁ဝဝ ပေးရတယ်။ စာအုပ်လုပ်ပြီး သွားလို့ သွားထုတ်ရင်လည်း ဘတ် ၁ဝဝ ထပ်တောင်းတယ်။ မြန်မာငွေ နဲ့ဆိုရင် ဒီ ၂ ခုတင် ၁ဝဝဝဝ ကျပ် လောက်ရှိတယ်” ဟု တာချီလိတ် မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူခဲ့သူ တစ်ဦးက ပြောသည်။
.
နိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးရုံးတွင် ပွဲစားဆိုသူများမှ ထိုင်း ဘတ်ငွေ ၁၂ဝဝဝ တောင်းခံခြင်းများ လည်းရှိနေသဖြင့် ထိုကဲ့သို့ ဆောင် ရွက်နေခြင်းသည် လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအတွက် ဦး တည်ကြိုးပမ်းနေချိန်၌ ပတ်စပို့ရုံး တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုရှိ။မရှိ စစ်ဆေးသင့်ကြောင်း ဒေသခံ များမှ ပြောဆိုလျက်ရှိသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောအား ကမ္ဘောဇတိုင်း မှ ဆက်သွယ်မေးမြန်းရာ “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်ရုံး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးနဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေး မှူးရုံးတွေကို သက်သေအထောက် အထားနဲ့ တရားဝင် တိုင်ကြားနိုင်ပါ တယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာ ချီလိတ်မြို့သည် လာအို၊ ထိုင်းနိုင်ငံ များနှင့် နယ်နိမိတ်ချင်း ထိစပ်နေ ပြီး ကျိုင်းတုံ မြို့နှင့် တာချီလိတ်မြို့ တို့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)