တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 2, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်မှ ၈ ရက် အထိ
.

တနင်္ဂနွေ
.
မထင်မှတ်သူနဲ့ ပြန်လည်ဆုံတွေ့မည်။ ငွေကြေးများ ရုတ်တရက် ဝင်လာလိမ့်မည်။ ခရီးသွားလိုသော် လည်း ထွက်မရ ဖြစ်နေမည်။ ငွေမမြဲပါ ငွေခေါင်းကွဲနေလိမ့်မည်။ ဆောင်ရွက်လုပ်ကိုင်လိုသော အလုပ်များ နှေးကွေးနေလိမ့်မည်။ ဆွေမျိုးတို့ကြောင့် စိတ်မောရမည်။ စိတ်မပျော်ရွှင်ခြင်း ဖြစ်နေလိမ့်မည်။ အိမ်ထဲရှိ ပိုင်ဆိုင်ပစ္စည်း ထုခွဲရောင်းချရလိမ့်မည်။ ကုန်သည်များမှာ အရောင်းကောင်းနေသော်လည်း ကြွေးကျနေ လိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်ပြီးစီးမည်။ စိတ်သက်သာရာရမည်။ ပွဲစားများမှာ မြေပေါင်တည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ ပြန်လည်ဆုံတွေ့မည်။ ကျန်းမာရေးကိစ္စများတွင် သွားကိုက်သွား နာလိမ့်မည်။ ကံကောင်းစေသောဂဏန်းမှာ (၂/၅/၇) ဖြစ်သည်။
ယတြာ။            ဘုရားတွင် မုန့်တစ်မျိုးမျိုးလှူပါ။
.

တနင်္လာ
.
အတိုက်အခံရန်ကြုံမည်။ သူတစ်ပါးကိစ္စ ဝင်ပါမိသဖြင့် ကြားညှပ်ရလိမ့်မည်။ အထင်လွဲခံရမည်။ စီး ပွားရေး အခွင့်အလမ်းကောင်းများ ပေါ်လာမည်။ ကူညီမစမည့် မိတ်ဆွေကောင်း တွေ့လိမ့်မည်။ နာရီအ ဝင်မခံသင့်ပါ။ ခရီးသွားချင်စိတ် ဖြစ်ပေါ်မည်။ အဝတ်အထည်အသစ်များ လက်ဆောင်ရမည်။ အစား ကောင်း စားရလိမ့်မည်။ ကုန်သည်များမှာ အရောင်းစာရင်း မှားယွင်းရေးသွင်းမိလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်ရှုပ်ထွေးပြီး ပိနေလိမ့်မည်။ ပွဲစားများ အရောင်းအဝယ် နည်းနည်းတည့်ပါမည်။ ငယ်သူများမှာ အ ချစ်ရေးတွင် ချစ်သူပေးသောလက်ဆောင်ကောင်းကို ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဖျားမည် အ အေးမိလိမ့်မည်။ ကံကောင်းစေသောဂဏန်းများမှာ (၁/၅/၈)ဖြစ်သည်။
ယတြာ။            စေတီတွင် သစ်သီးလှူပါ။
.

အင်္ဂါ
.
ကားဝင်ခြင်း၊ ကားပြုပြင်ခြင်း ကြုံမည်။ စိတ်သောက နည်းနည်းများနေလိမ့်မည်။ အကြံအစည်အသစ် များ ဖြစ်ပေါ်မည်။ အိမ်သို့ ပစ္စည်းအသစ်အဆန်းများ ဝင်လာလိမ့်မည်။ ကွဲကွာနေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံတွေ့လိမ့်မည်။ ငွေဝင်သော်လည်း မလုံလောက်သောကာလဖြစ်မည်။ မိမိပိုင်ပစ္စည်းများ အခိုး ခံရလိမ့်မည်။ သတိပြုပါ။ ကုန်သည်များမှာ အရောင်းအား ကောင်းမွန်လာမည်။ ဝန်ထမ်းများ အောက်လူ နဲ့ သဘောကွဲမည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ စိတ်ကောက် မည်။ အငြင်းပွားလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသောဂဏန်း မှာ (၂/၄/၅)ဖြစ်သည်။
ယတြာ။            စေတီတွင် ထီးဖြူလှူပါ။
.

ဗုဒ္ဓဟူး
.
ရစရာပြန်ရမည်။ အမွေရရန် ရှိသူများ အမွေရလိမ့်မည်။ မြှုပ်နေသောငွေများ ပြန်ပေါ်လာမည်။ အိမ် နီးချင်းများ ကိစ္စကူညီဆောင်ရွက်ပေးရမည်။ ရတနာဝင်မည်။ ရုံးကိစ္စ၊ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက် အောင်မြင်မည်။ ခက်ခဲသော ကိစ္စများ ဆောင်ရွက်အောင်မြင်မည်။ မနာလိုသူ အတိုက်အခံနည်းနည်းရှိပါ သည်။ ကုန်သည်များမှာ ကုန်လှောင်သူများ စျေးကောင်းမိ၍ မြတ်မည်။ ဝန်ထမ်းများမှာ အကြီးအကဲအ ပြောင်းအလဲ ကြုံပါမည်။ ပွဲစားများမှာ နည်းနည်းအဆင်ပြေလာမည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့အတူ လည်ရမည်။ တွေ့ဆုံနိုင်မည်။ ကျန်းမာရေးကိစ္စများတွင် အကြောတင်မည်။ အကြောနာမည်။ ကံကောင်း စေသောဂဏန်းမှာ (၁/၅/၉)ဖြစ်သည်။
ယတြာ။            ဘုရားတွင် နှင်းဆီအဖြူလှူပါ။
.

