သိန္နီ၌ တရားမဝင် သစ်များ ဖမ်းမိသော်လည်း ယာဉ်မောင်း ထွက်ပြေး လွတ်မြောက်သွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Thursday, January 2, 2020

သိန္နီ၌ တရားမဝင် သစ်များ ဖမ်းမိသော်လည်း ယာဉ်မောင်း ထွက်ပြေး လွတ်မြောက်သွား

ကိုညီ(သိန္နီ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင် သယ်ဆောင်လာသော သစ်များ ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းက ဖမ်းမိခဲ့သော်လည်း ယာဉ်မောင်း ဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
.

ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် ရေပူစစ်ဆေးရေးစခန်းအတွင်း စစ်ဆေး ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရေပူစစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်လှည့်ကင်းအဖွဲ့မှ လားရှိုး-မှုဆယ်လမ်းပေါ်ရှိ မိုင်းလီနတ်စင်အနီး မှတ်တိုင်အမှတ် ၁၉၄ မိုင်/၆ ဖာလုံ အနီးတွင် မော်တော်ယာဉ် တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် တမလန်းဓါးရွှေသစ် ၇ တုံး (ဝ.၃၅၅၄ တန်) နှင့် ပိတောက်ခွဲသား ၂၂ ချောင်း (ဝ.၂၄၉၀ တန်)အား ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် သစ်များအား လားရှိုးမြို့နယ်သစ်တောဦးစီးဌာနသို့ လည်းကောင်း၊ သယ်ဆောင်လာသည့် မော်တော်ယာဉ်အား သိန္နီမြို့မြို့မ ရဲစခန်းသို့ လည်းကောင်း ရေပူစစ်ဆေးရေးစခန်းမှ လွှဲပြောင်းပေးခဲ့ပြီး အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats