အောင်ပန်းရှိ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်မှု ၉ လကျော် ကြာမြင့်သည် အထိ မပြီးစီးသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, January 9, 2020

အောင်ပန်းရှိ ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်မှု ၉ လကျော် ကြာမြင့်သည် အထိ မပြီးစီးသေး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဗိုလ် မှူးကြီးဗထူး အထိမ်းအမှတ်ကျောက် တိုင် အသစ်ပြန်လည် တည်ဆောက် မှုလုပ်ငန်းများမှာ လကျော် ကြာ မြင့်လာပြီဖြစ်သော်လည်း ယနေ့အ ချိန်အထိ ပြီးစီးခြင်းမရှိသေးကြောင်း သိရသည်။
.
"အရင်က ဗိုလ်မှူးကြီး မွေးနေ့ ဇူလိုင်လ ၁၂ ရက်နေ့ အပြီးဆောက် မယ်လို့ ပြောထားတာရှိတယ် အခု ကျော်လာပြီ ဘာလို့မပြီး သေး လဲဆိုတာ မသိပါဘူးဟု အောင် ပန်းမြို့နေ ဒေသခံတစ်ဦးက ပြော သည်။
.

.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦး ခင်မင်းအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ ကျောက်တိုင်တည် ဆောက်ရေး ကော်မတီကို မေးမြန်း ရန်ပြောဆိုခဲ့ပြီး ကျောက်တိုင်တည် ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော် မင်းခိုင်အား ဆက်လက် မေးမြန်းရာ တွင်မူ ကန်ထရိုက်အပ်ထားသည့် တွက် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.

ကျောက်တိုင်ကော်မတီနဲ့ စည်းအဝေး လုပ်ပြီးမှ ရက်အတိအ ကျသိမှာပါ။ ငြမ်းဆင်ပြီးတိုင်တွေ ကြမ်းထောင်နေပါပြီ။ ငွေကြေးတို့၊ ပြီးမယ့်ရက်တို့က တည်ဆောက်ရေး ကော်မတီကပဲ အစည်းအဝေးလုပ်ပြီး ချပြပေးမှာပါ။ အခုထိတော့ မဆောင် ရွက်သေးပါဘူးဟု အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ကကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ဗိုလ်မှူးကြီးဗထူး အထိမ်းအမှတ် ကျောက်တိုင်ကို ၁၉၄၅ ခုနှစ်က တင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မူလ တည်ဆောက်စဉ်က ဘက်မြင့် ပုံ သဏ္ဍာန်ဖြစ်သော်လည်း ၁၉၆၅ ခု နှစ်တွင် ယင်းကျောက်တိုင်အားငုံ၍ ဘက်မြင်ပုံစံအဖြစ် ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအ သစ် တည်ဆောက်နေသည့် အထိမ်း အမှတ်ကျောက်တိုင်မှာ ဘက်မြင် ပုံသဏ္ဍာန်ဖြစ်ကြောင်း သိရသည်။
.
မိတ္ထီလာ-သာစည်-ကလော-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ အောင်ပန်း လမ်းပိုင်းအား လမ်းအဆင့်မြှင့်တင် ရာတွင် ယခင်ဗိုလ်မှူးကြီး ဗထူးအ ထိမ်းအမှတ် ကျောက်တိုင်မှာ လမ်း နယ်နှင့် မလွတ်ကင်းသည့်အတွက် ဖြိုချကာ နေရာပြောင်းရွှေ့ပြန်လည် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats