သူဌေးကြေးပံ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 16, 2020

သူဌေးကြေးပံ့


တြိဂံ
.
မြန်မာစကားပုံတွင် သူဌေးကြေးပံ့ဆိုသည် ငွေကြေးစည်း စိမ်ဥစ္စာ ပြည့်စုံချမ်းသာပြီးသူ သူဌေးကို ထပ်မံ၍ ငွေကြေးပံ့ပိုး ခြင်းကို တင်စားသည့်အနေဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်ဟု ပါရှိ သည်။
.
ခင်မင်ရင်းနှီး၍ လည်းကောင်း၊ ကြောက်၍ လည်းကောင်း၊ အခွင့််အရေး လိုအပ်၍သော်လည်းကောင်း၊ ကိုယ့်လူဖြစ်စေရန် စည်းရုံးသည့်သဘော အဖြစ်လည်းကောင်း၊ ပြည့်စုံပြီးသူအား မိမိဘက်ပါစေရန် အမျိုးမျိုးသော ဆက်ဆံမှုအတွက်လုပ်ဆောင် ခြင်းဖြစ်သည့်အတွက် ယင်းစကားအား ကောင်းမွန်ရာကို ညွန်း သည့်စကားဟု ယူဆနိုင်ခြင်း မရှိပေ။
.
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းပြီး တိ တိကျကျပြောရလျှင် ဇန်နဝါရီလ ၂ ရက်တွင် ကြေညာချက် အဖြစ် ထွက်ရှိလာသည့် (ကားပါမစ်)အပေါ် ပြည်သူအများ စဉ်းစားနိုင်ရန် ဖော်ပြလိုရင်း ဖြစ်ပါသည်။
.
လက်ရှိ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဇန်နဝါရီလ ၂ရက်စွဲဖြင့် ထုတ် ပြန်သည့်စာတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအ တွက် မော်တော်ယာဉ် ရောင်းချပေးရေးကိစ္စဆိုပြီး ပါရှိခဲ့သည့် အပေါ် အထက်ခေါင်းစဉ်ပါ သူဌေးကြေးပံ့သည့် အမြင်ဖြင့် ရေး သားလိုက်ရခြင်းပင်။
.
လူထုလူတန်းစားအမျိုးမျိုးရှိရာ ထုအနေဖြင့် ပြောရလျှင် ပြည်သူလူထုထဲကမှ ဝန်ထမ်းထု၊ ဝန်ထမ်းထုထဲကမှ ညွှန်ချုပ် နှင့် အထက် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းဟုဆိုသည့် ပုဂ္ဂိုလ် ကြီးများအတွက် အထူးမိုးပေါ်ကျ အခွင့်အရေး စာထုတ်ပြန် လာမှုသည် နိုင်ငံရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်များပြားမည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲသို့ မည်သို့သက်ရောက်မည် ကိုဆန်းစစ်ကြည့်ရန် လိုပေမည်။
.
မဲဆွယ်မှု စကားရပ်တွင် ယင်းလုပ်ရပ်ဖြစ်သည့် ညွှန်ချုပ် နှင့် အထက်ဆိုသည့် ရာထူးကြီးကြီးမာစတာများ အတွက်သာ အခွင့်အရေးပေးခြင်းသည် ပါဝင်သလော၊ သို့မဟုတ် မည်သို့ သဘောဆောင်သနည်း၊ လက်ရှိ အစိုးရအနေဖြင့် လူတစ်စုထဲ မှာမှ ကြီးကြီးမာစတာများအတွက်သာ အခွင့်ထူးခံပေးခြင်း ဖြစ်သလော၊ သို့အတွက် မည်သို့ သက်ရောက်မည်နည်း၊ အ ရပ်သားအခွန်ထမ်း လူထုက မည်သို့ ဝေဖန်ကြသနည်းဆိုသည် မှာ  အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသဖြင့် ဤဆောင်း ပါးကို ရေးရခြင်း ဖြစ်သည်။
.
ဒီမိုကရေစီဟု ဆိုအပ်သည့် အစိုးရဖွဲ့စည်းမှုတွင် ဒီမိုကရေ စီနည်းအရ ရွေးကောက်ပွဲမှ မဲဖြင့်တက်လာသည့်သူများ သာမ က ဗျူရိုကရေစီ အုပ်ချုပ်မှုအရ အဆင့်လိုက်ခန့်ထားရသည့် ဝန်ထမ်းများလည်းရှိရာ ယခုတွင် နိုင်ငံရေးအဘိဓာန်တွင် ဖွင့် ဆိုထားသည့်အတိုင်း ဖြစ်လေရော့သလားဟု ထင်မိသည့် အ ထင်ကြောင့် အဘိဓာန်ပါ ဖွင့်ဆိုချက်ကို မြည်းစမ်းကြည့်နိုင်ကြ ပါရန် ဖော်ပြပါသည်။
.
ဗျူရိုကရေစီစနစ်ကို အစဉ်မပြတ် ရာထူးဌာနန္တရ အသီးသီး ၌ စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ အရာခံ တို့ဖြင့် အုပ်ချုပ်မှုစနစ်ကို ခေါ်ဆိုခြင်းဖြစ်သည်ဟု ၁၈-ရာစုနှစ် က ပြင်သစ်နိုင်ငံတွင် ၁၈၁၈ ခုနှစ်က ပထမဆုံး စတင်သုံးစွဲ စဉ်ကပင် ရှုတ်ချချိုးနှိမ်သော အဓိပ္ပါယ်ဖြင့် အသုံးပြုခဲ့ကြသည်။ ( အလုပ်ဟူသည် ၄င်းအတွက် ရရှိသည့် အချိန်ပြည့်အောင်ထိ တိုးချဲ့သည်) ဆိုသော ပါကင်ဆန်၏ဥပဒေသ Parkinson`law ကဲ့သို့သော ဗျူရိုကရေစီ ဆိုရိုးစကား ရှိခဲ့သည်။
.
အကောင်းမြင် စာရေးဆရာ မက်ဝေးဘား(Max Weber) ကမူ အဆင့်ဆင့် တာဝန်ခံအုပ်ချုပ်ရေးစနစ်တွင် စည်းကမ်းတ ကျ လုပ်ကိုင်ခြင်း၌ ရာထူးခန့်အပ်မှုနှင့် တိုးမြှင့်မှုတို့တွင် အ ရည်အသွေးအရ ဆောင်ရွက်ခြင်းသည် သူတစ်ပါး၏အရှိန် အ ဝါ အသုံးပြုမှု(Patronage) ကဲ့သို့ အခြား အခြေခံအချက်များ အပေါ် မူတည်၍ ခန့်အပ်မှုများထက် ပို၍ ကြောင်းကျိုးညီညွတ် သည်ဟု ပြောဆိုခဲ့သည်။ ဗေးဘားသည် ဗျူရိုကရက်များနှင့် အရွေးချယ်ခံ အာဏာရှိ ပုဂ္ဂိုလ်များအကြား ဆက်ဆံရေးတင်း မာမှုကိုလည်း အလေးအနက်ထား ပြောကြားရာတွင် အရွေး ချယ်ခံ အာဏာရှိပုဂ္ဂိုလ်များ အနေဖြင့် မဲရရှိရန် မျှော်လင့်ချက်ဖြင့် ၄င်းတို့အား ထောက်ခံသူများကို အခွင့်အရေး ပေးလိုကြသည် ဟုဆိုရာ ဗျူရိုကရက်များက ထိုသို့သော လုပ်ဆောင်ချက်များ၊ ဟန့်တားနှောင့်ယှက်မှုများကို မျှော်လင့်ရသည့်အတွက် ယင်း ကဲ့သို့ ဒီမိုကရေစီဖြင့် တက်လာသူများက ဗျူရိုကရက်များသို့ အခွင့်အရေးပေး ဆက်ဆံမှုမျိုး ရှိနေသည်ကို သိရှိစေလိုကြောင်း ထုတ်နုတ်တင်ပြရခြင်း ဖြစ်ကြောင်းပါ။
.
ယခု မော်တော်ယာဉ် တင်သွင်းခွင့် ပြုခြင်းလို အခွင့်အရေး မျိုးတွင် ထိပ်ဆုံးအဆင့် ဗျူရိုကရက်နှင့် အောက်ဆုံးအဆင့် ဗျူရိုကရက်တို့အကြား အမြင်ချင်း တူကြမည် မဟုတ်ချေ။ အဘိဓာန်တွင် အောက်ခြေအဆင့် ဗျူရိုကရက်သည် ငြိ်မ်းအေး သောဘဝကို လိုလားသည်။ မည်သည့် စည်းမျဉ်းစည်းကမ်း ဖြစ်စေ ကျွန်သဘောက်အလား တသေဝေမတိမ်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရလဒ်ဖြစ်နိုင်မှုကို ယူဆ သည်ဟု ဆိုထားသည်။
.
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒုဝန်ကြီး ဦးအောင်ထူး က လွတ်လပ်ရေးနေ့ အခမ်းအနားအပြီး မီဒီယာများသို့ သက် ဆိုင်ရာ ဝန်ကြီးဌာနမှ ထောက်ခံချက် ရရှိပြီးသော လုပ်သက်၂၅ နှစ်ပြည့် ဝန်ထမ်းများအပြင် အောက်ခြေဝန်ထမ်း အဆင့်ဆင့် ကိုလည်း ကားတင်သွင်းခွင့် ပါမစ်များ ဆက်လက်ချထားပေး မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
.
`ဝန်ထမ်းတွေ လုပ်သက် ၂၅ နှစ်ပြည့်တာကို သက်ဆိုင် ရာဝန်ကြီးဌာနတွေက ထောက်ခံရပါတယ်။ ထောက်ခံပြီးရင် စီး ပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ သွင်းကုန်ပါ မစ်ကို လာရောက်လျှောက်ရမှာပါ။ အဲဒီကနေ နောက်တစ်ဆင့် သွားပါမယ်။ အောက်ခြေအဆင့် ဝန်ထမ်းအထိပါ။ အောက်ခြေ အဆင့်ဝန်ထမ်းမှာ လုပ်သက် ၂၅ ပြည့်ပြီး ပြည်သူ့ဝန်ထမ်း ကောင်း တံဆိပ်ရမယ်ဆိုရင် အကုန်ခွင့်ပြုသွားမှာပါ။ အခု လုပ် ငန်းစဉ်အတွက် ဘယ်အချိန်ကာလအထိ ဆောင်ရွက်မယ်ဆို တာကိုတော့ ကန့်သတ်ချက် မရှိပါဘူး`ဟု ၄င်းက ပြောသည်။
.
ဒုဝန်ကြီးက ဆက်လက်၍ ကားတင်သွင်းခွင့် ရရှိသူများ အနေဖြင့် ချက်ချင်း ငွေမသွင်းနိုင်သေးပါက ဘဏ်များနှင့် ချိတ် ဆက ်ဝယ်ယူနိုင်ပြီး မြန်မာ့စီးပွားရေးဘဏ်ဖြင့် ချိတ်ဆက်မည် ဆိုပါက အတိုးနှုန်း ၉ ရာခိုင်နှုန်းခန့် သက်သာမည် ဖြစ်ပြီး အခြား ပုဂ္ဂလိကဘဏ်များနှင့် ဆိုလျင်လည်း ၉ ရာခိုင်နှုန်းအောက် ချ ထားပေးနိုင်ရေး ညှိနှိုင်းနေကြောင်း ပြောကြားခဲ့သည်။
.
၄င်းအပြင်`အရစ်ကျ ဝယ်ယူနိုင်အောင်လည်း စီစဉ်ပေး မယ်၊ နောက်ပြီး ကားအရောင်းပြခန်းတွေနဲ့ ချိတ်ဆက်ပြီး သူ တို့ လိုချင်တဲ့ကားပေါ့။ ပြည်တွင်းအရောင်းပြခန်းက ဝယ်မ လား၊  ပြည်ပကနေ ဝယ်မလား၊ အဲဒါလေးတွေတော့ ပြန်ညှိနှိုင်း ဖို့ရှိပါတယ်`ဟုဆိုသည်။
.
ကားတင်သွင်းခွင့်ကိစ္စတွင် ပထမအဆင့် အနေဖြင့် ညွှန် ချုပ်နှင့် အထက် နိုင်ငံ့ဝန်ထမ်းများအတွက် စတင်ဆောင်ရွက် မည်ဖြစ်ပြီး အောက်ခြေဝန်ထမ်းအဆင့်ဆင့်အတွက် ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
.
