မြန်မာ့ပညာရေးလောက မြင်ကွင်း - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 10, 2020

မြန်မာ့ပညာရေးလောက မြင်ကွင်း

မင်းဇော်မင်း
.
" ပညာ သဘာ အာဘာ နတ္ထိ "
လောကတွင် ပညာနှင့်တူသော အလင်းရောင်သည် နတ္ထိ မရှိ
.
ဗုဒ္ဓဘာသာဝင်တို့အလိုအရ ယခု ဘဒ္ဒကမ္ဘာတွင် နောက် ဆုံး ပွင့်တော်မူခဲ့သည့် ဂေါတမမြတ်စွာဘုရားသည် ပညာအဓိက ဘုရား ဖြစ်တော်မူသည်။ ပညာအဓိကဘုရား၊ သဒ္ဓါအဓိက ဘု ရား၊ ဝီရိယအဓိကဘုရားဟူ၍ ကျင့်စဉ်ပါရမီကွဲပြားမှုအရ ဂေါ တမ မြတ်စွာဘုရားရှင်သည် ပညာကို စံထားတော် မူခဲ့လေသည်။ ကျင့်စဉ်များအရ ပညာအဓိကဘုရားသည် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်း၊ သဒ္ဓါအဓိကဘုရားသည် သချေင်္နှင့် ကမ္ဘာ တစ်သိန်း၊ ဝီရိယဓိပတိဘုရားသည် ၁၆ သချေင်္နှင့် ကမ္ဘာတစ် သိန်း ပါရမီဖြည့််ကျင့်တော်မူပြီးမှ သဗ္ဗညုတ မြတ်စွာဘုရား အဖြစ်သို့ ရောက်တော်မူပေရာ ယခုမိမိတို့ သည် ပညာအဓိက ဘုရားရှင်ဖြစ်သည့် ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာအ တွင်း လူဖြစ်ရသူများဖြစ်ပေသည်။
.
ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ပညာအဆုံး အမ ကာလတွင် လူသားအဖြစ် ရပ်တည်နေရခြင်းဖြစ်ကြောင်း ညွှန်းလိုရင်း ဖြစ်သည်။
.
ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာ ဟု မဆိုပေ။ ပညာသည် 'အတိုင်းအဆ မထင်' အလွန်ကျယ် ပြော နက်နဲလှပေသည်။
.
(အလင်္ကာကျော်စွာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်း ဖြတ်သည့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ)
.
ကမ္ဘာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောက ပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွနု်ပ်တို့သည် ပုခက် တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သား များ ဖြစ်နေကြလေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့် အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်အားကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ် ဓာတ်တို့ကို လည်းကောင်း၊(Emotion of the Education)  ပြု ပြင်ပြုစု စီမံထားသူသာလျှင်ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးစာအုပ်တွင် ပညာနှင့် ပတ်သက်၍ သူ့အမြင်ကို ဖော်ပြထားသည်ကို ဤဆောင်းပါးတွင် စံနှုန်းအဖြစ် သတ်မှတ် နိုင်ရန် ရည်ညွှန်းလိုသည်။
.
၂၀၁၉ ခုနှစ်မှ ၂၀၂၀ သို့ ကူူးပြောင်းရာတွင် အသစ်အ ဆန်းအဖြစ် တွေ့ကြုံရမည်မှာ မြန်မာနိုင်ငံပညာရေးစနစ်မှ သွင်ကူးပြောင်းမှုအချို့ပင် ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ စနစ်သစ် အစီအစဉ်တွင်  KG+12 သင်ရိုးအရ အသက် နှစ် သူ ငယ်တန်းကို Grade အရ KG(kindergarten) ၆နှစ်မှစကာ ၁၀ နှစ်အထိ ပထမတန်း(Grade-1) မှသည် ပဥ္စမတန်း(Grade-5)မှုကို မူလတန်းအဆင့် ပြီးမြောက်မှုဟု သတ်မှတ်ကာ Grade-5 စာမေးပွဲကို ခရိုင်(သို့) မြို့နယ်အဆင့်မှ လည်းကောင်း၊ သက်၁၁ နှစ်မှ စကာ ၁၄ နှစ်အထိ၊ ဆဌမတန်း(Grade-6)မှ သည် နဝမတန်း(Grade-9) အထိကို အလယ်တန်း အဆင့်ပြီး မြောက်သည်ဟု သတ်မှတ်ကာ Grade-9 စာမေးပွဲကို တိုင်း/ ပြည်နယ်အဆင့်မှ လည်းကောင်း၊ အသက် ၁၅ နှစ်မှသည် ၁၇ နှစ်အထိ ဒသမတန်းမှ၊ ဧကာဒသမ၊ ဒွာဒသမတန်း Grade- 12 အထိကို အထက်တန်းအဆင့် ပြီးမြောက်သည်ဟု သတ်မှတ် ပြီး Grade-12 စာမေးပွဲကို ဗဟို အဆင့် (အစိုးရစစ်)မှ လည်း ကောင်း စစ်ဆေးသွားမည်ဖြစ်သည်ဟု ကြေညာထားသည်။
.
