သြစတြေးလျ တောမီးကြောင့် သေဆုံးသူ ၈ ဦးထိရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 2, 2020

သြစတြေးလျ တောမီးကြောင့် သေဆုံးသူ ၈ ဦးထိရှိလာ


နွေဦး
.
သြစတြေးလျ နိုင်ငံ အရှေ့ တောင်ပိုင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က စပြီး လောင် ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ရှစ်ဦးထိရှိလာပြီဖြစ်တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။
.
Photo - BBC
 
.
တောမီးကြောင့် နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့ရပါတယ်။ New South Wales  ပြည်နယ်မှာ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး Victoria ပြည်နယ်မှာ သေဆုံးသူ တစ်ဦးရှိခဲ့ပါတယ်။
.
ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ Victoria ပြည်နယ်မှာ လမ်းအချို့ကို ပိတ်ထားခဲ့ပေမဲ့ လမ်းပိတ်ပြီး ၂ နာရီ အကြာမှာပဲ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်မိသူတွေ သွားလာနိုင်ဖို့ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
.
မီးလောင်တဲ့ ဧရိယာမှာတော့ လူတွေ ကျန်ရှိနေသေးတဲ့အတွက်  Victoria ပြည်နယ်ထဲက မြို့တစ်မြို့ဆီကိုတော့ သောက်ရေသန့်  ၁ ဒသမ ၅ တန် ကို ရဲတပ်ဖွဲ့က လှေ နဲ့ ပို့ဆောင်ပေးခဲ့ရပါတယ်။
.
ဇန်နဝါရီလ ၄ ရက်နေ့ထိ အပူချိန်မြှင့်တက် နေနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
.

No comments:

Post a Comment

Journal Download

Photo of three cats