၄င်း၏ ပြောကြားချက်ကို ဆန်းစစ်ပါက ဝန်ထမ်းများကို အခွင့်ထူးခံ ကားတင်သွင်းခွင့်ပေးမည်။ ငွေမရှိကလည်း ဘဏ် များမှ အတိုးအနည်းဆုံးဖြင့် ချေးပေးမည်(ယင်းအတွက် တရား မဝင်ငွေများဖြင့် ဝယ်ခြင်းကို ဖုံးကွယ်ခွင့် အခွင့်အရေး ရသွား)။ ၄င်းအပြင် ပြည်သူများအတွက် သတ်မှတ်ထားသည့် ကားတင် သွင်းခွင့် မူဝါဒများထက် လိုချင်သည့်ကားများ ရရှိနိုင်မည်ဆို ခြင်း၊ ကားတင်သွင်း ခွင့်ပါမစ် ချထားပေးခြင်းအပြင် အခွန်ကင်း လွတ်ခွင့်ကိုပါ တစ်ပါတည်း သတ်မှတ်ပါရှိခြင်းက ဝန်ထမ်းထု အတွက် မက်လုံးများဖြစ်သော်လည်း အရပ်သားပြည်သူလူထု အတွက်မူ ချဉ်လုံးများ ဖြစ်နေသည်ဟု အောက်ပါအသံများအရ ကောက်ချက်ပြုလိုသည်။
.
ယခင်က MIC ပါမစ်(မော်တော်ယာဉ်လိုင်စင်) ဆိုရင် ရင်း နှီးမြုပ်နှံမှု လုပ်ငန်းအတွက် ခွင့်ပြုသည့် အားလျော်စွာ အခွန် လွတ်ပေးခဲ့သည်။ ထိုကဲ့သို့ အခွန်ကောက်ခံခွင့် မပြုခဲ့သည့် အတွက် ရောင်းချခွင့်၊ အမည်ပြောင်းလဲခွင့် မပြုခဲ့ပါ။  အလားတူ ငြိမ်းချမ်းရေး ပါမစ်ခေါ်နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့များ အတွက် မော်တော်ယာဉ် တင်သွင်းခွင့်လိုင်စင်များ ထုတ်ပေးရာ တွင်လည်း ရာခိုင်နှုန်းတစ်ခု အခွန်သက်သာခွင့် ခွင့်ပြုခဲ့သော် လည်း မော်တော်ယာဉ်ကိုတစ်ဆင့် ပြန်လည်ရောင်းချခွင့် အ မည်လွှဲပြောင်းခွင့် မပြုခဲ့ပါ။
.
ယခု အစိုးရလက်ထက် အသစ်ထွက်လာသည့် ညွှန်ချုပ်နှင့် အထက် မော်တော်ယာဉ် တင်သွင်းခွင့်လိုင်စင်မှာ အခွန်သက်သာခွင့်များအပြင် ရန်ကုန်လိုင်စင်ရယူခွင့်၊ ဘဏ်ချေးငွေဖြင့် ဝယ်ယူခွင့်၊ ကားတန်ဖိုး ဒေါ်လာ ၃၀၀၀၀ အထက် ဟု ဖော်ပြပါ ရှိသဖြင့် အနည်းဆုံး အခွန်သက်သာခွင့် ကျပ်သိန်း ၄၅ဝကျော် သက်သာခွင့်များ ရရှိရုံမျှမက တစ်နှစ်ကျော်လျှင် အမည်ပြောင်း ခွင့်ပြုသည့်အတွက် ပြန်လည်ရောင်းချခွင့် ပြုထားခြင်းမှာ မကြုံ စဖူး ထူးကဲသော အခွင့်အရေးကြီး ဖြစ်ပါကြောင်းနှင့် မြန်မာ ပြည်သူပြည်သားအားလုံး တန်းတူအခွင့်အရေး ရရှိနိုင်ကြပါ စေကုန်သတည်းဟူ၍ လည်းကောင်း။
.
ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးအကြောင်းပြ ရှေး ရှု ပေးခဲ့သည့် (အဘပါမစ်)နှင့် ယခုအစိုးရလက်ထက် ပေးသည့် (အမေ့ပါမစ်)နှစ်ခု နှိုင်းယှဉ်ကြည့်မည်ဆိုပါက  လုပ်စားနှင့် လုပ်စားချည့်သာ ဖြစ်သည်ဟု လည်းကောင်း။
.
နိုင်ငံ့ဝန်ထမ်းတွေလည်း အခွင့်အရေး ပေးပါ။ ပြည်သူတွေ ကိုလည်း အခွင့်အရေး ပေးပါ။ အများကြီး တောင်းဆိုနေတာ မဟုတ်ပါဘူး၊ သဘာဝမကျ ဖြစ်နေတဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကားဟောင်း ဝယ်ရောင်းပြီး အမည်ပြောင်းရာမှာ ဆောင်ခိုင်း တဲ့ အခွန်သုံးရာခိုင်နှုန်း ကိုရပ်ဆိုင်းလိုက်ဖို့နဲ့ သာမန် အမည် ပြောင်းကြေးကိုပဲ လက်ခံဖို့ပါပဲ ၊ ဝန်ထမ်းအဆင့်အလိုက် အ ခွန် ကင်းလွတ်ခွင့်ပေးပြီး ကားသွင်းခွင့် ပေးလိုက်တာတော့ ကြို ဆိုရ မှာပါ။ မဖြစ်သင့်တဲ့ စျေးတန်းတစ်ခုမှာရှိနေတဲ့ ကားစျေး တွေလည်း အထိုက်အလျောက် ကျသွားမှာပေါ့လေဟူ၍လည်း ကောင်း။
.
အထူးပါမစ်များကြောင့် ရန်ကုန်အခမဲ့ ဆိုသည်ကြောင့် အ ခွန်ထမ်း ပြည်သူများအကြား စိတ်ခံစားမှုများစွာ ကိန်းအောင်း လာနိုင်ခြင်း။ ပြည်ပရင်းနှီးမြုပ်နှံမှု Brand ကားစျေးကွက် ထိ ခိုက်နိုင်သဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို မလာရဲအောင် လုပ် သလို ဖြစ်နေခြင်း။ ကားတင်သွင်းရောင်းဝယ်မှု လုပ်ငန်းလော က များစွာ ထိခိုက်နိုင်ခြင်း။ နိုင်ငံဝန်ထမ်းကောင်း တံဆိပ်မရ သည့် ၂၅ နှစ်ပြည့်ဝန်ထမ်းများအကြား မတူညီသည့် စိတ်ခံစားချက်များရရှိလာနိုင်ခြင်း။ ပြည်သူအများစု မျှော်လင့်ထားသည့် ကားစျေးနှုန်းကို ယခင်ကလို ကားငယ်များ ကျပ်သိန်း ၁၀၀ ဝန်း ကျင်ဖြင့် ကားအသစ်များ စီးချင်သည့် စိတ်ဆန္ဒများမှ ကင်းဝေး သည်ထက် ကင်းဝေးစေခြင်းများ ဖြစ်ပေါ်လာနိုင်လျက်ရှိသည် ဟု ဆိုကြသည်။
.
ကားပါမစ်ကိစ္စတွင် ပြည်သူနှင့်အတူ ဆိုတာကို သွေဖည် သွားသည်ဟု NLD ပါတီ၏ ဗဟိုသုတေသနမှူးဟောင်း ဦးမျိုး ရန်နောင်သိမ်းက ပြောသည်။ ၄င်းက`အခွင့်ထူးခံ လူတန်းစား တွေကို မကြိုက်လို့ တော်လှန်ခဲ့တာ။ ပြည်သူနဲ့အတူ ဆိုရင် ပြည်သူနဲ့အတူပဲ ဖြစ်ရမယ်လေ။ ပြည်သူတွေကျတော့ အခွန် ဆောင်ရမယ်။ ဒီအချိန်မှာ ညွှန်ချုပ်အထက်ဆိုတော့ ၊ ညွှွန်ချုပ် နဲ့အထက်ဆိုတာက ဘက်ပေါင်းစုံက ပိုက်ဆံရနေတဲ့ လူတန်း စားတွေပါ။ ကားပါမစ်ပေးတဲ့ ကိစ္စကတော့ အခွင့်ထူးခံပေးသ လို ဖြစ်နေတယ်။ ဒါက အကျင့်ပျက်ခြစားမှုကို လမ်းစပေးသလို ဖြစ်နေတယ်။ တစ်ကယ်တမ်း ဖြစ်သင့်တာက သာမန်ပြည်သူ တွေကို ပေးသင့်တာ`ဟု ပြောကြားသည်။
.


.
MAMDA အသင်းမှ ဒေါက်တာ စိုးထွန်းက Bottom to up အစီအစဉ်အဖြစ် ပထမဆင့် အနေဖြင့် လုပ်သက်အများ ဆုံး အသက်(၆၀)ပြည့်ခါနီး လစာအနည်းဆုံးရ ဝန်ထမ်းများ (ဥပမာ-သန့်ရှင်းရေး၊ တပ်သား၊ နယ်ခြားစောင့်ရဲသား၊ မူလ တန်းပြ)အောက်ခြေ ဝန်ထမ်းများကို အရင်ဆုံးထုတ်ပေးရန်။ အ စောဆုံးထွက်သည့် ကားပါမစ်က စျေးအမြင့်ဆုံးရမည်ဖြစ်သ ဖြင့် အငြိမ်းစား ယူခါနီး လစာနည်းဝန်ထမ်းများ ကားပါမစ်ရောင်း ပြီး ရသည့်ငွေဖြင့် နေစရာ၊ အရင်းအနှီးလေးရဖို့ပါ။ တစ်လအ ကြာတွင် လုပ်သက် ၃၀ နှစ် မူလတန်းကျောင်းအုပ်၊ သူနာပြု၊ တပ်ကြပ်ကြီး စသည်များ၊ နောက်တစ်လအကြာတွင် အရာရှိ ငယ်များ၊ တစ်လအကြာတွင် လက်ညွှန်၊ဒုညွှန်၊ ညွန်မှူး နောက် ညွန်ချုပ် ၊ နောက် ဒုဝန်ကြီး ၊ ဝန်ကြီး စသဖြင့် ရာထူးအငယ်ဆုံး ( အဆင်းရဲဆုံး) ကို အရင်ပေးပြီး ရာထူးအကြီးဆုံးသူက နောက် ဆုံးမှ အခွင့်အရေးယူပါ နောက်ဆုံး ပါမစ်စျေးမှာ မရောင်းရ သည့်အထိ ဖြစ်နိုင်သဖြင့် ကိုယ်တိုင်စီး ၊ မယူတော့သည့်အနေ အထား ရောက်သွားနိုင်သဖြင့် အများပြည်သူများလည်း နည်း နည်း ကျေနပ်သွားလိမ့်မယ် ထင်ပါသည်ဟု ဆိုသည်။
.

ဤနေရာတွင် နိုင်ငံရေးဖွင့်ဆိုချက် ဖြစ်သည့် elitism (လက်ရွေးစင် အထက်လွှာ အဓိကဝါဒ)ကို ညွှန်းလိုသည်။ အ မြင် ၃ ခုရှိရာ ထင်မြင်ယုံကြည်ချက်(၁) ပထမအနေဖြင့် ပလေ တို (Plato) ၏ Republic ကဲ့သိုသော နိုင်ငံရေးဒဿနမှ ဆင်း သက်လာသည့် ယေဘုယျ နောက်လိုက်အမြင်ဖြစ်သည့် အစိုးရ သည် အခြေခံ သဘောတရားအားဖြင့် အမြဲတမ်း မည်သည့်နေ ရာ၌မဆို လူ့မလိုင် အထက်လွှာအတန်းအစားများဖြင့်သာ ဘောင်ခတ်ထားသင့်သည်ဆိုမှုကို လည်းကောင်း၊  ထင်မြင်ယုံ ကြည်ချက်(၂) အဖြစ် ဟျူမ်း(Hume)၏ `သင့်သည့် ဆိုသည်မှာ နိုင်သည်ကို သွယ်ဝိုက်ညွှန်းဆိုသည်`ဆိုသည့် (ought implies can)ဟူသော နီတိ၏နောက်လိုက် အစိုးရသည် လက်တွေ့လုပ် ဆောင်ရာ၌ လူ့မလိုင် အထက်လွှာ လူတန်းစားများဖြင့်သာ ကန့်သတ်လုပ်ဆောင်သည် ဆိုသည့် ဖွင့်ဆိုချက်ကိုလည်း ကောင်း။ ထင်မြင်ယုံကြည် ချက်(၃)အရ  ရှုးပီတာ (Schumpe-ter)၊ ပလေတို တို့ထံက စောဒကတက်မှုများဖြင့် ရှင်းထုတ်ခဲ့ သည့် အစိုးရသည် လက်တွေ့၌ လက်ရွေးစင် အထက်လွှာများ ဖြင့် ကန့်သတ်ဘောင်ခတ်ထားသည် ဆိုသည့် အထက်လွှာ များ၏ ကိုယ်ကျိုးမျှော်မှုအလို့ငှာ အုပ်ချုပ်မှုဖြစ်သည် ဆိုသည် ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်ရန် ဖော်ပြအပ်ပါသည်။
.
ဒီမိုကရေစီဟူသည် လူတစ်စုအကျိုးစီးပွားထက် လူထုအ ကျိုးစီးပွားအတွက် တန်းတူညီမျှ နည်းလမ်းဖြစ်သည်ဟု ဆို လျှင် elites လူ့မလိုင် လူတန်းစား အဓိကဖော်ဆောင်မှု ဆို သည်မှာ ဒီမိုကရေစီမှ သွေဖည်ခြင်းဟု ဆိုရမည်သာ။ ကားပါ မစ်ကိစ္စသည် အတန်းအစားများကို ခွဲခြားစေရာ ရောက်သည် ဆိုလျှင် ဝန်ထမ်းကြီးနှင့် ဝန်ထမ်းငယ်၊ ဝန်ထမ်းနှင့် အရပ်သား၊ အစိုးရနှင့် လူထု၊အခွင့်ထူးခံနှင့် အခွင့်မရ လူတန်းစား၊ အခွန် လွတ်အခွင့်အရေးနှင့် အခွန် ၃ ရာခိုင်နှုန်းဖြင့် အမည်ပြောင်း ခွန်အတွက် ရုန်းကန်နေရသည့် အခွင့်အရေးမရသူများ စသည်ဖြင့် တန်းတူညီမျှ ဆိုသည်ကို ကွဲပြားစေကြောင်း ပေါ်လွင်လာသည်။  ဤသည်မှာ equal opportunity တန်း တူ အခွင့်အရေးသည် ဆန့်နိုင်ကျုံ့နိုင်သည် ဆိုသည့် အရှင် သဘောတရားကို ပြဆိုခြင်း ဖြစ်သည်ဟုဆိုလျှင် မှားမည် မ ဟုတ်ပေ။
.
ပြန်ကောက်ရသော် ယခင်အစိုးရလက်ထက် 9/E 1000 ကျော် နံပါတ်များ ချပေးစဉ်က ပါမစ်တစ်စောင် ၅၀၀ မှ ၁၅၀၀ စျေး ရှိခဲ့သည်တွင် ရှားပါး၍ အမေရိကန်ဒေါ်လာ ၅ သိန်းဝန်း ကျင်တန် ကားများဖြစ်သည့် ရိုးလ်ရွိက်စ် လိုကားမျိုးအပါ ဖယ် ရာရီ ၊ လမ်ဘော်ဂနီ၊ ဖန်တွန်ကားများ ပါဝင်သည့် ကားစီးရေ ၁၁၁၀ စီး ထုတ်ပေးထားကြောင်း ယင်းတွင် တိုင်းရင်းသားခေါင်း ဆောင်များအတွက် အခွန်မဲ့ ကား ၃၇၀ စီး၊ ၆၀ ရာခိုင်နှုန်းဖြင့် စီးရေ ၇၄၀ စီး ကို လိုင်စင်ထုတ်ပေးခဲ့ကြောင်း ဧရာဝတီသတင်း ဂျာနယ်က ဖော်ပြချက်တွင် ပါရှိသည်။ ယင်းကားများကို ပါမစ် ဝယ်သူ ခရိုနီများက ဝယ်ခဲ့ကြခြင်းဖြစ်သဖြင့်  အခွန်အရပ်ရပ် နစ်နာမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိနိုင် သည်ဟု ဖော်ပြခဲ့ရာ အဆိုပါ ပမာဏသည် အများပြည်သူ စီး နေသည့် ကားစီးရေ ၄ သိန်းကျော်မှ ရရှိသည့် အခွန်ပမာဏ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိနေသည်ဟု ဆို သည်။
.
သို့ဆိုလျှင် ကားပါမစ်နှင့် ပတ်သက်လာလျှင် မည်သူတွေ အခွင့်ရကြသနည်း၊ မည်သူများ အမြတ်ရကြသနည်း၊ ဆိုရသော် အခွင့်ထူးခံ လူတန်းစားနှင့် ပေါင်းစား ခရိုနီများသာ ဖြစ်မည် ဖြစ်ပြီး အများပြည်သူက ပါဝင်မည် မဟုတ်ချေ၊ နစ်နာသူမှာ နိုင်ငံတော် ဖြစ်သည်ဟု ဆိုလျှင် ထိုနိုင်ငံတော်တွင် အဓိကပါ ဝင်သည့် အများပြည်သူသာ နစ်နာရခြင်း ဖြစ်သည်၊ အခွန်မရ ခြင်းကြောင့် လူထုအမှန်တကယ် လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် မည်မျှနစ်နာစေမည်ကို Policy Maker များ သိနိုင်ရန် အကြံပြုရခြင်း ဖြစ်ပါသည်။
.
ယခုဆောင်းပါးကို ၂၀၁၄ခုနှစ်၊ ဇွန်လ ၅ ရက်က RFA က ပုံမှန်တင်ဆက်နေသည့် ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်တွင် ဆက်သွယ်မေးမြန်းမှု မှတ်တမ်း တွင် ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်ဖြင့် အဆုံးသတ် လိုပါသည်။
.
DASSK `ဒီလို ကားပါမစ်တွေ မြေကွက်တွေ ဘာတွေ ဒီ လို အချိန်မှာလည်း မလိုချင်ပါဘူး။ အခု ပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့ လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ ကျွန်မတို့ပါတီအနေနဲ့ ဒီလို မြေကွက် တွေလည်း အလကား မယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မ လိုပါဘူး` RFA (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်က သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော် မရှင်က နိုင်ငံတော်သမ္မတထံ တင်ပြထားတဲ့ မြေကွက်နဲ့ ကား သွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်)
.
မြန်မာနိုင်ငံ၏ လက်ရှိ ကားစီးနေသည့် အတန်းအစားဟူ ၍ ၃ မျိုး တွေ့ပါမည်။ ယင်းတို့မှာ မိသားစု လိုအပ်ချက်ဖြင့် ရှိသည့်ငွေဖြင့် နိုင်သည့် Without ကားစီး လူတန်းစား။ မိမိတို့ စုဆောင်းငွေဖြင့် တရားဝင် ဝယ်ယူစီးနင်းနေသည့် လိုင်စင်ကား စီး လူတန်းစားနှင့် ခရိုနီနှင့် အခွင့်ထူးခံ လူတန်းစားများမှ အ ကောင်းစား ကားများ စီးနင်းနေသည့် ရေပေါ်ဆီ ကားစီးလူ တန်းစားတို့ဖြစ်ကြကြောင်း သိရှိရသည်။
.
အဆိုပါ လူတန်းစား ၃ မျိုး အနက် Without ကားစီး လူ တန်းစားမှာ လိုင်စင်ဘီး မတတ်နိုင်သဖြင့် ဥပဒေကို မျက်နှာ လွှဲကာ စီးနင်းနေသူများပါသလို အခြားငွေကြေး တတ်နိုင်သူ များလည်း ပါရှိပြီး လိုင်စင်ဘီးတွင်လည်း မမှန်ကန်သည့် စျေး ကွက်စီးပွားရေးအရ ကားဟောင်းများအပေါ် အမြတ်ရအောင် ရောင်းချနိုင်သည့် ဝယ်/ရောင်းများအပြင် ကားစီးရေ ရာထောင် ချီ တင်သွင်းကာ စျေးကစားနေသည့် ခရိုနီအကြီးစားများပါ လူ ထုအတွင်း ရောယှက်ပါဝင်နေသည်ဟု သိရပြီး ရေပေါ်ဆီကား စီးလူတန်းစားကမူ ယခုသူဌေးကြေးပံ့ ရည်ညွှန်းမှုတွင် ပါဝင် ပါသည်။
.
နိုင်ငံတော်၏ အဓိက လူတန်းစား ဖြစ်သည့် အရပ်သားအ ခွန်ထမ်း လူထု၏ အနေဖြင့် အလွန့် အလွန် တောင်းဆိုခြင်း မ ဟုတ်သည့် မိသားစုလိုအပ်ချက်အရ သင့်တင့်လျောက်ပတ် သည့် ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားငယ်များကို တရားဝင် ဝယ်စီးခွင့် ရရှိ်မည်ဆိုလျှင် အတိုင်းထက်အလွန် ဖြစ်ပါမည်။
.
လက်ရှိ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းသို့ ရောက်ရှိပါပြီ၊ အစိုးရ သက်တမ်း ၅ နှစ်၏ နောက်ဆုံးနှစ်လည်း ရောက်ရှိလာ သည်နှင့်အမျှ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးလည်း နှစ် ကုန်ပိုင်းတွင် ကျင်းပတော့မည်ဖြစ်ရာ နို်င်ငံတော်၏ အရင်း အမြစ်ဖြစ်သည့် ပြည်သူများသည် ၄င်းတို့၏ ဆန္ဒမဲများကို ၄င်း တို့ကြိုက်နှစ်သက်သည့် ပါတီသို့ မဲပေးကြရန် ယခုကတည်းက ကြိုတင်ရွေးချယ်နေကြပြီ ဖြစ်ပါ၍ ပြည်သူလူထုအကျိုးစီးပွား ကို အမှန်တကယ် ဖော်ဆောင်နိုင်သော လူထုအစိုးရ အစစ် တစ်ရပ်ကို မျှော်လင့်နေကြကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats