သတင်း ညစ်ညမ်းခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, January 3, 2020

သတင်း ညစ်ညမ်းခြင်း


စိုင်းသိင်္ခသူ
.
သတင်း လောကတွင် စံနှုန်းများ ရှိသည်၊ ဂုဏ်သိက္ခာရှိ သည်။ ယင်းစံနှုန်း ဂုဏ်သိက္ခာများ၊ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်း ဥပဒေများအတိုင်း လုပ်ဆောင်နိုင်ပါမှ သတင်းသမား ကောင်းတစ်ဦး သတင်းစာစောင် တစ်ခု၊ သတင်းဌာန တစ်ခု ဖြစ်နိုင်သည်။
.
ယင်းစံနှုန်းများကို လွဲချော်စေသည့် သတင်းရေးသားမှု များ၊ ရှိရမည့် ဂုဏ်သိက္ခာများ မြန်မာတွင်သာမက ကမ္ဘာတစ်ခု လုံး လူအပေါ်တွင် အခြေစိုက်သည့် ကျင့်ဝတ်စည်းကမ်း ဥပဒေ များကို လက် တစ်လုံးခြား သို့မဟုတ် ပစ်ပယ်ကာ clickbait ကြော်ငြာခ ရရန်အတွက်လုပ်ခြင်း၊ Lobby သို့မဟုတ် ဝါဒဖြန့် Propaganda ပြုလုပ်သည့် သတင်းသမားများသည် အခါးကို အချိုအုပ်ထားသည့်  သတင်းလောကကို ညစ်ညမ်းစေသည့် အမှိုက်များသာ ဖြစ်သည်ဟုဆိုလျှင် လွန်အံ့မထင်ချေ။
.
Biosphere သက်ရှိ လောကကို လွှမ်းမိုးသည်မှာ imformosphere သတင်းအလွှာကြီးဖြစ်သည်။ လူသားများ ကို မဆိုထားနှင့် တိရစ္ဆာန်လောကသည်ပင် ၄င်းတို့ဓလေ့မာ ဂဓဘာသာများဖြင့် တစ််ကောင်နှင့်တစ်ကောင် ဆက်သွယ်ကာ သတင်း ပေးပို့ကြခြင်းဖြင့် ဆက်သွယ်ကြသည်။ ရန်သူလာပြီ အစာတွေ့ ပြီ၊ အဖော်လိုသည် စသည်ဖြင့် တစ်ကောင်နှင့် တစ်ကောင် တစ်အုပ်စုနှင့် တစ်အုပ်စု ဆက်သွယ်မှုကို သတင်းများဖြင့် ပုံဖော်ကြသည်သာ။
.
လူသားလောကတွင်မူ သတင်းဆိုသည်မှာ မရှိမဖြစ်အသုံး ပြုနေသည့် ဆက်စပ်မှု ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး တစ်နေရာ နှင့် တစ်နေရာ သတင်းဆက်သွယ်မှုဖြင့်သာ ယဉ်ကျေးမှုအ ဆင့်ဆင့် တက်လှမ်းလာခဲ့ကြသည်ကို ဒါဝင်မီဒီယာဟု သတင်း လောကတွင် တိုးတက်မှု အဆင့်များ သတ်မှတ်လာကြသည်။ ကျောက်ဂူနံရံဆေးရေးပန်းချီမှသည် စာလုံးစာပေ၊ စာရွက်စာ တမ်း၊ ပုံနှိပ်မှု၊ ရေဒီယိုလှိုင်းများ အသုံးပြုမှု၊ TV မှ အင်တာနက် အထိ သတင်းစကားများဖြင့်ပင် ခေတ်အဆင့်များကို ဖြတ်သန်း ခဲ့ကြသည်မှာ သတင်းသမိုင်းပင် ဖြစ်သည်။
.
နိုင်ငံတစ်နိုင်ငံသည်လည်း သတင်းဖြင့်သာ အုပ်ချုပ်ကြ ခြင်းဖြစ်သည်။ လူတစ်ဦး တစ်အုပ်စုမှသည် နိုင်ငံအလုံး၊ နိုင်ငံ ချင်း၊ နိုင်ငံတကာသို့ သတင်းဖြင့်သာ ကူးလူးဆက်သွယ်ဆက် ဆံကြခြင်း ဖြစ်သည်။ အင်တာနက်ခေတ်သည် နည်းပညာ ခေတ်ဖြစ်သည်နှင့်အညီ ထုံးတမ်းစဉ်လာ ပုံနှိပ်မီဒီယာမှသည် လူတိုင်းသတင်းသမား ဖြစ်လာနေသည့် ယခုခေတ် မီဒီယာ သစ်အထိ အဆင့်ဆင့် ကူးပြောင်းလာနေသည့် အတွက် အင် တာနက် သုံးသူတိုင်း သတင်းသမား ဖြစ်လာနေကြပြီဖြစ်ရာ သိ သင့်သိထိုက်၊ လိုက်နာသင့်လိုက်နာထိုက်သည့် စံနှုန်း၊ ဂုဏ် သိက္ခာများ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာ လုပ်ဆောင် ကြရန် သင့်နေပြီ ဖြစ်ပေသည်။
.
သတင်း တစ်ပုဒ်၏ စံနှုန်းတွင် သတင်းရှုထောင့် သတ်မှတ် ချက်မှ စသည်။ ရှုထောင့်ဆိုသည် အမြင်နှင့် သက်ရောက်မှု ဖြစ်ရာ ဥပမာ မော်တော်ကားတစ်စီးကို မြင်သည့် အမြင်နှင့် သက်ရောက်မှုတွင် ကားပွဲစားအမြင်၊ ယာဉ်ထိန်းရဲအမြင်၊ ရိုးရိုး သာမန်လူအမြင် စသည်ဖြင့် ရှုထောင့်များ ကွဲပြားသည်နှင့် အမျှ သက်ရောက်မှု နယ်ပယ်များသည်လည်း တူညီမည် မဟုတ်ချေ၊ ဤသည်ကို သတင်းသမားက Angle ရှုထောင့်နှင့် Impact သက်ရောက်မှုကို အရှိအတိုင်း တင်ဆက်နိုင်မှသာ မှန်ကန် သည့် သတင်းတစ်ခု ဖြစ်ပေမည်။
.
Positive အမြင်ဖြစ်သည့် Optimism အကောင်းမြင်ဝါဒ သည်လည်းကောင်း၊ Pessimism အဆိုးမြင်ဝါဒသည်လည်း ကောင်း သတင်း၏ စံနှုန်း၊ ဂုဏ်သိက္ခာနှင့် စည်းမျဉ်းစည်းကမ်း များကို ယိမ်းယိုင်စေမည်ဖြစ်ကာ သတင်းပေးမှုကို လက်ခံရယူ ရသည့် သူများအတွက် မှန်ကန်မှု မရှိသည့် သတင်းညစ်များ ဖြင့် ထိတွေ့စေမည်ဖြစ်သဖြင့် သတင်းညစ်ညမ်းမှုကို ဖြစ်ပေါ် စေမည် ဖြစ်သည်။
.
လက်ရှိ ကမ္ဘာတွင် ဖြစ်ပျက်နေသည့် သတင်းများတွင် တစ်ဖက်သတ်သတင်းများ၊ ရှုထောင့် မပြည့်စုံသည့် သတင်း များကြောင့် သတင်းညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည် သာမက မြန်မာနိုင်ငံသည်ပင် သတင်းညစ်ညမ်းမှု၏ သားကောင်ဖြစ်နေ ရမှုကို ဂမ်ဘီယာနိုင်ငံက ICJ တွင် တရားစွဲဆိုခံရမှုက သက် သေပြနေပြီ ဖြစ်သည်။
.
Realism အမှန်မြင်ဝါဒဖြင့် ပကတိ လိမ်လည်လှည့်ဖျားမှု အလျဉ်းကင်းပြီး လူသားအခြေစိုက် ဘက်လိုက်မှု ကင်းသည့် ဖြစ်ရပ်အပေါ် လုံးဝအမှီအခိုပြုသည့် သတင်းများတွင်ပင် အသံ စုံမှု အမြင်ရှင်းမှုများကို သတင်းတုများ၊ သတင်းယောင်များ၊ သတင်းကို သတင်းဖြင့် ဖုံးလွှမ်းစေမှုများ၊ သတင်းဘာသာ ကား အားနည်းမှုကြောင့် အထင်မှားမှုများက သတင်းညစ်ညမ်း မှုကို ထပ်မံအရောင်ဆိုးပေးနေခြင်း ဖြစ်သည််။
.
ခေတ်သစ် မီဒီယာသစ်တွင် လူတိုင်းသည် သတင်းများကို ကို်ယ်တိုင်ရေးသားခြင်းဖြင့် သတင်းလွင်ပြင် အင်တာနက်မှ တစ်ဆင့် တင်ပြလာကြပြီဖြစ်ရာ သတင်းလွတ်လပ်ခွင့် Free of expression ကို လူမှုဝန်းကျင် စံနှုန်းများဖြင့် ချိန်ထိုးကာ သတ် မှတ်လာနေကြသည်တွင် သတင်းနှင့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးစသည့် စံနှုန်းများက ကန့်သတ်ချက်အဖြစ် လိုက်လံ တိုင်းတာနေသည်ကို တွေ့ရသည်။
.
သတင်းသည် သတင်းသာဖြစ်သည်။ မည်သည့် လူမျိုး၊ ဘာသာ၊ နိုင်ငံ စသည့်အပေါ်မှာမှ အခြေမပြုသည့်အပြင် ရောင်ဆိုးမှုကိုလည်း လက်မခံဘဲ အရှိအတိုင်း၊ မှန်ကန်မှု၊ပြည့် စုံမှု၊ တိကျမှုဖြင့်သာ အကောင်အထည် ဖော်ရပေမည်။ ချစ် ခြင်း၊ မုန်းခြင်းစသည့် ခံစားချက်များအပေါ်တွင်လည်း အခြေ မစိုက်သည့်အတွက် သတင်းသမားများသည် သတင်းအပေါ် တွင် သစ္စာရှိစောင့်ထိန်းရခြင်းက ၄င်းကို လူ့အသိုင်းအဝိုင်း ပြင်ပ Outsider အဖြစ် တွန်းပို့လျက်ရှိပေသည်။ ဘက်လိုက် မှုကင်းကာ အရှိအတိုင်းသာ တင်ပြသည့် သတင်းသမားသည် အန္တရာယ်များကြောင်း ဝန်ခံပါသည်။
.
သို့အတွက် မီဒီယာသစ်တွင် လူတိုင်း သတင်းသမားဆို သည့် အဆိုကို စိစစ်ကြည့်ပါက အစိုးရမှသည် လူတစ်ဦးချင်း အထိ မိမိတို့၏ သတင်းများကို ကိုယ့်ဖာသာကိုယ် အင်တာ နက်တွင် တင်လာကြသည်ဖြစ်သည့်အတွက် လူတိုင်းသတင်း သမားများ ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။ ဤနေရာတွင် တာ ဝန်ယူမှု တာဝန်ခံမှုက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါ က အရေးကြီးလာတော့သည်။
.

.
သတင်းသမား အရည်အသွေးအရ သတင်းအင်္ဂါရပ်များ ဖြစ်သည့် 5W+1H ဖြစ်သည့်  What ဘာဖြစ်တာလဲ၊ Who ဘယ်သူတွေ ပါဝင်နေသလဲ Where ဘယ်နေရာမှာလဲ၊ When ဘယ်အချိန်ကလဲ၊ Why ဘာကြောင့်ဖြစ်တာလဲ၊ How ဘယ်လို၊ ဘယ်လောက်ဖြစ်တာလဲ စသည်များကို မိမိတို့ တင်းတွင် ပြည့်ဝနိုင်သမျှ ပြည့်ဝစွာဖြင့် ပိရမစ်ပြောင်းပြန်အရ  သတင်းတည်ဆောက်ရမည့်အပြင် so what ဒီတော့ဘာဖြစ် သလဲဆိုသည့် အကြောင်းဆက်နှင့် solution ဘယ်လို ဖြေရှင်း သလဲဆိုသည့် အကျိုးဆက်များကို တိကျပြည့် စုံမှန်ကန်သည့် Data များဖြင့် မှီငြမ်းကာ ဖော်ပြနိုင်စွမ်း ရှိရမည်ဖြစ်သည်။
.
သို့မဟုတ်ပါက သတင်းမမည်သည့် သတင်းအင်္ဂါ မပြည့်စုံ သည့် သတင်းမဟုတ် ကောလာဟလအဖြစ် သာရောက်ရှိသွား မည် ဖြစ်သည်။ ကောလာဟလ(rumour) ဟူသည် အမှန်တ ရားတစ်ခု ကိန်းအောင်းနေသည် ဆိုသော်လည်းသတင်း အဖြစ် ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ကာ အဆင့်အတန်းလည်း သတ် မှတ် မရနိုင်ပေ။
.
ယင်းသို့ သတင်းအခြေခံများအပေါ်တွင် သတင်းတု၊ တင်းယောင်များက ရှုထောင့်ပြောင်းလဲပြခြင်းဖြင့် ဖြစ်စေ၊ အပို စာသားများ ဖြည့်စွက် ပြင်ဆင်ခြင်းဖြင့် ဖြစ်စေ၊ ရရှိသည့် တင်းရင်းမြစ်များမှ သွေဖယ်ကာ ဖော်ပြခြင်းဖြင့် ဖြစ်စေ၊ တစ် ဖက်အသံတစ်ခုတည်းဖြင့် ပုံဖော်ခြင်းဖြင့်ဖြစ်စေ ဖန်တီးကာ တင်းအမှိုက်များဖြင့် သတင်းလောကကို ညစ်နွမ်းစေပါသည်။
.

သတင်းအရင်းအမြစ်က ၄င်းတို့တွေ့ကြုံရင်ဆိုင်ရမည့် မလိုလားအပ်သည့် အန္တရာယ်အတွက် သတင်းကို ထိန်းချုပ် ကန့်သတ်ကာ ပြောသည်ကို သတင်းသမားမပီသသူက မိမိ လိုရာဆွဲရေးသားသည့် အနေဖြင့် ပုံဖော်သည့်အခါ သတင်းရင်း မြစ်များသို့မကောင်းသည့် အကျိုုးဆက်က ရိုက်ခတ်ရသည်ကို ခံရပေသည်။
.
ဥပမာပြဆိုရလျှင် ကျောက်မဲမြို့ရှိ လူမှုရေးအသင်းတစ်ခု က တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီထောက်ပ့ံမှုများ ပို့ ဆောင်သည့် သတင်းတွင် ၄င်းတို့မှ တပ်မတော် စစ်ကြောင်း များကြောင့် ဒေသခံများ တိမ်းရှောင်ရသည်ဆိုသည့် စကားမ ပြောရဘဲ သတင်းရယူသူက ၄င်း၏ သတင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည့်အခါ အဆိုပါ လူမှုရေးအသင်းမှာ နောက်ထပ်အ ကူအညီများ သွားရောက်ပို့ဆောင်ရာတွင် တားမြစ်ခံရမှုများ ရှိခဲ့ရသည့် သာဓကမှာ မကြာသေးခင်ကပင် ဖြစ်ပွားခဲ့သဖြင့် ကူအညီ ရလိုရငြားသတင်းပေးကာမှ သတင်းသမားမပီသူက ရေးသားလိုက်သည့် သတင်းယောင်ကြောင့် ပြဿနာဖြစ်ပွား ခဲ့ခြင်းဖြစ်သဖြင့် အဆိုပါ သတင်းဌာနကို နောက်ထပ်သတင်း ပေးခြင်း မပြုတော့ဟု ယင်းအသင်းမှ သတင်းထုတ်ပြန်ရသည့် အဖြစ်ဖြစ်သည်။
.
အခြားဥပမာများ များစွာ ရှိနေသော်လည်းမဖော်ပြတော့ ပါ။ သတင်းအစစ်တွင် မိမိသဘောဖြင့် ဖြည့်စွက် ရေးသားပြင်ဆင် မှုက သတင်းရင်းမြစ်တစ်ခုကို အကြပ်ရိုက်စေသည့် အဖြစ်အ ပျက်ကိုသာ ထောက်ပြလိုရင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ တင်းထောက်ဆိုတိုင်း သတင်းသမားပီသသူ မဟုတ်ဟု ဆိုလို ရင်း ဖြစ်သည်။ ရှိပါသေးသည် သတင်းရင်းမြစ်ကို မမေးဘဲနှင့် ပြောသည်ဆိုကာ ဆိုက်ဝါးခေါ် သတင်းတင်မှုများကလည်း ရှိနေသေးသည်။ သတင်းရင်းမြစ်က မပြောရဘဲဖော်ပြမှုကို မေး သည့်အခါ သတင်းထောက်က တာဝန်ယူပါသည်ဟု ဖြေကြား သည်များသည် သတင်းလောကကို ညစ်ညမ်းစေမှုပင် ဖြစ် သည်။
.
သို့အတွက် လူတိုင်း သတင်းများ တင်နေကြသည့် တင်းမီဒီယာသစ်တွင် ခုဖြစ်၊ ခုတင် ဆိုသော်လည်း စိတ်ချရမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကသာ သတင်းအပေါ် လုံးဝယုံ ကြည်စိတ်ချရမှု ရှိစေသည်ဟု အဖြေထွက်ပါသည်။
.
အများအတွက် Hate speech များကို ဖြစ်ပေါ်စေသည့် သတင်းဌာနများကို မြန်မာနို်င်ငံ စာနယ်ဇင်းကောင်စီနှင့် ပြန် ကြားရေးဝန်ကြီးဌာနတို့မှ စိစစ်ကာ ကြေညာနေပါသည်။ သို့ အတွက် လက်ရှိသတင်းဌာနများတွင်လည်း သတင်းထောက် မပီသသူများကဲ့သို့ အင်တာနက်သတင်းသမားများ မဖြစ်ကြ စေရန် မေတ္တာဖြင့် ရည်ရွယ်ကာ Citizen journalist များ အရည် အချင်းများအပြင် အရည်အသွေးများ ပြည့်ဝကြစေရန် သတင်း တု သတင်းဌာန၊ များကိုလည်း လေ့လာကြစေလိုပါသည်။
.
မြန်မာနို်င်ငံ သတင်းမီဒီယာကောင်စီမှလည်း (Fake news)သတင်းတု၊ သတင်းယောင်များကို ဖော်ထုတ်ကာ ကြေညာပေး ခြင်းဖြင့် သတင်းညစ်ညမ်းမှုကို သန့်စင်နေပါသည်။ သတင်းတု သတင်းမှားတွေကို ဘယ်လိုရှောင်ရှားမလဲ ဆိုတာနဲ့ပတ်သက် ပြီး Open university မှ ဘာသာစကား ပါမောက္ခ ဒေါက်တာ ဆီးဂရန့်က လူမှုကွန်ရက်တွေမှာ သတင်းတွေအားလုံးဟာ တသားထဲဖြစ်နေပြီး ခွဲခြားဖို့ အဆင်မပြေ ဖြစ်နေတာကို တင်းရင်းမြစ်နဲ့ အချက်အလက်တွေအပေါ် မူတည်ကာ သတင်း အတုအစစ် ခွဲခြားနိုင်စွမ်းရှိဖို့ ၄င်းက ထောက်ပြပါတယ်။ အိန္ဒိယမှာတော့ မျိုးချစ်စိတ်နဲ့ အမျိုးသားရေးလက္ခဏာကို ထောက်ခံဖို့သာ အားသန်တဲ့ အချို့နိုင်ငံသားတွေအတွက် တင်းအချက်အလက် မှန်ကန်မှုက အရေးမကြီးတော့သည့် ခြေအနေ ရှိနေသည်ဟု ဆိုသည်။
.
နိုင်ဂျီးရီးယားတွင်မူ သတင်းမှန်ကန်မှုထက် လူမှုကွန်ရက် ပေါ် ပထမဆုံး သတင်းဖြန့်ဖို့ကိုသာ စိတ်ဝင်စားကြသည်ဟု စစ်တမ်းကောက်ယူမှုက ဆိုထားသည်။ ဒေါက်တာဖီးလစ်ဆီး ယားဂရန့်က အောက်ပါ (၁၀)ချက်ဖြင့် ခွဲခြားပါဟု ဆိုသည်။
.
- သတင်းရင်းမြစ်ကို ဆန်းစစ်ပါ။ သတင်းတစ်ပုဒ်ကို စဖတ်တာ နဲ့ အဲဒီသတင်းဌာနရဲ့ နာမည်ကောင်းရှိိမှုကို ဆန်းစစ်ပါ အဲဒါ အပြင် ဝက်ဆိုက်ရဲ့ URL ကိုလည်း ဆန်းစစ်ပါလို့ ဆိုတယ်။
.
- သတင်းတစ်ပုဒ်က ဆိုက်တစ်ခုထဲမှာပဲ တင်တာလား။  ဆိုက် တစ်ခုထဲမှာပဲ တင်ထားတာဆိုရင် ဆန်းစစ်ဖို့လိုတယ်လို့ ဂူဂဲ တာဝန်ရှိသူတွေက ဆိုတယ်။ http;//www.snopes.com . http;/www.fatcheck.org မှလည်း မှန်မမှန်ဆန်းစစ်နိုင်တယ် လို့ ဆိုတယ်။ သတင်းတစ်ပုဒ်ကို အခြား သတင်းဌာနများက ဆက်လက် ဖော်ပြသလားဆိုတာလည်း ဆန်းစစ်သင့်ပါတယ်။
- သတင်းရဲ့ရည်ရွယ်ချက်ကို ဆန်းစစ်ပါ။ ရှုထောင့်အရ တင်ပြ ပုံ ကွဲလွဲနိုင်ပြီး ဘက်လိုက်မှုရှိတဲ့ သတင်းတုတွေမှာ သီးသန့် ရည်ရွယ်ချက် ရှိနိုင်ပါတယ်။
.
 - သတင်းခေါင်းစဉ်တစ်ခုထဲ မဖတ်ပါနှင့်။ လူတွေကို စိုးရိမ်စရာ၊ ရယ်စရာ၊ ပြူးတူးပြဲတဲခေါင်းစဉ်တွေနဲ့ဖမ်းစားတတ်တာဖြစ်လို့ အဲဒီသတင်းမျိုးကို ဖတ်ပြီး ပြန်လည်မျှဝေခြင်းဟာ အန္တရာယ် ရှိပါတယ်။ သတင်းဟာ လှည့်စားတဲ့သတင်း နောက်ပြောင်တဲ့ သတင်း ဖြစ်နေရင် ကိုယ်ပါ ရောပါတတ်ပါတယ်။
.
- ပင်မ သတင်းဌာနတွေမှာ မပါရှိတဲ့သတင်း။ ပင်မ သတင်းဌာ နတွေမှာ  ဘက်လိုက်မှုပါတဲ့ သတင်းမျိုးဖတ်ရပြီဆိုရင် အစိုး ရက ထုတ်ပြန်တဲ့သတင်းနဲ့တိုက်ဆိုင်စစ်ဆေးဖို့လိုပြီဟု ဆို သည်။ သို့မှသာ ဘက်လိုက်သတင်းဟုတ်မဟုတ်၊ သတင်းကို ပြင်ဆင်ပြီး သတင်းယောင်အဖြစ် ထုတ်မထုတ်နဲ့ အတည်ပြု ချက် မရှိရင် သတင်းတုဖြစ်ကြောင်း ပေါ်လွင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
.
- ကိန်းဂဏန်း ရင်းမြစ် မှန်မမှန်စစ်ပါ။ စီးပွားရေးဆိုင်ရာနဲ့ နိုင်ငံ တိုးတက်မှုပုံရိပ် သတင်းတွေဖတ်ရရင် ကိန်းဂဏန်းတွေ မှန် မမှန်စစ်ဆေးပါ၊ သတင်းထဲက အချက်အလက်တွေဟာ အစိုးရ သို့မဟုတ် နိုင်ငံတကာက ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း က ထုတ်ပြန်ထားတာမျိုး၊ လူသိများသည့် စီးပွားရေးကုမ္ပဏီ တစ်ခုက ထုတ်တာမျိုးသာ ဖြစ်သင့်သည်။
.
- မရိုးသားသည့် အချက်အလက် ကောက်ယူမှု၊ ဆန်းစစ်လေ့ လာချက် ဆိုသည်မှာလည်း လူထုလူဦးရေ မည်မျှကို လေ့လာ သည်ကိုလည်း သတိပြုရန်လိုအပ်သလို အနည်းဆုံးလူ ၁၀၀၀ လောက်ဖြစ်ရန် လိုအပ်ပြီး ထိုအထဲမှ ရာခိုင်နှုန်းမှာ မှားယွင်းနိုင်ချေ ရှိကြောင်း သတိပြုရန် လိုအပ်သည်။
.
- အချက်အလက်များတိုင်း မှန်သည့်သတင်းလား။ အချက်အ လက်များတိုင်း သတင်းမှန်ဟု မဆိုနိုင်ကြောင်း ဒေါက်တာဆီး ယားဂရန့်က ဆိုသည်။ တူရကီနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်သည် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းမှား ဖြန့်ဝေမှုကြောင့် ဝေ ဖန်ခံခဲ့ရသည်မှာ အချက်အလက်အမှားများကြောင့် ဖြစ်သည်။
.
- ဆောင်းပါးထဲမှ အချက်အလက်များကိုလည်း ဆန်းစစ်ပါ။ တင်းဆောင်းပါးတွေမှာ အချက်အလက် ထည့်သွင်းရေးလေ့ ရှိပြီး အဆိုပါ အချက်များသည် မှန်ကန်မှု ရှိမရှိ ဆိုသည်ကို ဆန်းစစ်သင့်ပေသည်။ ဘက်လိုက်သည့် သတင်းစာများတွင် ယင်းကဲ့သို့ အချက်အလက် အမှားကို တွေ့ရတတ်သည်။
.
- အကြောင်းအရာ ဆက်စပ်မှုကို သုံးသပ်ပါ။ အချက်အလက် ကိန်းဂဏန်းတွေပါတိုင်း သတင်းအမှန် ဖြစ်ချင်မှဖြစ်ပေမည်။  ပြီး ခဲ့သည့်နှစ်က သတင်းခေါင်းစဉ် တစ်ခုတွင် အင်္ဂလန်ဗဟိုဘဏ် သည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း တိုးမြှင့်ခဲ့ သည်ဟု ပါရှိသော်လည်း ကာလတိုအတိုး တစ်လအတွက်သာ ဖြစ်သည့်အတွက် အမှန်တစ်ကယ်ဖြစ်ရပ်နှင့် လွဲဖယ်ကာ ကိုက်ညီမှု မရှိခဲ့ပေ။
.
သို့သော် သတင်းတုများဖြင့် ဒုတိယကမ္ဘာစစ်တွင် ဟစ်တ လာကို လှည့်ဖြားကာ အောင်နိုင်ခဲ့သည့် သမိုင်းဝင် သာဓက ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်တွင်မဟာမိတ်များ ပြင်သစ်နိုင် ငံသို့ ကမ်းတက်မည့် D-Day တွင် နော်မန်ဒီ(အိုမဟာကမ်းခြေ) သို့ တက်မည်ကို ကာလေကမ်းခြေဟု ထင်မြင်စေရန် သတင်း တုများ ဖန်တီး၍ ဟစ်တလာနှင့် ၄င်း၏ စစ်ဗိုလ်ချုပ်များကို လှည့်စားကာ စစ်ရေးအသာရယူခဲ့ဖူးကြောင်း ထင်ရှားသည့် သာဓကကို ပြဆိုပါသည်။
.
မြန်မာနိုင်ငံတွင်လည်း လူထုစိတ်ဝင်စားမှု မြင့်တက်စေ မည့် အကြောင်းအရာများဖြင့် သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်စေသလို သတင်းမှန် များကို အမှန်အတိုင်း မဖော်ပြဘဲ လျော့ပါး ဖျောက်ကွယ်ဖော် ပြကာလူထုကို လိမ်ညာလှည့်ဖျားသည့် သတင်းလိမ်များလည်း ရှိသည်ကို သိစေလိုပါသည်။
.
ဂျင်းသတင်းဟု အရပ်အခေါ် just for fun များဖြစ်သည့် အပြောင်အပျက်၊ သတင်းလိမ်(Hoax News) များကို တစ်ကယ်ထင်မှတ်သူများကို Stupidity အနေဖြင့် ၁၅၄၁ ခုနှစ်ကတည်းက အဘိဓာန်ရောက် စကားလုံးအဖြစ် သုံးစွဲ ခဲ့ခြင်း ဖြစ်ပြီး မိမိ ကိုယ်တိုင် ငတုံးငအ (Stipid) မဖြစ် စေရန် သတင်း၏ သားကောင် မဖြစ်စေရန် Facebook  တွင် share ခြင်းကို သတိချပ်သင့်သည်။ အလျဉ်းမသင့်ပါက ဆက်သွယ်ရေးဥပဒေ ၆၆() အပေါင်းအဖော် ၆၆() က မိမိကို ဒုက္ခ ပေးပေလိမ့်မည်။ ၂၀၁၈ ခုနှစ် အတွင်းတွင် သားဖြစ်သူ၏ သတင်းအပေါ် ရှယ်ယာ လုပ်သည့် ဖခင်ကို ၆၆()ဖြင့် တရားစွဲသဖြင့် သားအဖ ယောက်လုံး ထောင် ကျရသည့် ဖြစ်ရပ်ကို အသံအဖွဲ့မှ ထုတ်ပြန်ထားသည်ကို လေ့ လာ သိရှိခဲ့ရသဖြင့် သတိပေးရခြင်း ဖြစ်ပါသည်။
.
Fake News နှင့် Hate speech တို့မှာ ညီနောင်များ ဖြစ် ပြီး ယုံကြည်မှုကို ကျဆင်းစေသည့် သတင်းများ ဖြစ်ကြသဖြင့် မီဒီယာသစ် ခုဖြစ်ခုတင် သတင်းရေးသူများ၊ သတင်းတု၊ တင်းယောင်များဖြင့် ဂျင်းထည့်သူ သတင်းလောက၏ အမှိုက် များကို စိစစ်နိုင်ရန် သတင်းရင်းမြစ်များတွင် လုံးဝအားထားရ သည်၊ နဂိုအားထားရသည်၊ အသင့်အတင့် အားထားရသည်၊ နဂိုအားထားရမှု မရှိ၊ အားထားရမှုမရှိသေး၊ အားထားရမှုအ ခြေအနေအား မဆုံးဖြတ်ရသေးစသည့် သတင်းအဆင့်များ နှင့် အခြား အခြေအမြစ်အရ အတည်ပြုသည့် သတင်း၊ မှန်ကန် သည့်သတင်း၊ မှန်ကန်မည့် သတင်း၊ မမှန်ကန်သည့်သတင်း၊ မဖြစ်နိုင်သည့် သတင်း၊ မှန်ကန်မှု ရှိ/မရှိ အား မဆုံးဖြတ်နိုင်သည့် သတင်း အဆင့်အတန်းများကို လေ့လာသင့်ကြကြောင်း အကြံ ပြုပါသည်။
.
သတင်းအမျိုးအစားများအရ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေနှင့် ကောလာဟလများရှိရာ လက်တလောတွင် သရုပ်ဆောင် ဒွိုင်း ဂျွန်ဆင်(The Rock) သေသွားပြီ၊  တေးသံရှင် စီလင်းဒီယွန်
လေယာဉ်ပျက်ကျ၊ ပါမောက္ခချုပ်ဆရာတော် ဖိအားပေးအနား ပေးခံရ၊ ငလျင်လှုပ်၍ တိုက်နှစ်လုံး ပူးကပ်သွား၊ မိန်းကလေး ငယ်များ ဆက်တိုက်ပျောက်ဆုံးနေ၊ ကလေးငယ်တွေခိုးယူခံနေ ရ၊ ကက်တမင်း တို့ဆေးကိစ္စ စသည်များဖြင့် သတင်းတု၊ ချဲ့ ကားသတင်းများဖြင့် သတင်းလောကကို ညစ်ညမ်းစေနေသည် ကို အများပြည်သူ သိရှိကာ သတင်းမှန်များကို ခွဲခြားစိတ်ဖြာ လေ့လာ သိရှိနိုင်ရေး အကြံပြုပါသည်။
.
၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလသည် တင်းတုများဖြင့် သတင်းပဋိပက္ခ -News Conflict ဖြစ်မည့်ကာ လဟု မှန်းဆမိရာ သတင်းညစ်ညမ်းမှု အထူးဖြစ်မည့် ကာလ ဟု မှတ်ယူသည့်အတွက် ပြည်သူများ အထူးသတိချပ်ရန် လိုပါ မည်။
.
သတင်းတုများသည် လူမှုအသိုင်းအဝန်း၏ ကြောက်စရာ အကောင်းဆုံး ဘေးအန္တရာယ်များထဲမှ တစ်ခုဟု ပုံဖော်ကြပြီး သိသာထင်ရှားသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်ကို  လူ ပြိန်းကြိုက်သတင်းဌာန(Tabloid Media) များက တန်ဆာဆင် တတ်ကြသည်ကို သိရှိရှောင်ရှားနိုင်ကြပါရန် တိုက်တွန်းရင်း လူ အချင်းချင်း လှည့်ပတ်ခြင်း  ကင်းဝေးနိုင်ကြပါစေ။

No comments:

Post a Comment

Journal Download

Photo of three cats