ကြာသပတေး
.
စီးပွားရေးကိစ္စများ၊ အလုပ်အကိုင်များ ကောင်းမွန်လာမည်။ အသစ်ပေါ်ပေါက်လာမည်။ ထူးခြားသော အကြံကောင်းများ ပေါ်ပေါက်အောင်မြင်လိမ့်မည်။ စီးပွားရေးတိုးချဲ့နိုင်မည်။ စက်ပစ္စည်းကြီးကြီးမားမား လည်း ဝင်လာမည်။ သားသမီးများကြောင့် ငွေအထွက်များသော်လည်း ကျေနပ်ဝမ်းမြောက်ရလိမ့်မည်။ ကြီးသူအတွက် ဆေးဝယ်ပေးရလိမ့်မည်။ ကုန်သည်များမှာ လှောင်ကုန်ရှုံးတတ်သည်။ အချို့မှာ ပစ္စည်း ပျောက်မည်။ ပျက်မည်။ ဝန်ထမ်းများမှာ အချင်းချင်းစကားများမည်။ ပွဲစားများမှာ ခေါင်းပုံဖြတ်ခံလိမ့်မည်။ နစ်နာဆုံးရှုံးလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူက မိမိအား လက်ဆောင်ပေးမည်။ အစား ကောင်း ကြွေးမည်။ ကျန်းမာရေးကိစ္စများတွင် ဝမ်းကိုက်ခြင်း၊ ဗိုက်နာခြင်းဖြစ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၈)ဖြစ်သည်။
ယတြာ။                        စေတီမှာ ကောက်ညှင်းပေါင်းအဖြူ လှူပါ။
.

သောကြာ
.
ခရီးဝေးသွားလာရမည်။ ကြွေးဟောင်းရမည်။ မြှုပ်နေသော ငွေများ ပြန်ဝင်လာမည်။ စိတ်ပျော်ရွှင်ကျေ နပ်စရာတွေ့မည်။ မထင်မှတ်သောသူနဲ့ ဆုံလိမ့်မည်။ အခက်အခဲ အသေးစား ရှိနေသော်လည်း ကျော် လွှားအောင်မြင်လိမ့်မည်။ နေအိမ်အနည်းငယ် ပြုပြင်ခြင်း၊ ဆေးသုတ်ရခြင်းများ ကြုံတွေ့လိမ့်မည်။ လျှပ် စစ်မီးများ ပျက်လိမ့်မည်။ ကုန်သည်များမှာ ဖောက်သည်အသစ်များ တွေ့မည်။ အရောင်းအား ပြန်ကောင်း လာမည်။ ဝန်ထမ်းများမှာ မိမိတာဝန်ယူရသော အလုပ်များ အဆင်ပြေပြီးစီးလိမ့်မည်။ ပွဲစားများ ပွဲခရမည့် ကာလဖြစ်သည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ ပြန်အဆင်ပြေမည်။ ကျန်းမာရေးကိစ္စများတွင် အစာမကြေဖြစ်မည်။ ရင်ပြည့်မည်။ ကံကောင်းစေသောဂဏန်းမှာ (၀/၅/၆) ဖြစ်သည်။
ယတြာ။            ဘုရားမှာ စံပါယ်ပန်းလှူပါ။
.

စနေ
.
ဘုရားဖူး ခရီးသွားရမည်။ ကြီးသူဆွေမျိုးများနဲ့ ပြန်တွေ့ရလိမ့်မည်။ ပစ္စည်းပျောက်ဆုံးနေမည်။ အ ထားမှားတာလည်း ဖြစ်လိမ့်မည်။ နေအိမ်ဆေးသုတ်ခြင်း အလှဆင်ခြင်းပြုလုပ်ရမည်။ အခက်အခဲများလွတ် မည်။ ဆွေမျိုးများအတွက် အပူတွေ့မည်။ မိမိဖုန်းပျက်လိမ့်မည်။ မထင်မှတ်ဘဲ ထီပေါက်တတ်ပါသည်။ လှပသော ပစ္စည်းများဝင်မည်။ မျက်မှန်ဝင်မည်။ ကုန်သည်များမှာ ကြွေးဟောင်းပြန်ရမည်။ တပည့်ဟောင်း ပြန်လာမည်။ ဝန်ထမ်းများ ခက်ခဲသောအလုပ်များ ပြီးစီးအောင်မြင်မည်။ ပွဲစားများ ဘာမှ မထူးခြားသော ကာလဖြစ်နေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက အထင်လွဲမည်။ ဖြေရှင်းမရ ဖြစ်နေလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၃/၇)ဖြစ်သည်။
ယတြာ။            စေတီတွင် အညွန့်သုံးမျိုးလှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)