နိုင်ငံတော်အစိုးရက ကမ္ဘောဇဘဏ် နာယကကို သရေစည်သူဘွဲ့ ပေးအပ်ချီးမြှင့် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, January 5, 2020

နိုင်ငံတော်အစိုးရက ကမ္ဘောဇဘဏ် နာယကကို သရေစည်သူဘွဲ့ ပေးအပ်ချီးမြှင့်

နိုင်ငံတော်အစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ် လပ်ရေးနေ့) ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ်(၂/၂၀၂၀) ဖြင့် ကမ္ဘောဇဘဏ် တည်ထောင်သူ နာယက၊ ဝဏ္ဏကျော်ထင်၊ စည်သူဦးအောင် ကိုဝင်းအား “သရေစည်သူဘွဲ့” ကို ပေးအပ် ချီးမြှင့်ခဲ့သည်။
.
အဆိုပါဘွဲ့သည် အရပ်ဖက် စီး ပွားရေး လုပ်ငန်းရှင်များအတွက် ပ ထမဆုံးနှင့် အမြင့်ဆုံး ပေးအပ်ချီးမြှင့် သည့် ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့ တစ်ခုဖြစ်ပြီး ယင်းဘွဲ့နှင့်အတူ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူး ဆောင်ဘွဲ့နှင့် တံဆိပ်များ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင်ဘွဲ့များ၊ စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များကိုလည်း ဆက်ကပ်၊ ပေးအပ် ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
သမ္မတ ဦးဝင်းမြင့်က ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု(ရွှေစင်ရုပ်တု) ပေးအပ်ချီးမြှင့်စဉ်
ကမ္ဘောဇဘဏ် တည်ထောင်သူ နာယက ဦးအောင်ကိုဝင်းသည် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ကာ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို ၁၃၈ ဒသမ ၇၅ ဘီလီယံဖြင့် ပထမနေရာမှ ၇ နှစ်ဆက် ဝင်ငွေခွန်အများဆုံး ထမ်း ဆောင်ခဲ့ခြင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျပ်ငွေ စုစုပေါင်း ၁၅၆ ဘီလီယံကျော်ကို နိုင်ငံနှင့် ပြည်သူ အတွက် လှူဒါန်းခဲ့ခြင်း၊ နိုင်ငံတော် ၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြု သည့် အဖွဲ့အစည်းများတွင် “နာယ က”အဖြစ် ခေတ်အဆက်ဆက် လူ အား၊ ငွေအားဖြင့် ပံ့ပိုးကူညီဦးဆောင် ဦးရွက် ပြုလျက်ရှိခြင်း စသည့် ဆောင် ရွက်ချက်များကို နိုင်ငံတော်မှ အသိအမှတ် ပြုလျက် အနာဂတ်မျိုး ဆက်သစ် လူငယ်များ လေးစားအား ကျ အတုယူနိုင်ရန် ရည်ရွယ်၍ သ ရေစည်သူဘွဲ့ကို အစိုးရက ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" အရပ်သားစစ်စစ် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်သိ၊ တာဝန်ကျေဖို့နဲ့ အခွန် ဆောင်တဲ့သူတွေ များလာတာနဲ့အ မျှ နိုင်ငံတည်ဆောက်ရေးမှာ အ များကြီး အထောက်အကူပြုတဲ့အ ကြောင်း အမြဲသွန်သင်ပေးတဲ့ ကျွန် မရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဖေဖေ့ ရဲ့ သွန်သင်ဆုံးမမှုတွေအတွက် အ မြဲ ကျေးဇူးတင် မှတ်သားထားပြီး ကျွန်မတို့ မျိုးဆက်မှာလည်း နိုင်ငံ တော်နဲ့ ပြည်သူအတွက် တာဝန်ကျေ နိုင်အောင် အစွမ်းကုန်ကြိုးစားသွား ပါမယ်။ ဖေဖေ့အတွက် ဂုဏ်ယူပါ တယ်။" ဟု ဦးအောင်ကိုဝင်း၏ သမီး ကြီး ဒေါ်နန်းလိုင်းခမ်းက ပြောသည်။
.
သရေစည်သူဘွဲ့ ရရှိခဲ့သော ဦးအောင်ကိုဝင်းသည် ဝဏ္ဏကျော် ထင်ဘွဲ့၊ စည်သူဘွဲ့၊ နိုင်ငံတော်သမ္မ တ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု (၃) ထပ်ကွမ်း၊ နိုင်ငံတော်သမ္မတ၏ အ ထူးဂုဏ် ထူးဆောင် နိုင်ငံစွမ်းဆောင် ရည်ဆု၊ နိုင်ငံတော်သမ္မတ၏ ဂုဏ် ထူးဆောင်ဆု နိုင်ငံတော်သမ္မတ၏ အထူး ဂုဏ်ထူးဆောင်ဆုများကို လည်း လက်ခံရရှိထားသူ ဖြစ်သည်။
.
ထို့အပြင် အာဆီယံဆုများအနက် နှစ် ၅၀ တွင် တစ်ကြိမ်သာ ရွေးချယ်ချီးမြှင့်ပြီး၊ ပထမဆုံးနှင့် အမြင့်မားဆုံး အာဆီယံဆု ဖြစ်သည့် တစ်နိုင်ငံလျှင် တစ်ဦးသာ ရွေးချယ်ပေး အပ်ချီးမြှင့်သော “အာဆီယံ ထူးချွန်စံပြ စီးပွားရေး လုပ်ငန်းရှင်ဆု (ASEAN The Legacy Award)” ကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၆ ရက်က အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ သမ္မတမှ ဦး အောင်ကိုဝင်းအား ပေးအပ်ခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)