လစ်ဘရယ် ငြိမ်းချမ်းရေး သွေဖည်မှု၊ မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်နဲ့ အပစ်ရပ် နီးဝေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, January 9, 2020

လစ်ဘရယ် ငြိမ်းချမ်းရေး သွေဖည်မှု၊ မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်နဲ့ အပစ်ရပ် နီးဝေး


စိုင်းထွန်းအောင်လွင်
.
ကန့်မှသည် လစ်ဘရယ်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အကြောင်း တစေ့တကြောင်း
လစ်ဘရယ်ခေါင်းကို ဖခင်ဖြစ်တဲ့ အီမန်နျူရယ်ကန့်က ရေ ရှည်မှာ ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တင်ကူးအ ခြေအနေ ၃ ရပ် လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့တယ်။
.
(က)စစ်ရဲ့ အဖျက်စွမ်းအား ပိုပြင်းလာဖို့
(ခ)စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုမှုတွေ များလာဖို့
(ဂ)လစ်ဘရယ်ဒီမိုကရေစီ ဖွံ့ဖြိုးလာဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
.
စစ်အေးခေတ်ပြီးဆုံးပြီး ၁၉၉၀ ကျော် ကာလကနေ ၂၀၀၀ ပြည့်လွန်နှစ် ကာလတွေအတွင်း လူမျိုးစုံ ဘာသာစုံရှိနေပြီး အ မှတ်သရုပ်လက္ခဏာ ကွဲပြားမှုတွေရှိ တင်းမာမှုပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်တွေရှိခဲ့တဲ့ နိုင်ငံတွေမှာ နိုင်ငံတကာကနေ ဦး ဆောင်ပြီး ပြည်တွင်းစစ် ရပ်စဲရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး နဲ့ စျေးကွက်စီးပွားရေး အသွင်ပြောင်းမှုတွေကို တစ်ပြိုင်နက် တည်း ပြုလုပ်ခဲ့ကြတာတွေ ရှိပါတယ်။
.
ဒီလို ပဋိပက္ခတွေကနေတစ်ဆင့် ပဋိပက္ခရပ်စဲရေး၊ စျေး ကွက်စီးပွားရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး တစ်ပြိုင်နက် တည်း လုပ်တာကို လစ်ဘရယ်ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ခေါ်ဆို ကြပါတယ်။
.
ကုလသမဂ္ဂလည်း ငြိမ်းချမ်းရေး ကြားဝင်ဖြေရှင်းမှုတွေ နိုင် ငံအတော်များများမှာ လုပ်ခဲ့တာပါ။ အထွေထွေအတွင်းရေးမှူး ချုပ် ဘူထရိုစ့်ဂါလီက စစ်အေးခေတ်အပြီး ပဋိပက္ခကာကွယ် ရေးဟာ လူမှုဗေဒနဲ့ နိုင်ငံရေး ပြန်လည်တည်ဆောက်မှု ဖြစ် တယ်ဆိုပြီး အကြံပြုခဲ့တယ်။ အဲဒီ အကြံပြုချက်ကိုပဲ နောက် ပိုင်းမှာတော့ ဒီမိုကရက်တိုက်ဇေးရှင်းကိုလည်း ပဋိပက္ခကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်မှာ ထည့်သွင်းခဲ့တာပါ။
.
ဒီလို ကြိုးစားကြတိုင်းလည်း နိုင်ငံအများစုဟာ အောင်မြင် တာတော့ မဟုတ်ပါဘူး။
.
ပြန်ကြည့်ရင် စစ်အေးခေတ် အဆုံးသတ်မှု ကိုယ်တိုင်ကိုက စစ်ပွဲကြောင့် အဆုံးသတ်တာ မဟုတ်ခဲ့သလို ယူဂိုဆလားဗီး ယား ဆိုဗီယက်တို့လို နိုင်ငံတွေ ပြိုကွဲကုန်တာလည်း စစ်ပွဲကြောင့် မဟုတ်ပါ။ အမှတ်သရုပ် လက္ခဏာအကွဲအပြဲတွေ၊နဂိုပြည် ထောင်အဖြစ် စုထားကတည်းက အင်အားဖိအားနဲ့ သွတ်သွင်း မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ၊ လူမှုစီးပွား နိမ့်ကျမှုတွေက အဓိက ကျခဲ့ပါတယ်။
.
ဒါပေမဲ့ သူတို့ဆီကနေ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့တဲ့ နိုင်ငံတွေ အနေနဲ့ စစ်ပွဲ ပဋိပက္ခတွေအတွင်း ဆင်းသက်တာတွေ တော့ ကြုံခဲ့ရပါတယ်။
.
သီးခြားရပ်တည်လာခဲ့တဲ့ တချို့နိုင်ငံတွေက ရွေးကောက် ပွဲတွေ ကျင်းပတဲ့အဆင့်အထိ ရောက်ပေမယ့် ခိုင်မာ အား ကောင်းတဲ့ ဒီမိုကရေစီနိုင်ငံတွေ မဖြစ်လာတာ၊ တချို့ကတော့ ရွေးကောက်ပွဲ အာဏာရှင်စနစ်ထဲ ဆင်းသက်သွားတာ၊ တချို့ ဆိုရင် နိုင်ငံတွေ ခွဲထွက်သီးသန့်ရပ်တည်ကုန်တာအထိ ဖြစ် ကုန်ပါတယ်။
.
စစ်ပွဲပဋိပက္ခကနေတစ်ဆင့် ဒီိမိုကရေစီအဖြစ် ကူးပြောင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေတဲ့အကြားကပဲ ပဋိပက္ခ တင်းမာ မှုတွေ မရပ်ဘဲ ဆက်ဖြစ်ခဲ့တဲ့ နိုင်ငံတွေကိုကြည့်ရင် အမှတ်သ ရုပ်လက္ခဏာ ကွဲပြားမှုအပေါ် အခြေခံတဲ့ နိုင်ငံတွေ ပါဝင်တာ တွေ့ရပြီး ပဋိပက္ခကနေ ဒီမိုကရေစီ ကူးပြောင်းမှု မအောင်မြင် တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ လိုအပ်မှု အချက်တွေအ နက် အရေးကြီးဆုံး တင်ကူးလိုအပ်ချက်ဆိုင်ရာ အဆင့်တစ် ဆင့်ကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အုပ်စုတွေအကြား အပြန် အလှန် ကျေနပ်မှု ရှိစေလောက်တဲ့ ရလဒ် သဘောတူညီချက် တွေ မဖန်တီးပေးနိုင်တာကြောင့် (သို့မဟုတ်) ဒီမိုကရက်တိုက် ဇေးရှင်းမှာ အုပ်စုအားလုံး ပါဝင်နိုင်လောက်တဲ့ အခင်းအကျင်း မျိုး မဖန်တီးပေးနိုင်တာကြောင့်လို့ သုတေသန စာတမ်းက ဆို ပါတယ်။
.
နိုင်ငံတ ချို့မှာတော့ ပဋိပက္ခရပ်စဲရေးအတွက် ယာယီသ ဘောတူကြပေမယ့် ရေရှည်အဖြေထွက်နိုင်လောက်တဲ့ အခင်း အကျင်းမျိုး မဖန်တီးနိုင်တာ၊ အစကတည်းက တစ်ပွဲတိုး လုပ် ဆောင်မှုတွေနဲ့ ပဋိပက္ခရပ်စဲရေးအတွက် ချဉ်းကပ်အဖြေရှာမှု တွေကြောင့် ယာယီရပ်စဲပြီးနောက်ပိုင်းမှာ တိုက်ပွဲပဋိပက္ခတွေ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ (ဥပမာ လိုက်ဘေးရီးယား၊ အာဖဂန်နစ္စတန်နှင့် အိုင်ဗရီကိုစ့်)
.
ရွေးကောက်ပွဲ အာဏာရှင်စနစ်အောက် ကျကုန်တဲ့တိုင်း ပြည်တွေကတော့ ကမ္ဗောဒီးယား၊ ဟေတီ၊ ဘိုလီးဗီးယား တို့လို နိုင်ငံတွေပါ။
.
စာတမ်းအတွက် လေ့လာခဲ့မှုတွေထဲမှာ ဒီမိုကရေစီ အကူး အပြောင်းအတွက် သီအိုရီတွေနဲ့ အလေ့အကျင့်ဆိုင်ရာ၊ အာ ဏာရှင်စနစ်ကနေ ဒီမိုကရက်တစ် ကူးပြောင်းမှုအတွက် အရေး ပါတဲ့ အိလိတွေအကြားက နိုင်ငံရေး သဘောတူညီချက်တွေ၊ လူထုနိုင်ငံရေး နိုးကြားတက်ကြွမှု၊ နိုင်ငံရေးပါတီတွေ အား ကောင်းမောင်းသန် ဖြစ်မဖြစ်နဲ့ အခြေခံ ဥပဒေ တည်ရှိမှုနဲ့ပြောင်း လဲမှုဆိုင်ရာ၊ ရွေးကောက်ပွဲစနစ် ဒီဇိုင်းတွေအပြင်၊ အရပ်ဘက် အဖွဲ့အစည်းတွေ ပြန်လည်အားကောင်းလာမှု၊ အပစ်ရပ်စဲမှုက တစ်ဆင့် လုံခြုံရေးကဏ္ဍ တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ အပစ်ရပ်စာချုပ် အကောင်ထည်ဖော်နိုင်မှုဆိုင်ရာ စတဲ့အချက်တွေ ပါဝင်တာပါ။
.
စိတ်ဝင်စားစရာ တစ်ချက်ကတော့ ရှိနေတဲ့ နယ်နိမိတ်အ တွင်း အမှတ်သရုပ်လက္ခဏာ ကွဲပြားမှုတွေဟာ တသားတည်း အဖြစ် တူညီမှု မရှိဘူးလို့ ခံစားရတဲ့ နိုင်ငံတွေ၊ အဲဒီ သရုပ်လက္ခ ဏာ အကွဲအပြဲပေါ် မူတည်ပြီး ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေမှာ နိုင် ငံတော် တည်ဆောက်မှု (State Building) တွင် စီးပွားရေးတိုး တက်မှု၊ နိုင်ငံတော် တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနည်းကျ တာဝန်ခံနိုင်သည့် အစိုးရ၊ လူထု၏ နိုးကြား တက်ကြွမှု စသဖြင့် သာမန်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးအတွက် တင်ကူးလိုအပ်ချက်တွေ ရှိရုံနဲ့မလိုလောက်တဲ့အ ချက်ပဲ ဖြစ်ပါတယ်။
.
ဒါကြောင့် အဲလိုနိုင်ငံတွေမှာ နေးရှင်းဘေဒင်လို့ခေါ်တဲ့ အ မှတ်သရုပ်လက္ခဏာတွေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာနဲ့ ဘာ သာစကားဆိုင်ရာ ဘုံအမှတ် သရုပ်လက္ခဏာကို ရှာဖွေဖော် ထုတ်ဖန်တီးနိုင်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ (တစ်နည်း အားဖြင့် ဒီမိုကရက်တစ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဦးတည် ကြတာပါ)
.
ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်ဖို့ (က) နိုင်ငံရေး တည်ငြိမ်မှု (ခ) ဖြစ်စဉ်မှာ အဓိကကျတဲ့ အုပ်စု တွေအားလုံး ကိုယ်စားပြုမှုရှိရှိ ပါဝင်ဖို့ (သဘောက ပဋိပက္ခမှာ ပါဝင်ခဲ့တဲ့ ရန်သူဟောင်းများအကြား နှစ်ဘက်ရှိရင် နှစ်ဘက် သို့မဟုတ် ကွဲပြားမှုများရင် တတ်နိုင်သမျှ ကွဲပြားမှုအလိုက်အုပ် စုအလိုက် ပါဝင်မှုကို အကောင်အထည် ဖော်မယ့် ဒီမိုကရက် တိုက်ဇေးရှင်းဖြစ်စဉ်နှင့် လူမှုစီးပွား ပြောင်းလဲမှု လက်တွေ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့၊ ပါဝင်ခွင့် မရပါက ပြည် တွင်းစစ်လွန် လူ့အဖွဲ့အစည်းကို နိုင်ငံရေး တည်ငြိမ်အောင် တည်ဆောက်နိုင်မှာ မဟုတ်လို့ စာတမ်းက ဆိုတာပါ။
.


.
၈ နှစ်ကြာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပဋိပက္ခဆပွားကိန်း
အာဏာရှင်ခေတ်လွန်ကာလမှာ ပါတီစုံ အထွေထွေရွေး ကောက်ပွဲတွေ ကျင်းပတာ ဒီနှစ်အတွင်းမှာပဲ ၃ ကြိမ်မြောက်ရှိ တော့မှာ ဖြစ်သလို ၂၀၁၁ သြဂုတ်လက စခဲ့တဲ့ မြန်မာ့ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ဟာလည်း ၉ နှစ်တာကာလအတွင်း ဝင်ရောက် လာခဲ့ပါပြီ။ ပြည်သူ့စစ်နယ်ခြားစောင့်ဖွဲ့ရေး ငြင်းပယ်မှုကနေ တစ်ကျော့ပြန်လာတဲ့ ၁၀ နှစ်တာ ကာလအတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေကို ကြည့်ရင် တိုက်ပွဲဖြစ်ပွားတဲ့ နယ်နိမိတ် ဧရိယာက လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုမိုများပြားလာခဲ့တာလည်း တွေ့ရပါတယ်။
.
၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အေးရှားဖောင်ဒေးရှင်းရဲ့ သုတေသန စာတမ်းအရဆိုရင် မြန်မာနိုင်ငံက မြို့ပေါင်း ၁၁၀ လောက်ဟာ မတည်ငြိမ်တဲ့ နယ်မြေ (သို့မဟုတ်) ပဋိပက္ခတိုက် ပွဲဖြစ်ပွားတဲ့ နယ်မြေတွေအတွင်း ကျရောက်နေတာပါ။ အပစ် ရပ်စဲရေးဆိုတဲ့ အဆင့်ဆိုတာ နိုင်ငံရေးအရ အဖြေထွက်အောင် ရှာနိုင်သေးတဲ့အဆင့်မဟုတ်တဲ့အတွက် အချိန်မရွေး ပဋိပက္ခကို ပြန်ဆင်းသက်နိုင်တာကြောင့် မြို့နယ်တွေစာရင်းက ဒီလောက် များနေတာလည်း ဖြစ်ပါတယ်။
.
ပဋိပက္ခဆပွားကိန်းဆိုတာကလည်း ပြည်တွင်းစစ်ဒဏ်ခံရ တဲ့ လူ့အဖွဲ့အစည်းတွေမှာ တွေ့နေကျဖြစ်တဲ့ ကိစ္စတွေလို့ ဆို ကြတယ်။ နိုင်ငံရေး အုပ်ချုပ်ရေး အင်စတီကျူးရှင်းတွေနဲ့ ပြိုင် ဘက်ခုခံတဲ့ စစ်မက်တုံ့ပြန်တဲ့ အုပ်စုတွေအကြား ပေါ်လေ့ရှိတဲ့ ပြဿနာတွေကို စေ့စပ်ဆွေးနွေး အဖြေရှာမှု ကင်းမဲ့လာမှုတွေ တစ်ဖက်နဲ့ တစ်ဖက် အသာစီး ရရေးသာ ဦးတည်တဲ့ Sharp Power + Hard Power အသုံးပြုတဲ့ ဖြစ်စဉ်တွေက ပဋိပက္ခ ဆပွားကိန်းတွေ ပိုတိုးလာစေဖို့ တွန်းအားတွေ ဖြစ်နေတတ်ပါ တယ်။
.

တစ်ခါတစ်ရံမှာလည်း တစ်ပိုင်းတစ်စ ပြောင်းနေတဲ့ မရင့် ကျက်သေးတဲ့ ဒီမိုကရေစီ အကူးအပြောင်းရဲ့ တချို့အစိတ်အ ပိုင်းတွေ ကိုယ်တိုင်က ပဋိပက္ခတွေ ဖြစ်လာစေဖို့ ဖန်တီးပေးသ လို ဖြစ်တတ်တယ်။ အဓိကအားဖြင့် ကာလရှည်နစ်နာတဲ့ အုပ် စုတွေ၊ မပြည့်စုံသေးတဲ့ မရင့်ကျက်သေးတဲ့ အုပ်စုအားလုံးလွှမ်း ခြုံနိုင်မှု မရှိသေးတဲ့ ဒီမိုကရေစီလို စနစ်မျိုးမှာ အာဏာရနိုင်ခြေ နည်းတဲ့ လူအုပ်စုတွေ၊ ဖယ်ကြဉ်ခံရတဲ့ အုပ်စုတွေအနေနဲ့ ပြိုင် ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲလို စနစ်ကို လျစ်လျူရှုပြီး တ ခြားစနစ်တွေကို အားကိုးအားထားပြုတာတွေ လုပ်လေ့ရှိတာ ကြောင့်ပါ။
.
အဲဒီကာလတွေမှာ အတန်အသင့် ပွင့်လာတဲ့ ပြောရေးဆို ခွင့် မီဒီယာ လွတ်လပ်ခွင့်၊ ဖော်ထုတ်ခွင့်တွေကတစ်ဆင့် စည်း ရုံးပြောဆိုမှုတွေ ပိုလုပ်လာလို့ ရနိုင်တဲ့ အားသာချက်တွေလည်း ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆိုလိုလို့ တစ်စိတ်တစ် ပိုင်း ဒီမိုကရေစီက မကောင်းဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါ။ သုတေသန အချက်အလက်တွေအရတော့ ဒီမိုကရေစီဆိတ် သုဉ်းတဲ့ နိုင်ငံတွေမှာ ဆန့်ကျင်တော်လှန်ပုန်ကန်မှုတွေကိုအား ပြုတာ ပိုများပါတယ်။
.
အဲဖရက်စတီပန် အဆိုအရတော့ အမှတ်သရုပ်လက္ခဏာ ကွဲပြားမှု နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နိုင်သူအကုန်ယူ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုရင် အကွဲအပြဲနဲ့ ပဋိပက္ခတွေကို ပိုမိုဦးတည် တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
.
ဆောင်းပါးခေါင်းစဉ်က လစ်ဘရယ်ငြိမ်းချမ်းရေး၊ လစ်ဘ ရယ် ဒီမိုကရေစီနဲ့ ဆက်စပ်ထားတာကြောင့် အခု အထက်နှစ် ပိုဒ်မှာ ဖော်ပြတဲ့ စံရွေးကိုက်မဟုတ်တဲ့ ဒီမိုကရေစီစနစ်တွေ၊ တစ်ပိုင်းတစ်စ မဲပေးခွင့်လောက်သာ ရှိနေတဲ့ ဒီမိုကရေစီစနစ် တွေဟာ လစ်ဘရယ်ဒီမိုကရေစီစံရွေးကိုက်အဆင့် မဟုတ်တာ ကိုတော့ သတိပြုဖို့ လိုပါတယ်။
.
၂၀၁၁ ခုနှစ်လောက်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ပြန်စလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်ရင် နိုင်ငံရေးပြ ဿနာအပြင်၊ အကျိုးစီးပွား ရပ်တည်မှုဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံ တော် တည်ဆောက်နိုင်မှု ဆိုင်ရာ စိန်ခေါ်ချက်တွေ၊ စိတ်ဝမ်းကွဲ ပြားမှုနဲ့ တရားမျှတရေး တောင်းဆိုသံတွေအပြင်၊ တိုက်ပွဲတွေ အတွက် အုပ်စုဖွဲ့မှုတွေ၊ စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်အ တွင်း စွမ်းဆောင်ညှိနှိုင်းနိုင်စွမ်းနဲ့ ပထဝီနိုင်ငံရေး အခင်းအ ကျင်းအရပါ ရောပြွန်းတည်ရှိနေခဲ့ပုံ ရပါတယ်။
.
ကချင်စစ်ပွဲတကျော့ပြန်စဖြစ်တဲ့ ကာလက မြောက်ပိုင်းမှာ အဓိက ၄ ဖွဲ့လောက်သာ (KIO, UWSA, SSPP/SSA, NDAA/ မိုင်းလား) တို့လောက်သာ အဓိကအနေနဲ့ ရှိပေမယ့် နောက်ပိုင်းမှာ တစ်ကျော့ပြန်လာတဲ့ ကိုးကန့် MNDAA၊ ၂၀၁၉ ဝန်းကျင်မှာ ပြန်ဖွဲ့တဲ့ တအာင်းပလောင် TNLA၊ AA ရက္ခိုင့်တပ်မတော် တို့ဟာ အင်အား ကောင်းလာတဲ့ အဖွဲ့ သစ်တွေ ဖြစ်လာခဲ့ပါတယ်။
.
၂၀၁၁ ခုနှစ်ဝန်းကျင်က မြောက်ပိုင်းက အဓိက ၄ ဖွဲ့ရဲ့ အင်အားကို ကြည့်မယ်ဆိုရင်လည်း KIA ကချင် လွတ် မြောက်ရေး တပ်မတော်ဟာ တပ်မတော်နဲ့ တိုက်ပွဲ စဖြစ်တဲ့ ၂၀၁၁ ခုနှစ်လောက်က အင်အား ၃၀၀၀ လောက်သာ ရှိနေ သေးပြီး အဲတုန်းက စစ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ SSPP/SSA ဟာ ဆိုရင်လည်း အင်အား ၁၅၀၀ လောက်သာ ရှိနေခဲ့တဲ့အခြေအ နေပါ။ တိုက်ပွဲမဖြစ်ဘဲ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ၂၀၁၁ ခုနှစ်မှာ အပစ်ရပ်သက်တမ်းတိုးခဲ့တဲ့ UWSA တပ်ဖွဲ့နဲ့ မိုင်း လား NDAA တို့ဟာဆိုရင်လည်း အခုအခါမှာဆိုရင် အဲဒီကာလ ကထက် အင်အား များလာခဲ့ပါပြီ။ စစ်ရေးပြင်လေ့ပြင်ထ မရှိတဲ့ မိုင်းလားတောင် ၂၀၁၆ နောက်ပိုင်း ၃ နှစ်တာ ကာလအတွင်း စစ်သည်အင်အား ၆၀၀၀ လောက် ရှိလာခဲ့ပါတယ်။ SSPP/SSA, KIO တို့ကတော့ စစ်သည်အင်အား ၁၀၀၀၀ နီးပါးအထိ ရှိလာခဲ့တာပါ။ တစ်ဖက်မှာလည်း အသစ်ဖွဲ့တဲ့ အဖွဲ့တွေဖြစ် တဲ့ တအာင်းပလောင် TNLA, AA၊ ကိုးကန့် MNDAA တို့ဟာ တစ်စုံတစ်ရာ ခြိမ်းခြောက်နိုင်တဲ့ အင်အားအပြင် သူတို့မျိုးနွယ် စုတွေရဲ့ တစ်စုံတစ်ရာ ထောက်ခံမှုကိုပါ ရလာခဲ့တဲ့ အခြေအနေ မျိုး ထင်ထင်ရှားရှား မြင်လာရပါတယ်။
.
ဒီမိုကရေစီအရ သွားနေပြီလို့ တစ်ဖက်က ဆိုကောင်းဆို နိုင်ပေမယ့်လည်း လွှတ်တော်နှစ်ကြိမ် တိုင်းရင်းသားပါဝင်မှု အ ချိုးအစား၊ အာဏာချုပ်ကိုင်နိုင်တဲ့ ဗဟိုအစိုးရအတွင်း တိုင်းရင်း သား အမှတ်သရုပ် လက္ခဏာဆောင်သူတွေရဲ့ ပါဝင်နိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့်တွေကို ပြန်ကြည့်ရင်လည်း အုပ်ချုပ်ရေး အင်စ တီကျူးရှင်းတွေအပေါ် ယုံကြည်မှု တိုးပွားအောင် လုပ်နိုင် မ လုပ်နိုင် သံသယဖြစ်စရာ အခြေအနေတွေ ရှိနေပါတယ်။ (မှတ် ချက်- လွှတ်တော်တွေရဲ့ စွမ်းဆောင်ရည် ပါဝင်ကိုယ်စားပြုခွင့် ဆိုင်ရာ သုတေသန စာတမ်းတွေရှိပေမယ့် စာမျက်နှာ အကန့် အသတ်ရှိတဲ့ ဆောင်းပါးဖြစ်တဲ့အတွက် အကျယ်ချဲ့ မထည့် သွင်းလိုတော့ပါ။ လေ့လာလိုသူတွေအနေနဲ့ Reneaud Egreteau; Asia Foundation 2017, Parliamentary Development in Myanmar ဆိုပြီး အင်တာနက်ကတစ်ဆင့် ရှာနိုင်ပါတယ်။)
.
၂၀၁၅ ရွေးကောက်ပွဲ ပလောင်တိုင်းရင်းသားတွေ နေထိုင် တဲ့ ဒေသတွေမှာ အနိုင်ရပြီး ပြည်နယ်အဆင့်၊ ဗဟိုအဆင့် အုပ် ချုပ်ရေး ဥပဒေပြုရေးတွေမှာ အဓိကကျတဲ့ ဆုံးဖြတ်ပါဝင်ခွင့် မရတဲ့ တအာင်းပလောင်ပါတီက အမျိုးသမီး အမတ် တစ်ဦး ကတော့ နိုင်ငံရေးဖြစ်စဉ်မှာ တိုင်းရင်းသားတွေအနေနဲ့ ကျား ကွက် အရွှေ့ ခံနေရတယ်လို့ မီဒီယာတစ်ခုနဲ့ မေးမြန်းခန်းမှာ ထည့်သွင်း ဖြေဆိုထားပါတယ်။
.
ယေဘုယျအားဖြင့် ဒီမိုကရေစီနဲ့ ငြိမ်းရေးဖြစ်စဉ် အပြိုင် တည်ဆောက်ရင်း နည်းဗျူဟာနဲ့ မူဝါဒဆိုင်ရာ စိန်ခေါ်မှု ၄ ရပ် နဲ့ ကြုံရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ (၁) ငြိမ်းချမ်းရေး၊ နိုင်ငံ ရေး တည်ဆောက်မှု ဖြစ်စဉ်မှာ မည်သူကို ပါဝင်ခွင့်ပြုခြင်း၊ မည် သူကို ချွင်းချန်ကာ ပါဝင်ခွင့်မပြုခြင်း၊ (၂) ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ပါဝင်တဲ့ သူတွေအကြားမှာ နိုင်ငံရေးအရ တရားဝင်မှုနဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးထိရောက်လိုမှုအတွက် ဆန္ဒ တွေက တစ်သားတည်း ထပ်တူဖြစ်မနေဘဲ ပြိုင်ဆိုင်မှုတွေ ဖြစ် နေခြင်း၊ (၃) ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ချဉ်းကပ်ရာမှာဖြစ်စဉ် ကို ပူးတွဲ ပိုင်ဆိုင်ခွင့် အငြင်းပွားတာ၊ (၄) ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုအတွက် လိုအပ်မှုက ရေရှည်မျှော်မှန်းပြင်ဆင်ချဉ်း ကပ်မှုဖြစ်ပြီး ရေရှည်ဖြစ်စဉ် ချဉ်းကပ်မှုနဲ့ ရေတိုဖြေရှင်းရေးအ ယူအဆ အပြိုင်ဖြစ်နေတာမျိုးတွေလို့ ဆိုပါတယ်။
.
၁၉၉၂ အင်ဂိုလာ၊ ၂၀၀၀ လိုက်ဘေးရီးယားဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အဲဒီ ပြဿနာတွေကြောင့်ပဲ စစ်ပွဲတွေဆီကို ပြန် လည်ဆင်းသက်ခဲ့ရသလို ဟေတီနဲ့ အီသီယိုးပီးယားတို့မှာတော့ အာဏာရှင်ဆန်တဲ့ စနစ်မျိုးဆီ ပြန်လည်ဆင်းသက်ရတာတွေ ကြုံခဲ့ရတာပါ။ ဒါကြောင့်လည်း ပဋိပက္ခနဲ့ ပဋိပက္ခလွန်တိုင်းပြည် တွေမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်း အကောင်ထည်ဖော်မယ်ဆိုရင် ဖော်ပြခဲ့တဲ့ ဒီတင်ကူးအခြေအ နေ ၄ ရပ်နဲ့ နှိုင်းယှဉ်ဖို့ လိုတယ်လို့ ပါမောက္ခအင်နာဂျားစတတ် က မှတ်ချက်ပြုပါတယ်။
.
ဒီအကြောင်းတွေ ဘာလို့ အရှည်တဝေးပြောနေရသလဲဆို ရင် အခု ပဋိပက္ခတိုက်ပွဲပြင်းထန်စွာ ဖြစ်နေတဲ့ မြောက်ပိုင်းမ ဟာမိတ် ၃ ဖွဲ့ဟာ ပဋိပက္ခ ဆပွားကိန်းအရဖြစ်စေ၊ ပါဝင်ခွင့်ဆိုင် ရာ ချွင်းချန်မှုအရ ဖြစ်စေ၊ ဘေးထိုးသွေးထိုးလို့ ပေါ်လာတယ်ဆို ဆို ဆိုစေကာမူ သီအိုရီအရ ဆက်စပ်စဉ်းစားစရာရှိတဲ့ အခြေ အနေတွေကြောင့် ဖြစ်ပါတယ်။
.
၂၀၁၁ နယ်ခြားစောင့် ပြည်သူ့စစ်အရေး ဖိအားတွေ ကြုံ လာချိန် KIA နဲ့ ဝမ်ဟိုင်း SSPP အကြားက တအာင်းပလောင် တိုင်းရင်းသားတွေ နေထိုင်ရာဒေသမှာ TNLA ပေါ်လာမှုလို ကိစ္စ တွေ၊ ကချင်နဲ့ ဝမ်ဟိုင်းပဲ နှစ်စဉ် ထိုးစစ်ဒဏ် ခံနေရပြီး "ဝ" နယ် စပ်တွေမှာ တပ်မတော်က အင်အားတိုးချလာချိန် "ဝ"နဲ့မြောက် ပိုင်းအဖွဲ့တွေအကြား နယ်မြေမှာ ကိုးကန့် MNDAA ပြန်ပေါ် လာမှုတွေကလည်း ပဋိပက္ခ ဆပွားကိန်းနဲ့ သက်ဆိုင်နိုင်တဲ့ကိစ္စ ဖြစ်တဲ့အပြင်၊ နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့် မပါဝင် ခွင့်နဲ့ သက်ဆိုင်နိုင်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။
.
လိုင်ဇာမှာ အခြေချကာ အရှေ့မြောက်ဒေသမှာ အင်အား ကြီးလာတဲ့ AA ရခိုင်အဖွဲ့ကို ရခိုင်ပြန်စေဖို့ မြောက်ပိုင်းအ ဖွဲ့တွေက တွန်းအားပေးတာကလည်း စစ်မျက်နှာ တစ်ဖက် တည်းထက် တခြားဒေသကိုပါ ဖွင့်စေတဲ့ အယူအဆလည်းဖြစ် တဲ့အတွက် ပဋိပက္ခကြာလာလို့ ဆပွားတတ်တဲ့ အယူအဆ လည်း ထည့်ရမှာ ဖြစ်ပါတယ်။
.
တစ်ဖက်က ဒီလိုပြောလို့ တပ်မတော်ရဲ့ စိုးရိမ်မှုတွေကို ထည့်မစဉ်းစားတာတော့ မဟုတ်ပါ။ တိုင်းရင်းသားလက်နက် ကိုင်တွေ အင်အားများလာမှုကလည်း စစ်တပ်အနေနဲ့ စိုးရိမ်မှု ဖြစ်စေမှာ မလွဲဧကန်ပါပဲ။ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပူး တွဲအကောင်အထည်ဖော်ခွင့်ဆိုင်ရာ ကိစ္စမျိုးတွေကတော့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ပြီး အဖွဲ့တွေတောင် ကြုံနေရတဲ့ ကိစ္စ ဖြစ်နေတဲ့အတွက် အခုလို နိုင်ငံရေးဆွေးနွေးပွဲတွေ ကာလအ တန်ကြာ မဖြစ်မှုတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။ တကယ်လည်း နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ငြိမ်းချမ်း ရေးဖြစ်စဉ် အကောင်ထည်ဖော်မှုမှာ နှစ်ဖက် ပါဝင်သူတွေ အ ကြား ပူးတွဲပိုင်ဆိုင်တဲ့ ဖြစ်စဉ်အဖြစ် မတည်ဆောက်နိုင်ရင် ရေ ရှည်တည်တ့ံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အဖြစ် ဖော်ဆောင်နိုင်မှု မ ရှိသလောက်ပါပဲ။
.
ဒါတောင် ကုလသမဂ္ဂတို့ အမေရိကန်အပါအဝင် အနောက် နိုင်ငံတွေက အဆိုပြုခဲ့တဲ့ လစ်ဘရယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဟာ စစ်အေးခေတ်လို နိုင်ငံကြီးတွေအကြား ပြိုင်ဆိုင်မှု အုပ်စု ဖွဲ့နိုင်ငံရေး သြဇာခံစေမှုတွေ အားမကောင်းတဲ့ ကာလတွေမှာ အကြံပြုခဲ့တာပါ။
.
အခုလို အမေရိကန်လည်း ကမ္ဘာ့အရေး စိတ်မဝင်စားတော့ ဒီမိုကရေစီ မဟုတ်တဲ့ တရုတ်၊ ရုရှားတို့လို နိုင်ငံတွေ ပိုအတင့် ရဲလာတဲ့ကာလမှာ သူတို့အကျိုးစီီးပွားနဲ့ သက်ဆိုင်တဲ့ ဒေသ တွေက ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတဲ့ ကိစ္စဟာ စိန်ခေါ်မှု များစွာရှိလာပါတယ်။
.
လစ်ဘရယ် ငြိမ်းချမ်းရေးမဟုတ်တော့တဲ့ မြန်မာ့ငြိမ်းချမ်းရေး
၈ နှစ်ကြာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်ရင် NCA စာချုပ် ဖန်တီးတဲ့ ရည်ရွယ်ချက်က အပစ်ရပ်မယ် သေနတ်သံ တိတ်အောင် လုပ် နိုင်ငံရေး ဆွေးနွေးမှုတွေကနေ တစ်ဆင့် ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စု တည်ထောင်ကြမယ်ဆိုတဲ့ ရည်မှန်းချက်တွေ အတန်သင့်ရှိခဲ့ပုံပါပဲ။ တစ်နည်းအားဖြင့် လစ်ဘရယ် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု အစိတ်အပိုင်းတွေ လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ NCA စာချုပ် လက်မှတ်မထိုးခင် ပါဝင်ခွင့်ကိစ္စ အငြင်းပွားမှု စပေါ်လာသလို နိုင်ငံရေး ဆွေးနွေးပွဲအတွက် လည်ပတ်မှုဆိုင်ရာ မူဘောင် ကိစ္စတွေ၊ စာချုပ် ပူးတွဲ အကောင်ထည်ဖော် ဖြစ်စဉ် ပူးတွဲ ပိုင်ဆိုင်နိုင်ရေး အငြင်းပွားမှုတွေက တစ်ဆင့် အစိုးရ၊ တပ် မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား သုံးပွင့်ဆိုင် မယုံကြည်မှုတွေ တိုးလာကာ ယနေ့ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ NCA အပစ်ရပ်တွေနဲ့လည်း ရှေ့တိုးအောင် မလုပ် နိုင်၊ NCA မထိုးထားတဲ့အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန် ဆိုတဲ့ အခြေအနေ ရောက်လာတာပါ။
.
တစ်ချိန်တည်းမှာလည်း ယခင် ပထမအကြိမ် သက်တမ်း ကာလ EU လို အဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့ ပြည်တွင်းကပဲ ကြားဝင်ဆွေး နွေးမှုနဲ့ စခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးကစားပွဲရဲ့ ဘောလုံးဟာ ဒီ မိုကရေစီတို့ လစ်ဘရယ် ငြိမ်းချမ်းရေးတို့နဲ့ နီးစပ်မှု သိပ်မရှိတဲ့ တရုတ်နယ်စပ်နားကို ရောက်သွားခဲ့သလို တရုတ်အခန်းကဏ္ဍ ကလည်း ကြီးထွားလာခဲ့ပါပြီ။
.
တရုတ်အနေနဲ့ NLD တက်စ အစောပိုင်းမှာတော့ သူ့နယ် စပ်က အဖွဲ့တွေကို တစ်စုံတစ်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး တရုတ်မှာ ကျင့်သုံးသလို တစ်နိုင်ငံ စနစ် ၂ မျိုး (ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီ၊ တရုတ်ပြည်မ တစ်ပြည် ထောင် ကွန်မြူနစ်ပါတီ အုပ်ချုပ်) သလို မိတ်ဆက် အကြံပြု မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရုတ် ဘက်က သူ့နယ်စပ် တည်ငြိမ်ရေး၊ စီမံကိန်း စီးပွားရေးလမ်းကြောင်းတစ်လျှောက် ပဋိပက္ခ ရပ်စဲရေးကိုသာ အဓိကထားပါတော့တယ်။
.
NCA အပစ်ရပ်တွေနဲ့ သွားနေတဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆို ရင်လည်း ၂၁ ပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွေက ရထားတဲ့ သ ဘောတူညီချက်အချို့ဟာ အခြေခံဥပဒေ ပြင်ဆင်ချက်အဖြစ် ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုး မရှိတော့ပါ။
.
ပဋိပက္ခတွေ ပြင်းထန်နေပြီး နိုင်ငံရေးပြဿနာအဖြစ်ထင် ထင်ရှားရှားပေါ်နေတဲ့ ရခိုင်လိုပြည်နယ်မှာတော့ အမှတ်သရုပ် လက္ခဏာ နိုင်ငံရေးကို ဖြေရှင်းဖို့ထက် ဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ အစိုးရက ယုံကြည်နေပါတယ်။ ဖွံ့ ဖြိုးရေးက တစ်ခါတစ်ခါ ပဋိပက္ခ ဖြေရှင်းမှုမှာ အရေးပါပေမယ့် လည်း စီးပွားရေးဟာ အလိုရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေမယ်ဆိုတဲ့ အယူအဆဟာ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး တွေးပူသူတွေ ရှိပါတယ်။
.
တိုးတက်လာတဲ့ စီးပွားရေးက လက်တစ်ဆုပ်စာ လူတန်း စားအတွက်ပဲ ဖြစ်မလား ဓနရှင်ပေါက်စ ခရိုနီခရိုပြာတွေအတွက် လား ဒေသခံတွေကို မျှဝေနိုင်ပါ့မလားဆိုပြီးတော့ပါ။
.
နောက်တစ်ချက်ကတော့ လစ်ဘရယ်ငြိမ်းချမ်းရေးဖြစ်စဉ် ဂိုက်တံနဲ့ ပြန်ယှဉ်ရင် ဒီမိုကရေစီစနစ်ကောင်းတစ်ရပ် ဖြစ်လာ ဖို့အတွက် အရေးပါတဲ့ နိုင်ငံတော် တည်ဆောက်ရေး (ဝန် ဆောင်မှုပေးခြင်း၊ လူမှုဘဝ လုံခြုံရေး၊ အချုပ်အခြာအာဏာ) စီးပွားရေးတိုးတက်မှု၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနည်း ကျ တာဝန်ခံအစိုးရစတဲ့ ဂိုက်တံတွေက အားကောင်းမောင်း သန် ဖြစ်မလာဘဲ အပစ်ရပ်တွေနဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကလည်း တပ်မတော်ရဲ့ သဘောထားကိုအစိုးရအ နေနဲ့ မလွန်ဆန်နိုင်မှုနဲ့အတူ ရှေ့တိုးအောင် မလုပ်နိုင်တော့ပါ။ ဆောင်းပါးအစပိုင်းမှာ ဖော်ပြခဲ့တဲ့ လစ်ဘရယ်ခေါင်းကိုင် ဖခင် ကန့်မိန့်ဆိုတဲ့ တင်ကူးအခြေအနေ ရောက်ဖို့ကလည်း မှန်းလို့ မကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ ဒီမိုကရေစီ ကူး ပြောင်းမှုကော ငြိမ်းချမ်းရေးပါ ရပ်တန့်မှုတွေနဲ့ ကြုံရတာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်မှုနဲ့ သွားနေတဲ့ မြောက်ပိုင်း NCA မထိုးအဖွဲ့ တွေလို ကိစ္စကတော့ လစ်ဘရယ်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပိုဝေး ကွာနိုင်တဲ့ ယူဆချက်တွေနဲ့ပါ ချဉ်းကပ်နေကြပြီ ဖြစ်ပါတယ်။
.
မြောက်ပိုင်းသုံးဖွဲ့အပစ်ရပ် ကြေညာချက် ၊ စဉ်းစားရဦးမယ့် ထို ၄ ချက်
ငြိမ်းချမ်းရေးဖြစ်စဉ် တန်းတူပါဝင်ခွင့် ငြင်းပယ်ခံ တအာင်း ပလောင် TNLA ၊ MNDAA ကိုးကန့် ၊ AA ရက္ခိုင့်တပ်မတော်တို့ ရဲ့ နောက်ပိုင်း နိုင်ငံရေး ရပ်တည်ချက်ကလည်း တခြားတိုင်းရင်း သား အဖွဲ့တွေလို ဖက်ဒရယ်တောင်းတဲ့ အသံမဟုတ်ပြန်ပါ။ "ဝ"ခေါင်းဆောင်တဲ့ FPNCC အဖွဲ့မှာ ပါဝင်တဲ့ ၃ ဖွဲ့မှာ တဖွဲ့က ကွန်ဖက်ဒရေးရှင်း လိုချင်တယ်ဆိုလို့ အပစ်ရပ်စာချုပ်အရ ဖက် ဒရယ်စနစ်ကို ဦးတည်ဆွေးနွေးနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ် စဉ်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတယ်။ တစ်ဖွဲ့ကလည်း "ဝ" ဦး ဆောင်တဲ့ နိုင်ငံရေး ဦးဆောင်မှုအောက် လိုက်မယ်လို့ ကြေ ညာထားပြီးဖြစ်သလို ၃ ဖွဲ့စလုံးက လစ်ဘရယ်ငြိမ်းချမ်းရေး ဖြစ်စဉ်တို့  ဖက်ဒရယ်တွေ အသံ သိပ်မပြောကြပါ။
.
၂၀၂၀ နှစ်သစ်ကူးနေ့မှာတော့ ၃ ဖွဲ့ပေါင်းပြီး ယာယီတ ဖက်သတ် အပစ်ရပ် သက်တမ်း ၂ လ တိုးမယ်ဆိုတဲ့ ကြေငြာ ထားတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အထောက်အ ကူ ဖြစ်စေဖို့လို့ဆိုတယ်။ ဒါပေမဲ့လည်း တပ်ဘက်က လာတိုက် ရင်တော့ ပြန်တိုက်မယ်ဆိုတဲ့ သဘောပါ။
.
စစ်တပ်ဘက်ကတော့ ၃ ဖွဲ့အနေနဲ့ အပစ်ရပ်လက်မှတ် ထိုးဖို့လိုတယ်လို့ သတိပေးထားတယ်။
.
ပြန်ကြည့်ရင် ၃ ဖွဲ့အပါအဝင် KIA လည်းပါဝင်တဲ့ မြောက် ပိုင်း ၄ ဖွဲ့နဲ့ အစိုးရ တပ်မတော်တို့အကြား နောက်ဆုံးဆွေးနွေး ပွဲတွေဟာ သဘောတူညီချက် လောက်လောက်လားလားရခဲ့တာမဟုတ်ပါဘူး။
.
အဲဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးမယ် လို့ ဆိုထားပေမယ့် သူတို့ရဲ့ တပ်တွေကို အရေအတွက်ချုံ့ပစ်ဖို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား ဆက်စပ်နေတဲ့ နယ်မြေတွေကို ကန့် သတ်ပစ်ဖို့ တပ်မတော်ဘက်က အဆိုပြုထားတာပါ။
.
ဥပမာ AA ဆိုရင် လိုင်ဇာမှာပဲ နေဖို့ ၊ TNLA ပလောင်ဒေသ နမ့်ဆန်မှာပဲ နေဖို့နဲ့ ကိုးကန့်တပ်ဖွဲ့ ဟုန်အိုင်ဒေသမှာသာ နေ ရေးဆိုတဲ့ ကိစ္စမျိုးတွေပါ။
.
တစ်ချိန်တည်းမှာလည်း ရခိုင်အရေး ICJ မှာ သွားရှင်းရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ AA ကို ရည်ညွှန်းပြောဆိုခဲ့ပြီးဖြစ် သလို ဘင်္ဂလားဒေ့ရှ်ရောက်မွတ်ဆလင် ပြန်လည်လက်ခံရေး နဲ့ သူတို့ရဲ့ စွန့်ခွာသွားရာဒေသတွေမှာ AA က ဝင်ရောက်အခြေ ချနေတဲ့ ကိစ္စတွေလို ရှုပ်ထွေးမှုတွေကလည်း ရှိနေပါတယ်။
.
နောက်ပိုင်းမှာ KIA အနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ အတန် ငယ်ခွာပြီး နေနေပေမယ့် ရခိုင်တပ်တွေကို လိုင်ဇာမှာ လက်ခံဖို့ ဆိုတဲ့ ကိစ္စမျိုးက လက်ခံဖို့ ခက်ပါတယ်။
.
AA အနေနဲ့လည်း လက်ရှိရခိုင်နဲ့ ပလက်ဝနယ်ဘက် ရှိနေ တဲ့ တပ်အရေအတွက်တွေ လျှော့ပြီးမှ ဖြစ်စေ အပစ်ရပ်စဲတာ မျိုးလုပ်ဖို့ အစီအစဉ်ကလည်း လက်ရှိအခြေအနေအရ လက်ခံ နိုင်ဖို့ ခက်ခဲမှာ မုချဧကန်ပါပဲ။
.
မြောက်ပိုင်း ၃ ဖွဲ့ တစ်ဖွဲ့ချင်းအရဖြစ်စေ  အပစ်ရပ်စဲရေး လမ်းကြောင်းပေါ် ဆွဲသွင်းနိုင်ဖို့ ဆိုရင် စဉ်းစားစရာအချက် ၄ ချက် ရှိနေပါတယ်။
.
စေ့စပ်ညှိနှိုင်း အဖြေရှာရာမှာ နိုင်ငံရေး ရပ်တည်ချက် (position ) တွေနဲ့ လိုလားချက်  ( Interest )ကို သိဖို့လိုပြီး ရပ် တည်ချက်တွေကို ဆွေးနွေးရာမှာ ခက်ခဲပိတ်ဆို့မှုတွေဖြစ်တတ် တဲ့အတွက် လိုလားချက် ( Interest  )ကို သိမယ်ဆိုရင် လို လားချက်တွေကို ညှိယူနိုင်မှာ ဖြစ်တယ်လို့ William Ury နဲ့ Roger Fisher (၂၀၀၀) တို့ကဆိုထားပါတယ်။ ပြန်ကြည့်ရင် မြောက်ပိုင်း ၃ဖွဲ့ တစ်ဖွဲ့ချင်း အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ဆို တဲ့ ကိစ္စအစိုးရ တပ်တို့နဲ့ ဆွေးနွေးနေမှုမှာ အဓိကကျတာ ရပ် တည်ချက်တွေ မဟုတ်ဘဲ တပ်နေရာ တည်ရှိမှု ကြိုတင်သတ် မှတ်ချက်လိုကိစ္စ တစ်နည်းအားဖြင့် လိုလားချက် Interest မှာ တင် တစ်နေတာဖြစ်ပါတယ်။
.
အဲဒီအချက်ကလည်း ၃ဖွဲ့အတွက် ပြန်ကြည့်မယ်ဆိုရင် ရပ်တည်ရေးအရ အတော်လေး အရေးပါတဲ့အတွက် ကိုယ့် လည်ပင်းကို ကြိုးစွပ် ကိုယ့်ကိုယ်ကို ခြေချုပ်မိနိုင်တဲ့ ကိစ္စတွေကို ရှောင်ကြဉ်ရင်း ဒီနေ့လို တိုက်ပွဲတွေနဲ့ အခြေအနေမျိုး ကြုံနေ ရတာမျိုး ဖြစ်ပါတယ်။
.
ဒီအခြေအနေကို ကျော်လွှားချင်ရင်တော့ တစ်ဖက်နဲ့ တစ် ဘက် လိုက်လျောနိုင်တဲ့ အဖြေမျိုး ထွက်၍ဖြစ်စေ (သို့တည်းမ ဟုတ်) တစ်ဖက်ဖက်က စစ်ရေးအရ အကြီးအကျယ်အသာ စီးရသွားတဲ့ အခြေအနေမျိုးမှာမှ ဖြစ်စေ ဖော်ဆောင်နိုင်မှာပါ။ လတ်တလောမှာတော့ အဲလိုရလဒ် မြင်သာတဲ့ ကာလတို အ တွင်း ရဖို့ ဖြစ်နိုင်ချေ နည်းနေပါတယ်။
.
တရုတ်အခန်းကဏ္ဍကိုပဲ သီးသန့်အားထားသင့်သလား တ ခြား အလုပ်ဖြစ်မယ့် မူဝါဒတစ်ရပ် ဖော်ထုတ်သင့်သလားဆိုတာ စဉ်းစားကာ မူဝါဒချဉ်းကပ်မှုအသစ် ဖန်တီးဖော်ထုတ်ရမယ့် အ ချိန်လားဆိုတဲ့ အချက်ပါ။
.
ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၄ နှစ်အတွင်း တရုတ်အခန်းကဏ္ဍ က အရေးပါခဲ့သလို တရုတ်ကို အားပြုကာ မြောက်ပိုင်းအဖွဲ့ တွေနဲ့ အပစ်ရပ်စဲရေး ဖော်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေ မဲ့ အနာနဲ့ ဆေးမတည့်သေးသလို တရုတ်နယ်စပ်က အဖွဲ့တွေ တစ်ဖွဲ့မှ NCAစာချုပ်ထဲ အခုအထိ မလာနိုင်သေးပါဘူး။ တ ရုတ်နိုင်ငံခြားရေးဌာနကနေ တိုက်ရိုက်ဝင်ရောက်ကူညီခဲ့တယ် ဆိုပေမယ့် မြန်မာနဲ့ ကုန်သွယ်မှုဟာ တရုတ်တစ်နိုင်ငံလုံး ကမ္ဘာ နဲ့ ကုန်သွယ်မှု အားလုံးရဲ့ ၂ ရာခိုင်နှုန်းသာ ရှိနေတာ ယူနန်နဲ့ ပြည်မအကျိုးစီးပွားအကြား တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် ဂယ်ပေါက်တွေ ရှိတတ်တာက သတိထားရမယ့်အ ချက်ပါ။ တချို့က တရုတ်စီမံကိန်းတွေ မြန်မာက ခွင့်မပြုသေး လို့ အပစ်ရပ်မဖြစ်သေးတာစတဲ့ ခန့်မှန်းချက် တွေရှိပေမယ့် သေ ချာတာတစ်ခုကတော့ တရုတ်က ငြိမ်းချမ်းရေးရအောင် မလုပ် ပေးနိုင်သော်လည်း ပျက်အောင်တော့ လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
.
ဒီမိုကရက်တိုက်ဇေးရှင်း မအောင်မြင်သည့် နိုင်ငံများကို လေ့လာရာတွင် နောက်ကြောင်းပြန်စေသည့် အင်အားစုများ တွင် ရက်ဒီကယ် အစွဲသန်သည့် လူအုပ်စု ၊ လက်နက်ကိုင် ပုန် ကန်မှု ၊ စစ်တပ်ပါဝါ ကြီးစိုးမှု ၊ ဒီမိုကရေစီမဟုတ်သည့် အိမ်နီး ချင်းနိုင်ငံ ၊ အစိုးရအဖွဲ့ ထင်ရာစိုင်းမှု စသည့်အုပ်စုများရှိလေ့ရှိ သည်။
.
ယင်းအပြင် သရုပ်လက္ခဏာကွဲလွဲမှုအပေါ် အစိုးရစီမံခန့် ခွဲနိုင်စွမ်းတို့မှာလည်း အချက်တစ်ချက်အနေဖြင့် ပါဝင်နေရာ အစိုးရမှာ အဓိက နေရာတွင်ရှိနေပြီး ၄င်းအား ထိန်းကျောင်းရန် လွှတ်တာ် အခန်းကဏ္ဍမှာ အရေးပါလာသည်။ ချုံကြည့်ပါက အစိုးရစွမ်းဆောင်ရည်မှာ အဓိကကျနေလေ့ရှိရာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း အစိုးရ၏ ကြားဝင် ဆောင်ရွက်နိုင်စွမ်းမှာ အ ရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။
.
လေ့လာသူများ အဆိုအရ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြားဝင်ဆောင်ရွက်သူအဖြစ် သမာသမတ်ကျကျ ရပ်တည်သင့်သည်ဟု ဆိုထားရာ သမာသမတ်ကျကျ ဆိုခြင်း မှာ ကြားနေဘာသိဘာသာ နေခြင်းမျိုး မဟုတ်သည်ကို သတိ ပြုမိရန် လိုပေသည်။ အိမ်သူအိမ်သား အချင်းချင်း ရန်ဖြစ်နေ လည်း ပက်လက်ကုလားထိုင်တွင် ဘာသိဘာသာနေခြင်းမျိုး သည် ကြားနေဟု မဆိုအပ်ပေ။
.
အလုပ်ဖြစ်သည့် မူဝါဒလမ်းစဉ်များ ချမှတ်ပေးနိုင်ခြင်း၊ တာဝန်ယူ တာဝန်ခံမှုရှိရှိ ဦးဆောင်ကြားဝင်ဆောင်ရွက်မှု ရှိ၊ မရှိ က ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက်ပါ ရလဒ်ကောင်းဆိုး ပုံဖော်ပေးမည် ဖြစ်သည်။
.
အဓိက သော့ကိုင်သူ ဖြစ်တဲ့ တပ်မတော်မူဝါဒ ပြောင်း မလား ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ဖက်ဒရယ် လို အရေးပါတဲ့ နိုင်ငံရေးလို ကိစ္စတွေမှာ အဓိက သော့ကိုင်ထား သူက တပ်မတော်ပါ။
.
တပ်မတော် မူဝါဒ ဖြေလျှော့ပေးတယ် ပြောင်းပေးတယ်ဆို ရင် အပစ်ရပ်စဲရေးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ရှေ့ တိုးဖို့ အလားအလာ ပိုများပါတယ်။ အခုအချိန်ဟာ မြန်မာဟာ ဘယ်တော့ကမှနဲ့ မတူတဲ့ နိုင်ငံတကာ ဖိအားတွေ ပြင်ပဖိအား မျိုးစုံ ခံနေရတာပါ။
.
ပြည်တွင်းညီညွတ်ရေးကလည်း မဆောက်နိုင်သေးပါ။ နိုင် ငံရေး တရားဟောခဲလှတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံ သကတောင် ညီညွတ်ကြဖို့ တရားမျှတတဲ့ အုပ်ချုပ်မှုစနစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်း ဆော်သြနေတာပါ။
.
နိုင်ငံဟာ ခန္ဓာကိုယ်နဲ့တူပြီး ခန္ဓာကိုယ်က အစိတ်အပိုင်း အားလုံးဟာ သူ့နေရာနဲ့သူ အသုံးဝင်တာမို့ သာတူညီမျှ ရှိရမှာ ဖြစ်ကာ အုပ်ချုပ်သူတွေကလည်း ဖန်တီးဖော်ဆောင်ပေးဖို့ လိုတဲ့အကြောင်း ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကလာတဲ့ ရောဂါပိုး တွေကို တွန်းလှန်ပယ်သတ်ရမယ့်အစား ကိုယ့်အတွင်းထဲကို အလိုလိုပြန်သတ်မိသလို အဖြစ်မျိုးတွေ မဖြစ်ဖို့ အထူးသတိ ထားကြဖို့ တိုက်တွန်းဟောကြားထားတာပါ။ တန်းတူညီမျှရေး တရားမျှတမှု ညီညွတ်ရေး အရေးကြီးတဲ့အကြောင်းကိုလည်း ဆရာတော်က မိန့်ထားပါတယ်။
.
မြောက်ပိုင်း ၃ဖွဲ့လို ကိစ္စအပါအဝင် တခြားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးစေဖို့ ကိစ္စတွေ ညီညွတ်ရေး ဖက်ဒရယ် တည်ထောင်ရေးကိစ္စတွေ အောင်မြင်၊ မအောင်မြင် ဆိုတာ စစ်တပ်အပေါ် အများကြီး မူတည်နေပါတယ်။
.
ကမ္ဘာနဲ့အဝန်း နိုင်ငံတွေ ဒီမိုကရေစီ ကူးပြောင်းမှု ဘာ ကြောင့် မအောင်မြင်သလဲဆိုတာ လေ့လာခဲ့တဲ့ Steven. Fish ရဲ့ သုတေသနအရတော့ အသွင်ကူးပြောင်းရေးကာလ နောက် ကြောင်းပြန်တဲ့ အုပ်စုတွေအထဲ အစိုးရ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှု အားနည်းတဲ့ ကိစ္စပြီးရင် လုံခြုံရေးစစ်တပ်တွေရဲ့ အာဏာကြီး စိုးမှုများပြားတဲ့ ကိစ္စက အဓိကကျတဲ့ ဒုတိယမြောက် အကြောင်း အခြင်းအရာအဖြစ် ရှိနေတယ်လို့ သူတို့ရဲ့တွေ့ရှိချက်ကို ဖော် ထုတ်ရေးသားထားပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)