အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်အား ဇန်နဝါရီလအတွင်း အပြီး တည်ဆောက်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

အောင်ပန်းမြို့ရှိ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်အား ဇန်နဝါရီလအတွင်း အပြီး တည်ဆောက်သွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဗိုလ် မှူးကြီးဗထူး အထိမ်းအမှတ်ကျောက် တိုင် အသစ်ပြန်လည် တည်ဆောက် မှုကို ဇန်နဝါရီလအတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်သည်ဟု တည်ဆောက်ရေး ကော်မတီမှ သိရ သည်။
.
.
အဆိုပါ ဗိုလ်မှူးကြီးဗထူး အ ထိမ်းအမှတ် ကျောက်တိုင် တည် ဆောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၆ ရက်က ပြုလုပ်ရာ က လောမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးရှိန် ကြည်၊ မြို့ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ဦးကျော် ဦး၊ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင် တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းခိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ ကျောက် တိုင် တည်ဆောက်ရေးနှင့် ဘဏ္ဍာ ငွေ ရှာဖွေရေးလုပ်ငန်းများကို ဆွေး နွေးခဲ့သည်ဟု သိရသည်။
.
“ဒီလကုန်ပြီးမယ်လို့ ခန့်မှန်း ထားတယ်။ နေရာရှုခင်းတွေကတော့ ဖေဖော်ဝါရီ တစ်လလုံး လုပ်မယ်။ မတ်လထဲမှာ ဖွင့်နိုင်အောင် ကြိုးစား နေပါတယ်။ အဆောက်အဦ ဆောက် တဲ့အပိုင်းကတော့ ပြီးပါတယ်။ မီး တွေ၊ မြက်ခင်းအလှ ဆင်တာတွေ၊ သစ်ပင်ပန်းပင်စိုက်တာတွေကတော့ တစ်လလောက် အချိန်ပေးရမှာပါ” ဟု ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင် တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းခိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် တည်ဆောက်ရေး လုပ်ငန်းအပြင် ရင်ပြင်နှင့် အလှဆင်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ် ရင်ပြင်ဟု အ မည်ပေးကာ လာမည့် မတ်လ ၂၇ ရက်တွင် ဖွင့်ပွဲပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး ဦး မြင့်အောင်ထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် ဆက် သွယ်၍ မရခဲ့ချေ။
.
အောင်ပန်းမြို့၊ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်နှင့် ရင် ပြင်တည်ဆောက်ရေး လုပ်ငန်းတွင် အကြမ်းထည်ကို ဟိန်းလန်းကုမ္ပဏီ မှလည်းကောင်း၊ ကျောက်တိုင်ကို ဗိသုကာဆရာကြီး ဦးသိန်းဦးတပည့် များကလည်းကောင်း တည်ဆောက် နေခြင်းဖြစ်ပြီး အောင်ပန်းမြို့ကျက် သရေဆောင် နေရာအဖြစ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
ဗိုလ်မှူးကြီးဗထူး အထိမ်းအ မှတ်ကျောက်တိုင်ကို ၁၉၄၅ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပြန်လည် ပြုပြုင်တည် ဆောက်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ၄ လမ်းသွား AC လမ်းခင်းရာ၌ လမ်း နယ်နှင့် မလွတ်ကင်းသဖြင့် ဒေသ ခံများ၏ သဘောတူညီချက်အရ ဖြိုချကာ အသစ်ပြန်လည် တည် ဆောက်နေခြင်းဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats