အောင်ပန်းတွင် တရားခံဖမ်းဆီးရန်သွားသော ရဲတပ်ဖွဲ့ဝင်များ ထိုးကြိတ်ခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 2, 2020

အောင်ပန်းတွင် တရားခံဖမ်းဆီးရန်သွားသော ရဲတပ်ဖွဲ့ဝင်များ ထိုးကြိတ်ခံရ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက တရားခံဖမ်းဆီးရန် သွားရောက်သော ရဲတပ်ဖွဲ့ဝင်များ ထိုးကြိတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အောင်ပန်းနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ဇော်နှင့် တပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ နံနက် ၅ နာရီခန့်က အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ အောင်ပန်းနယ်မြေရဲစခန်း၏ (ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄/၃၂၃/၃၅၄/၂၉၄/၃၀၂ အမှုမှ တရားခံ သန်းဇော်ထက် (၄၀ နှစ်) အား ဖမ်းဆီးရန်အတွက် သွားရောက်စဉ် အသာတကြည် အဖမ်းမခံဘဲ အတင်းရုန်းကန်နေသောကြောင့် ဝိုင်းဝန်းဖမ်းဆီးနေစဉ် သန်းဇော်ထက်၏ တူဖြစ်သူ ရဲထက်ဦး၊ အောင်ကျော်လင်းနှင့် အစ်ကိုဖြစ်သူ ဦးလင်းကြူတို့က ဟန့်တားဆဲဆိုပြီး ရဲတပ်ဖွဲ့ဝင်များကို အရှည် တစ်တောင်ခန့်ရှိ သစ်သားတုတ်ဖြင့် ရိုက်နှက်ပြီး ဝိုင်းဝန်း ထိုးကျိတ်ခဲ့သောကြောင့် ရဲဒုတပ်ကြပ် ကျော်ကျော်မင်းတွင် ယာမျက်လုံးညိုမဲ ဒဏ်ရာ၊ ရဲတပ်သား ကျော်မျိုးဇော်တွင် ယာဘက် လက်ဖျံကို ထိခိုက်မိပြီး အောင်ပန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
.
သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များအား ဝတ္တရားနှောင့်ယှက်ပြီး ထိုးကြိတ်ရိုက်နှက်ခဲ့သူ အောင်ကျော်လင်း၊ ရဲထက်ဦး နှင့် ဦးလင်းကြူတို့ ၃ ဦးအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၃/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၂/၂၉၄/၃၅၃/၁၁၄ ဖြင့် အမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)