တေးသံရှင် ''ညအောင်'' နှင့် တွေ့ ဆုံမေးမြန်းခြင်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, January 2, 2020

တေးသံရှင် ''ညအောင်'' နှင့် တွေ့ ဆုံမေးမြန်းခြင်း


'အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းထက် လုပ်ချင်တဲ့အရာတစ်ခုကို တစ်စိုက်မတ်မတ် လုပ်ရင်
တစ်နေ့တော့ နေရာ တစ်နေရာ ရရှိလာမှာပါ . . . . . . '
.
စိုင်းရာဇာ တွေ့ဆုံမေးမြန်းသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ဂီတကို ရူးသွပ်ကြသော မျိုးဆက် သစ်ရွက်ပုန်းသီး တေးသံရှင်များအနက်မှ တစ်ဦးဖြစ်သောတေး သံရှင် ညအောင်အား ကမ္ဘောဇတိုင်းမှ တွေ့ဆုံ၍  ဂီတအပေါ် ရူးသွပ်တပ်မက်မှု၊ ခံယူချက်တို့ကို မေးမြန်းခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း         အရင်ဆုံး အစ်ကို့ရဲ့ အကြောင်းကို နည်း နည်း မိတ်ဆက်ပေးပါဦး။
ညအောင်                ကျွန်တော့် နာမည်အရင်းကတော့ သီဟပါ။ အနုပညာနာမည်ကတော့ ညအောင်ပါ။ မိသားစု ကတော့ ယောက် ရှိပါတယ်။
.
ကမ္ဘောဇတိုင်း         အစ်ကိုအနေနဲ့ ဂီတအနုပညာကို ဘယ်အ ချိန်က စဝါသနာပါခဲ့တာပါလဲ။ ဂီတအပြင် တခြားဘာတွေ ဝါသ နာပါပါသလဲ။
ညအောင်                ဂီတကို ၁၉၉၉-၂၀၀၀ ခုနှစ်လောက်ကတည်း က စတင်လုပ်ကိုင်ပြီး ဝါသနာပါခဲ့တယ်။ တခြား ဝါသနာပါတာ ကတော့ အားကစားပေါ့။ နောက် ပန်းချီဆွဲတာတွေ၊ ပန်းပုတို့ ဝါသနာပါတယ်။ ဒါပေမဲ့ အကျွမ်းကျင်တော့ မဆွဲတတ်ဘူး။
.
ကမ္ဘောဇတိုင်း         သီချင်းဆိုပြိုင်ပွဲတွေမှာရော ပါဝင်ယှဉ်ပြိုင်ဖူး ပါသလား။
ညအောင်                ။၂၀၀၈ ခုနှစ်လောက်က Melody World တော့ ဝင်ပြိုင်ဖူးပါတယ်။
.
ကမ္ဘောဇတိုင်း         အစ်ကို့အနေနဲ့ ဘယ်လိုဂီတ အမျိုးအစားကို ပိုကြိုက်ပါသလဲ။
ညအောင်                Rock တွေကို ပိုကြိုက်တယ်။ တခြား Music တွေလည်း ကြိုက်ပါတယ်။
.
ကမ္ဘောဇတိုင်း         အစ်ကိုတို့ သူငယ်ချင်းတွေ ပေါင်းပြီးထုတ်ထားတဲ့ နှစ်ချို့ဆိုတဲ့ အယ်လ်ဘမ်နဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပေးပါဦး။
ညအောင်                ။၂၀၁၇ ခုနှစ်လောက်က နှစ်ချို့ ဆိုတဲ့ စီးရီး အယ်လ်ဘမ်ကို ကျွန်တော်တို့ ဘော်ဒါ တွေ ယောက်နဲ့ ထုတ်ထားတယ်။ အမှတ်တရ တွေကတော့ အများကြီးပါ။ ပင်လည်း ပင်ပန်းပါ တယ်။ ပျော်စရာလည်း ကောင်းပါတယ်။ သီချင်း တွေကတော့ ဘဝအကြောင်းတွေရော၊ အမေ ကြောင်းတွေ၊ အချစ်အကြောင်းတွေ စုံပါတယ်။ နောက်ပရဟိတနဲ့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါပါတယ်။
.
ကမ္ဘောဇတိုင်း         နောက်ထပ်ရော အယ်လ်ဘမ် ထုတ်ဖို့ ရှိလား။ အနုပညာနဲ့ ပတ်သက်လို့ရော အစ်ကို့ အနေနဲ့ ဘယ်လို ခံယူထားတယ်ဆိုတာ သိပါရစေ။
ညအောင်။              အခွေသစ်ထွက်ဖို့ လုပ်နေပါတယ်။ အရင် ခွေက သူငယ်ချင်း ယောက် ပေါင်းပြီး လုပ်ထားတာပါ။ အခု ကတော့ တစ်ကိုယ်တော် ထွက်ဖို့ ကြိုးစားနေပါတယ်။ အယ်လ် ဘမ် ခေါင်းစဉ်ကတော့ ရွေးနေတုန်းပါ။ ၂၀၂၀ ခုနှစ် မတ်လ၊ ပြီလလောက်မှာ ပြီးမယ်လို့ မျှော်လင့်ထားတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ခံယူတာကတော့ ဝါသနာပါ တဲ့အတွက် ဂီတကို လုပ်နေရရင် ပျော်နေပါတယ်။
.

.
ကမ္ဘောဇတိုင်း။       အစ်ကို့အနေနဲ့ လူမှုရေး ပရဟိတလုပ်ငန်း တွေမှာရော ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်တာမျိုး ရှိပါသ လား။
ညအောင်။              ပရဟိတကိုတော့ အသင်းတွေမှာ အဖွဲ့ဝင် အနေနဲ့ ဝင်ထားတာ မရှိဘူး။ သွေးလိုတာတွေ သိရရင်တော့ လှူ တာမျိုးတွေ ရှိတယ်။ လမ်းခင်းဖို့ လိုအပ်တဲ့နေရာတွေမှာ ကြုံ ရင်ကြုံသလို လုပ်တာတွေ ရှိပါတယ်။ သီးခြား လုပ်တာတော့ မရှိပါဘူး။
.
ကမ္ဘောဇတိုင်း         အစ်ကို့အနေနဲ့ လေးစားအားကျရတဲ့  ဂီတ ပညာရှင်တွေရှိရင် ပြောပြပေးပါဦး။
ညအောင်                Linkin Park ရဲ့ ဂီတပုံစံတွေ ကြိုက်တယ်။ ပြည်တွင်းအဆိုတော်တွေကိုလည်း ကြိုက်ပါတယ်။
.
ကမ္ဘောဇတိုင်း         အစ်ကို့အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အနု ပညာအပေါ်မှာ ကျေနပ်အားရမှုရှိပြီလို့ ဆိုနိုင်ပါသလား။
ညအောင်                ။အနုပညာပေါ် ဆိုတာထက် အနုပညာ အောက်ကနေ မွေးဖွားလာရလို့ ကျေနပ်ပါတယ်။ အောင်မြင် ခြင်း မအောင်မြင်ခြင်းထက် အနုပညာပေါ်မှာ ရိုးရိုးသားသားနဲ့ လုပ်နေရတဲ့အတွက် ကျေနပ်တယ်။
.

ကမ္ဘောဇတိုင်း         အနုပညာ အသိုင်းအဝိုင်းမှာ မျိုးရိုးရှိပါသ လား။ ဂီတအလုပ်အပေါ်မှာ မိသားစုကတော့ အားပေးမှု ရှိပါ သလား။
ညအောင်                အနုပညာအသိုင်းအဝိုင်းမှာတော့ မျိုးရိုးမရှိ ပါဘူး။ မိသားစုကတော့ အားပေးပါတယ်။ ကိုယ့်ဘဝအတွက် ရွေးချယ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် မိသားစုက အားပေးတယ်။
.
ကမ္ဘောဇတိုင်း။         အနုပညာနဲ့ ပတ်သက်လို့ ဝေဖန်တိုက်ခိုက် လာတာမျိုးရှိရင် အစ်ကို့ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ။
ညအောင်                ကျွန်တော်အနေနဲ့ကတော့ မေတ္တာထားမှာ ပါ။ နောက်ဆုံး သည်းခံလို့ မရရင် ရှောင်ထွက်သွားမှာပါ။ ဘယ် သူဖြစ်ဖြစ် ဝေဖန်မှုကတော့ ရှိနေမှာပါ။
.
ကမ္ဘောဇတိုင်း         ရှမ်းပြည်နယ်က ဂီတကိုရူးသွပ်ကြတဲ့ ဝါသနာရှင်တွေအတွက် ဘယ်လို အကြံပြုလိုပါသလဲ။
ညအောင်။              တောင်ကြီးမြို့မှာ ဂီတနဲ့ ပတ်သက်ရင် ရွက် ပုန်းသီးတွေ အများကြီး ရှိပါတယ်။ တော်လည်း တော်ကြပါ တယ်။ ဂီတကို လုပ်မယ်ဆိုရင် ထိထိရောက်ရောက် လုပ်ကြပါ။ အားပေးခြင်း၊ မအားပေးခြင်းနဲ့ အောင်မြင်ခြင်း မအောင်မြင်ခြင်း ထက် လုပ်ချင်တဲ့ အရာတစ်ခုကို တစ်စိုက်မတ်မတ် လုပ်ရင် တစ်နေ့မှာတော့ နေရာတစ်နေရာ ရှိလာမှာပါ။
.
ကမ္ဘောဇတိုင်း။       အစ်ကို့အနေနဲ့ ဘယ်အသက်အရွယ်မှာ သီ ချင်းတွေ စဆိုဖြစ်တာပါလဲ။
ညအောင်။              ကျွန်တော် ၁၉၉၉ လောက်မှာ မှတ်မှတ်ရရ သီချင်းတစ်ပုဒ် ရေးဖြစ်တယ်။ ၂၀၀၃ ခုနှစ်လောက်မှာ သင်္ကြန် မဏ္ဍပ်တွေမှာ သီချင်းလိုက်ဆိုတယ်။
.
ကမ္ဘောဇတိုင်း         ဖြည့်စွက် ပြောကြား လိုတာများရှိရင် ပြော ကြားပေးပါဦး။
ညအောင်                ရှမ်းပြည်မှာရှိတဲ့ အနုပညာဝါသနာပါတဲ့ သူ တွေအကုန်လုံးကို ပြောချင်တာက အနုပညာဆိုတာ ကျယ်ပြန့် တဲ့အတွက် ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ လုပ်ရင် ဘယ်နေ ရာဖြစ်ဖြစ် အဆင်ပြေလာမှာပါ။ ကျွန်တော် ထွက်မယ့် အခွေ ကိုလည်း စောင့်မျှော် အားပေးကြပါဦးလို့ ပြောလိုပါတယ်။
.
တေးသံရှင် ညအောင်သည် ၂၀၁၇ ခုနှစ်တွင် နှစ်ချို့ မည်ရ အုပ်စုအယ်ဘ်ဘမ်တစ်ချပ် ထုတ်ဝေထားပြီးဖြစ်ကာလက် ရှိတွင်လည်း တစ်ကိုယ်တော် တေးအယ်လ်ဘမ် တစ်ချပ် ထုတ် ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)