အောင်ပန်းတွင် အရှိန်မထိန်းနိုင်သောကား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Wednesday, January 15, 2020

အောင်ပန်းတွင် အရှိန်မထိန်းနိုင်သောကား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်၊ ညပိုင်းက အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေသော အမျိုးသားတစ်ဦးအား ဝင်ရောက်တိုက်မိရာ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
.
ကလောမြို့၊ အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်း ရဲလင်းအောင် (၃၈ နှစ်) မောင်းနှင်လာသည့် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ်သည် ဇန်နဝါရီလ ၁၄ ရက်၊ ည ၈ နာရီခန့်က ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပထမပုဂ္ဂလိကဘဏ်အနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၇) အနီး အရောက်တွင် ဘူတာလမ်းသွယ်မှ လမ်းဖြတ်ကူးရန် စောင့်ဆိုင်း နေသူ အမည်/လိပ်စာမသိ အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ယင်းအမျိုးသားတွင် ဝဲဘက်ဦးခေါင်းဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာ၊ ဝဲ/ယာပေါင် ဖုယောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ရဲလင်းအောင် တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ အောက်နှုတ်ခမ်း ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့သဖြင့် အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေသူအား ဝင်ရောက်တိုက်မိ ကာ သေဆုံးစေခဲ့သူ ယာဉ်မောင်း ရဲလင်းအောင်အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-က တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats