ထိုင်းရေတပ် ပုံဖော်သွားမည့် အိပ်မက်များ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, January 6, 2020

ထိုင်းရေတပ် ပုံဖော်သွားမည့် အိပ်မက်များ

စိုင်းကွမ်းမိုင်း
.
ထိုင်းနိုင်ငံသည် အင်ဒိုချိုင်းနား ကျွန်းစွယ်ဒေသတွင်တည် ရှိပြီး အရှေ့ဘက်၌ တောင်တရုတ်ပင်လယ်၊ အနောက်ဘက်၌ အိန္ဒိယသမုဒ္ဒရာတို့၏ အကြား ပထဝီအနေအထားအရ မဟာ ဗျူဟာမြောက် တည်ရှိနေသည့် နိုင်ငံတစ်ခုဖြစ်သည်။ ပထဝီအ နေအထားအရ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးအတွက် စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ပြည်တွင်းသို့ ဝင်ရောက်နှောင့်ယှက်လာနိုင်မည့် ပဋိပက္ခများကို တားဆီးကျော်လွှားနိုင်ရန် အဓိကထားကာ ပြင်ဆင်လျက်ရှိ သည်။
.
ထိုင်းနိုင်ငံ၏ ပထဝီနိုင်ငံရေး အခြေအနေ
ထိုင်းနိုင်ငံ၏ ပထဝီအနေအထားအရ ကပ္ပလီပင်လယ်ပြင် နှင့် ထိုင်းပင်လယ်ကွေ့တို့အား ခွဲခြားထားသော ကျဉ်းမြောင်း ရှည်လျားသည့် ကုန်းမြေပေါ်တွင် တည်ရှိနေသည်။ ယင်းပင် လယ်ပြင် နှစ်ခုသည် ကြီးမားကျယ်ပြန့်သကဲ့သို့ ပထဝီနိုင်ငံရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေရသည့် ဒေသလည်း ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်တွင် ထိုင်းနိုင်ငံသည် မူးယစ်ဆေး ဝါးကုန်သွယ်မှုများ၊ တရားမဝင်လှေစီးသွားလာမှုများ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသကဲ့သို့ အိန္ဒိယ၏ Andaman and Nicobar Island များတွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ် ဌာနချုပ် တည်ဆောက်ပြီး တပ်အင်အားတိုးချဲ့ တပ်ဖြန့်လာမှု များ၊ တရုတ်စစ်ရေယာဉ်များ ဝင်ရောက်လာမှုများ စသောအ ကြောင်းချင်းရာများနှင့်လည်း တွေ့ကြုံနေရသည့် အခြေအနေ ဖြစ်ပါသည်။ အိန္ဒိယ၏ Andaman and Nicobar Island ပိုင် နက်ပင်လယ်ပြင်သည် ထိုင်းအနောက်ဘက်ကမ်းမှ ရေမိုင် ၂၀၀ ဝန်းကျင်အကွာတွင် တည်ရှိပြီး အိန္ဒိယမှလည်း ဒေသတွင်း၌ တရုတ်တို့ တပ်ဖြန့်လာမှုကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန် တပ် ဖွဲ့အင်အားများကို ယခင်ကထက် တိုးချဲ့ထားလာသည်။ ထို့ ကြောင့် ထိုင်းရေတပ်သည် ယင်း၏ ရေကြောင်း ပထဝီအနေအ ထားအရ ထိုင်းပင်လယ်ကွေ့ လုံခြုံရေးအတွက် ရေတပ်စခန်း ဌာနချုပ် ၂ ခု၊ အိန္ဒိယသမုဒ္ဒရာရှိ ကပ္ပလီပင်လယ်ပြင် လုံခြုံရေး အတွက် ရေတပ်စခန်းဌာနချုပ် တစ်ခုဖွဲ့စည်းတည်ဆောက်ဖွဲ့ စည်းထားသည်။ ဗျူဟာစစ်ရေယာဉ် ၃ ဖွဲ့စည်းထားရှိမှုအနေဖြင့် ထိုင်းပင်လယ်ကွေ့ လုံခြုံရေးအတွက် ဗျူဟာစစ်ရေယာဉ်စု ၂ ခု၊ ကပ္ပလီပင်လယ်ပြင် လုံခြုံရေးအတွက် ဗျူဟာစစ်ရေယာဉ် စု တစ်ခု အသီးသီး တည်ရှိထားရှိပြီး အခြားဒေသအလိုက်ရေ တပ် ၇ ခုကိုလည်း ဖွဲ့စည်းထားသည်။
.
ပင်လယ်ပြင်တရားဥပဒေစိုးမိုးနိုင်ရေး
ထိုင်းနိုင်ငံသည် ပင်လယ်ရေကြောင်း အဖွဲ့အစည်းများကို တစ်သားတည်း ပူးပေါင်းဆောင်ရွက်နိုင်စေရန် ပင်လယ်ရေ ကြောင်း စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (Thailand Maritime Enforcement Coordinating Centre Thailand- MECC) ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်း ဗဟိုဌာနကို ထိုင်းရေတပ်၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ကမ်းရိုးတန်း နှင့် ပင်လယ်ပြင် သဘာဝသယံဇာတများဌာန၊ ပင်လယ်ရေ ကြောင်းဌာန၊ ပင်လယ်ရေကြောင်း ရဲတပ်ဖွဲ့နှင့် အကောက်ဌာ နများဖြင့် ၆ ခု ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအ ချိန်တွင် ထိုင်းရေတပ်အနေဖြင့် စစ်ရေယာဉ်ကြီးများကိုသာမ က တရားဥပဒေစိုးမိုးရေးအား ကောင်းစွာဆောင်ရွက်နိုင်ရန်အ တွက် ကင်းလှည့်စစ်ရေယာဉ်ငယ်များ M21, M58 အမျိုးအစား ကင်းလှည့်စစ်ရေယာဉ်ငယ်များနှင့် ဖွဲ့စည်းပြီး အချို့စစ်ရေ ယာဉ်များကို ကမ်းခြေစောင့်စစ်ရေယာဉ် အုပ်စုတွင် တွဲဖက်ဖွဲ့ စည်းထားသည်ကို တွေ့ရသည်။ ထိုင်းရေတပ်သည် H145M အမျိုးအစား ရဟတ်ယာဉ် ၅ စီးကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း၌ တပ်တော်ဝင် ပြုလုပ်ခဲ့သည်။ ယင်းရဟတ်ယာဉ်များကို End urance-class ကမ်းထိုးသယ်ယူပို့ဆောင်ရေး ရေယာဉ်ဖြစ် သည့် (UD-HTM Angthong (791) တွင် တင်ဆောင်ပြီး ပင် လယ်ပြင် ရှာဖွေရေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက် စွာ အသုံးပြုနိုင်ခဲ့သည် ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံတောင်ပိုင်း ရေ ကြီးနစ်မြှုပ်မှု ဖြစ်စဉ်တွင် H145M ရဟတ်ယာဉ်များကို ထိုင်း HTM Angthong တွင် တင်ဆောင်ကာ အသုံးပြုခဲ့ပြီး ရေမြှုပ် သည့် နေရာဒေသများသို့ အစားအစာ၊ ဆေးဝါးနှင့် ကယ်ဆယ် ရေးပစ္စည်းများကို အခေါက်ခေါက် အခါခါ ပို့ပေးခဲ့သည်။
.


.
ရေတပ်သဘောင်္တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး စီမံချက်များ
ထိုင်းရေတပ်သည် ရေငုပ်သဘောင်္ပိုင်ဆိုင်မှုကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ၆၅ နှစ်အကြာတွင် ရေငုပ်သဘောင်္စွမ်းရည်များ ပိုင် ဆိုင်သည့် ရေတပ်အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရန် အရင်းအနှီး မြောက်များစွာ မြှုပ်နှံပြီး ကြိုးစားလာခဲ့သည်။ ထိုင်းရေတပ်သည် တရုတ်ရေယာဉ် တည်ဆောက်ရေး ကုမ္ပဏီ (China Shipbuil-ding and Offshore International Company (SOC) နှင့် S26T အမျိုးအစား ရေငုပ်သဘောင်္ တစ်စီး ဝယ်ယူရန် ၂၀၁၇ ခုနှစ် မေလ၌ လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းရေတပ်မှ ဝယ်ယူ ခဲ့သည့် S26T ဒီဇယ်လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သဘောင်္သည် တရုတ်ရေတပ်တွင် အသုံးပြုနေသော Yuan (Type 041) အ မျိုးအစား ရေငုပ်သဘောင်္၏ မျိုးကွဲဖြစ်ပြီး ဝယ်ယူခဲ့ရာ၌ လေ့ ကျင့်ရေး အထောက်အကူပစ္စည်းများလည်း 708 အမျိုးအစား ရေငုပ်သဘောင်္မှ ပစ်ခတ်နိုင်သော ရေယာဉ်ဖျက်ဒုံးကျည်များ တပ်ဆင်ထားမည်ဖြစ်သည်။ S26T ရေငုပ်သဘောင်္သည် အ လျား 77.7 metres တန်ချိန် ၂၅၅၀ ရှိပြီး လေမှီခိုမှု ကင်းမဲ့ မောင်းနှင်စနစ် (Air-independent Propulsion-AIP)  တပ် ဆင်ထားမည်ဖြစ်သည်။ ရေငုပ်သဘောင်္ တည်ဆောက်ရေးအ တွက် (Steel-cutting)အခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင် ဘာလတွင် ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ထိုင်းရေတပ်ထံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
.

ထိုင်းအာဏာပိုင်များသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ တွင် ဂျာမဏီရေတပ်၏ အသုံးပြုပြီး တစ်ပတ်ရစ် ရေငုပ်သဘောင်္ Type 201 A အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သဘောင်္ ၆ စီး ကို အမေရိကန်ဒေါ်လာ ၂၅၀ သန်းဖြင့် ဝယ်ယူရန် ဆောင်ရွက် ခဲ့ကြသည်။ ယင်းရေငုပ်သဘောင်္များသည် ဂျာမဏီရေတပ်၌ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ်တွင် တပ်တော်ဝင် ဖျက်သိမ်းခဲ့သည်။ ထို့ပြင် အခြားနိုင်ငံများမှ ရေ ငုပ်သဘောင်္များကိုလည်း ဝယ်ယူနိုင်ရေး ဦးစားပေးစဉ်းစားခဲ့ ရာမှ တောင်ကိုရီးယားနိုင်ငံ (Daewoo Shipbuilding and Marine Enginecring- DSME) ကုမ္ပဏီမှ တည်ဆောက်သော Type 209 အမျိုးအစား ရေငုပ်သဘောင်္များ ရုရှားနိုင်ငံ Admi-ralty Shipyards မှ တည်ဆောက်သည့် Kilo-class အမျိုးအ စား ရေငုပ်သဘောင်္များ၊ ပြင်သစ်နိုင်ငံ DCNS မှ တည်ဆောက် သော Scorpene-class အမျိုးအစား ရေငုပ်သဘောင်္များကို လည်း ထည့်သွင်းစဉ်းစားခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံထုတ် ရေငုပ်သဘောင်္များကိုသာ ဝယ်ယူရန် ဆုံး ဖြတ်ခဲ့ကြသည်။ ထိုင်းရေတပ် တာဝန်ရှိသူများသည် အရာရှိစစ် သည်များကို တရုတ်နိုင်ငံ Qingdao မြို့သို့ သင်တန်းစေလွှတ် ပြီး ဝယ်ယူထားသည့် ရေငုပ်သဘောင်္နှင့် သဏ္ဍာန်တူလေ့ကျင့် ရေး Simulator များ အသုံးပြုလေ့ကျင့်စေကာ ရင်ဆိုင်နေရ သည့် အခက်အခဲများအား ကျော်လွှားနိုင်ရန် စီမံဆောင်ရွက် လျက်ရှိသည်။ ရေငုပ်သဘောင်္ စီမံကိန်းအရ ထိုင်းရေတပ်သည် S26T ရေငုပ်သဘောင်္ ၃ စီးအား ၂၀၂၆ ခုနှစ်အမီ ဝယ်ယူသွား မည် ဖြစ်သည်။
.
ထိုင်းရေတပ်သည် တရုတ်နိုင်ငံမှ ရေငုပ်သဘောင်္ ၃ စီးကို ဝယ်ယူရန် စီမံကိန်းချ ဆောင်ရွက်နေသကဲ့သို့ အမေရိကန်ဒေါ် လာ ၆ ဒသမ ၅ သန်း တန်ဖိုးရှိသော အသေးစားရေငုပ်သဘောင်္ Midet Submarine ကိုလည်း ပြည်တွင်းတွင် တည်ဆောက်နိုင် ရန် ကြိုးစားနေပြီး လာမည့် ၇ နှစ်အတွင်း၌ ပုံစံငယ် ထုတ်လုပ် သွားမည်ဖြစ်သည်။ ယင်းအသေးစား ရေငုပ်သဘောင်္များသည် တန်ချိန် ၁၅၀ မှ ၃၀၀၊ အမြန်နှုန်း တစ်နာရီ ၁၀ မိုင်၊ ခရီးအကွာ အဝေး မိုင် ၃၀၀ ထိ ခုတ်မောင်းနိုင်ပြီး ရေယာဉ် အမှုထမ်းများအ ပြင် တပ်ဖွဲ့ဝင် ၁၀ ဦးထိ ထပ်မံ တင်ဆောင်နိုင်မည်ဖြစ်သည်။ အသေးစား ရေငုပ်သဘောင်္များကို ကမ်းနီးရေပြင်အတွင်း ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အထူးစစ် ဆင်ရေးများတွင် အသုံးပြုမည်ဖြစ်ပြီး Chawlan-class ဟူ၍အ မည်ပေးထားသည်။ လက်ရှိ အခြေအနေတွင် ထိုင်းရေတပ် သည် အသေးစား ရေငုပ်သဘောင်္များ တည်ဆောက်နိုင်ရန် ဗြိ တိန်အခြေစိုက် BMT ကုမ္ပဏီနှင့်အတူ ပြည်တွင်းရေယာဉ်တည် ဆောက်ရေး ပညာရှင်များနှင့် ပူးပေါင်းကာ ဒီဇိုင်းရေးဆွဲလျက်ရှိ သည်။
.
ကမ်းတက်စစ်ဆင်ရေးစွမ်းရည် တိုးမြှင့်နိုင်ရေး အစီအမံများ
ထိုင်းရေတပ်အနေဖြင့် စင်္ကာပူနိုင်ငံ ST Marine ကုမ္ပဏီမှ တည်ဆောက်သည့် Endurance (PD အမျိုးအစား စစ်ရေယာဉ် HTMS Angthrng (791) ကို ၂၀၁၂ ခုနှစ်တွင် စတင်အသုံးပြု ခဲ့သည်။ ဤ စစ်ရေယာဉ်သည် ကုန်းရေနှစ်တန်သွားတိုက်ခိုက် ရေးယာဉ် ၈ စီး၊ ရဟတ်ယာဉ် ၂ စီး၊ တပ်ဖွဲ့ဝင် ၃၅၀ ဦး၊ ကမ်း ထိုးရေယာဉ် ၄ စီး တင်ဆောင်နိုင်ခဲ့သည်။ ထိုင်းရေတပ်သည် တရုတ်နိုင်ငံမှ တည်ဆောက်သည့် တန်ချိန် ၂၅၀၀ ရှိ Type 071 E အမျိုးအစား LPD စစ်ရေယာဉ် တစ်စီးကို ထပ်မံဝယ်ယူ ခဲ့သည်။ Type 071 E LPD စစ်ရေယာဉ်သည် တပ်ဖွဲ့ဝင် ၅၀၀ ဦး ရဟတ်ယာဉ် ၆ စီး၊ လေအိတ် အသုံးပြု ကမ်းထိုးရေယာဉ် Air= cushioned Canding Craft ၄ စီး တင်ဆောင်နိုင်ကြောင်း သိရှိရသည်။ ထို့ပြင်  အနီးကပ်လေကြောင်းရန် ကာကွယ်ရေး FL 3000N ဒုံးကျည်များနှင့် 76 mm အမြောက်တစ်လက် တပ် ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ၁၉၈၀ ပြည့်နှစ်ကတည်းက တပ်ဆင်အသုံးပြုခဲ့သော Thong Kaeo-class နှင့် Normed-class ကမ်းထိုး ရေယာဉ်များကို ဖျက်သိမ်းပြီး ကမ်းထိုးရေယာဉ် သစ်များဖြင့် အစားထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
.
အရှေ့အနောက် နည်းပညာနှင့် ပစ္စည်းများအား ပေါင်းစပ်အသုံး ပြုခြင်း
ယနေ့ ထိုင်းရေတပ်သည် တရုတ်နိုင်ငံမှ တည်ဆောက် သည့် စစ်ရေယာဉ်များကို ဝယ်ယူပြီး အနောက်နိုင်ငံများမှထုတ် လုပ်သည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုလျက် ရှိသည်။ ထို့ကြောင့် ယင်းတို့ ဝယ်ယူထားသည့် ရေငုပ်သဘောင်္ များတွင် အနောက်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ် ဆင်အသုံးပြုရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဥပမာအား ဖြင့် တရုတ်နိုင်ငံ ရှန်ဟိုန်းမြို့ရှိ Zhonghu Shipyardတွင် တည် ဆောက်သည့် Naresuam-class (Type-25T) ဖရီးဂိတ်စစ်ရေ ယာဉ် ၂ စီးကို ဝယ်ယူပြီးနောက် NATo တပ်ဖွဲ့ဝင်များ အသုံးပြု သော စစ်လက်နက်ပစ္စည်းများ အာရုံခံကိရိယာများဖြင့် တပ် ဆင်အသုံးပြုခဲ့သည်။ ထိုင်းရေတပ်သည် Naresuam-class ဖ ရီးဂိတ် စစ်ရေယာဉ်များဖြစ်သော HTMS Naresum (421)နှင့် HTAM Taksin (422) များကို ၁၉၉၄-၁၉၉၆ ခုနှစ်များတွင်တပ် တော်ဝင် ပြုလုပ်ခဲ့သည်။ NAresum-class ဖရီးဂိတ်ရေယာဉ် များသည် အလျားမီတာ ၁၂၀ ရှိပြီး အနောက်နိုင်ငံများမှ တီ ထွင်ထုတ်လုပ်သည့် General Electric LM2500 Gas Tubine (2) လုံးနှင့် MTU 20v 1163 TB 83 Disel အင်ဂျင်များကို Combined Diesel or Gas- CODOG စနစ်အဖြစ်လည်းကောင်း စစ်လက်နက်ပစ္စည်းများအနေဖြင့် Raytheon ကုမ္ပဏီမှ ထုတ် လုပ်သော Mk 41 ဒေါင်လိုက်ပစ် ဒုံးကျည် ၈ စင်း၊ MSID Defence System ကုမ္ပဏီမှ ထုတ်လုပ်သော 30mm အမြောက် စနစ်များကိုလည်းကောင်း တပ်ဆင်ထားသည်။ ထိုင်းရေတပ် သည် တရုတ်လုပ် Platform များတွင် အနောက်နိုင်ငံလုပ်စနစ် များ တပ်ဆင်ရာ၌ လိုက်လျောညီထွေရှိမှုနှင့် စွမ်းဆောင်ရည် ပြည့်မီမှုအနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း စစ်ရေယာဉ် HTMS Naresum မှှ Sparrow Missile- ESSM ဒုံးကျည်များကို ပထမ ဆုံး အကြိမ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ပြသနိုင်ခဲ့ သည်။
.
ထိုင်းရေတပ်သည် တောင်ကိုရီးယားနိုင်ငံမှ တည်ဆောက် သည့် DW 3000F ဖရီးဂိတ်စစ်ရေယာဉ် HTMS Buhmibol Adulyadej (471) တွင်လည်း အနောက်နိုင်ငံ ထုတ်လက်နက် များ၊ အီတလီ Leonardo ကုမ္ပဏီထုတ် တိုက်ပွဲဝင်စနစ် 76mm SRUG ၊ ဆွီဒင် Sacb ကုမ္ပဏီထုတ်စနစ်များနှင့် အမေရိကန် ထုတ် Boeing ကုမ္ပဏီ၏ Harpoon Block II ရေယာဉ်ဖျက်ဒုံး ကျည်များကို တပ်ဆင် အသုံးပြုထားသည်ကို တွေ့ရှိရသည်။ ထိုင်းရေတပ်သည် ဖရီးဂိတ်ရေယာဉ် HTMS Bhumibol Aduly-adej အား နိုင်ငံခြားရေတပ်များနှင့် ပြုလုပ်သောလေ့ကျင့်ခန်း များ၌ ပါဝင်လေ့ကျင့်လျက်ရှိပြီး အထူးသဖြင့် ဒုံးကျည် ပစ်ခတ်ခြင်း၊ ရေငုပ်သဘောင်္များကို ရှာဖွေ တိုက်ခိုက်ခြင်း စသော လေ့ကျင့်ခန်းများကို ဆက် လက်လုပ်ဆောင်နေသည်။ မကြာမီအချိန်တွင်းတွင်ပင် ထိုင်း ရေတပ်သည် သြစတေးလျနိုင်ငံ Shiebel ကုမ္ပဏီထုတ် Comcopter S-100 မောင်းသူမဲ့လေယာဉ်များကိုပင် ဝယ် ယူကာ အသုံးပြုနိုင်ရန် ဆောင်ရွက်လာတော့သည်။ ဤ Comcopter S-100 လေယာဉ်များကိုကား ၂၀၂၀ ပြည့်နှစ် မှ စ၍ ဖရီးဂိတ် စစ်ရေယာဉ်များနှင့် အတူ Nakhon Si Thammarat ပြည်နယ်သို့ ဖြန့်ဝေ အသုံးပြုသွားမည် ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)