၄င်းအပြင် ခရိုင်စစ်/တိုင်းစစ်ဖြစ်သည့် စတုတ္ထတန်း/အဋ္ဌ မတန်းကို ဖေဖော်ဝါရီလတွင် ဖြေရမည်၊ နိုင်ငံတော်အဆင့်စာ မေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လဒုတိယပတ် တွင် ဖြေရမည်၊ ကျောင်းတွင်းစစ်စာမေးပွဲများဖြစ်သည့် Grade- 6/7/8/10 တို့ကို မတ်လစတုတ္ထပတ်တွင် စစ်မည်ဆိုကာ ကြေ ညာထားသည်ဟု သိရသည်။
.
ယင်းတွင် ခရိုင်/ပြည်နယ်/တိုင်းနှင့် နိုင်ငံတော်အဆင့် စာမေးပွဲများပြီးပါမှ ကျောင်းတွင်းစစ်များကို စစ်မည်ဆိုလျှင် အခက်အခဲများ အများကြီးရှိကြကြောင်း ဆရာ/ဆရာမများမှ တင်ပြနေကြကြောင်း သိရှိနေရသည်။ ဆရာများအနေဖြင့် စာဖြေ ကြီးကြပ်ရေးမှူးများ လုပ်ကြရသည့်အတွက်လည်း ကောင်း၊ စာဖြေကျောင်းသား မလာသည့်အတွက် အိမ်အထိ လိုက်ခေါ်ရသည်များ ရှိနေသည်သာမက စာမေးပွဲရက်များတွင် ဆရာများ စာမေးပွဲခန်းများ စောင့်ကြပ်ရခြင်းကြောင့်လည်း ကောင်း၊ စာမေးပွဲစစ်နေသည်ဖြစ်၍ တစ်ကြောင်း ကျောင်းဖွင့် ထား၍မဖြစ်ဘဲ ကျောင်းပိတ်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံ တော်အဆင့် စာမေးပွဲစစ်ချိန်ဆိုလျှင် တာဝန်ရှိသူမှအပ တာဝန် မရှိသူများအားလုံး ကျောင်းထဲ ဝင်ခွင့် မရှိသည်ဖြစ်ရာ စာသင် ချိန်၊ လေ့ကျင့်ချိန်၊ ဆရာတပည့် ထိတွေ့ချိန်များ အခက်အခဲ ရှိနေကြကြောင်း သိရသည်။
.
ပြီးလျှင် မြန်မာနိုင်ငံနေရာ အများစုမှာ ရေရှားသည့်အခြေ အနေအရ လည်းကောင်း၊ ကျောင်းသား/သူများ အမိအဘများ နှင့် အလှူအတန်းကာလ သွားရောက်ကြခြင်း များပြားခဲ့သည့် ယခင်ကာလများကြောင့် လည်းကောင်း၊ ဆရာ/ဆရာမများ အားသည့်သူ သင်ဆိုသော်လည်း လူမစုံက အလုပ် မဖြစ်သလို စာမေးပွဲများကိုလည်း အနှောင့်အယှက် ဖြစ်မည်ဖြစ်ကြောင်း၊ ၄င်းအပြင် နောက်ဆုံးစာရင်းသွင်း စာရင်းအတိုင်း အားလုံးဖြေ ရမည်ဖြစ်ပြီး မဖြေသူ စာမေးပွဲ မကျအောင် မည်သို့ပြုလုပ်မည် လဲဆိုသည်များ၊ စသည်ဖြင့် အသစ်သတ်မှတ်သည့် စာမေးပွဲ စစ်ဆေးမှုကာလနှင့် အခြေအနေကို ပညာရေးဌာနမှ တာဝန်ရှိ သူများ အထူးသဖြင့် ဝန်ကြီးနှင့် အစိုးရအဖွဲ့သိစေရန် အွန်လိုင်း မီဒီယာများကို အသုံးချ၍ ထောက်ပြဝေဖန် တင်ပြနေကြသည် များကို သိမြင်နေရပေသည်။
.
သို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ ဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ကြေညာချက်အမှတ် (/၂၀၁၉) ဖြင့် အခြေခံပညာကျောင်းများ၏ စာသင်ကာလ တိုးမြှင့်သတ်မှတ်ထားခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး မူ လအတိုင်းသာ ဆက်လက်ထားရှိရန် တိုက်တွန်းကြောင်း ဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
.
ယင်းထုတ်ပြန်ချက်တွင် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ခြေခံပညာ အတန်းအသီးသီး၏ ကျောင်းတွင်းစစ် စာမေးပွဲများ ကို တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးမှသာ ပြုလုပ်သွားမည်ဖြစ် ပြီး မတ်လကုန်အထိ ကျောင်းတက်ရမည်ဖြစ်သည်မှာ ယင်းအ တွက်ကြောင့် တစ်နှစ်ပတ်လုံးစာသင်လာခဲ့သည့် ကလေးများ ဦးနှောက်အနားပေးချိန် လျော့နည်းစေခြင်း၊ စာသင်ချိန်လ ပိုင်းမျှ တိုးမြှင့်ရုံဖြင့် ပညာရည်ပိုမိုတိုးတက်လာမည်ဟု တစ် ထစ်ချ သတ်မှတ်ရန် ခက်ခဲခြင်း၊ စာမေးပွဲများအတွက် စာဖြေ ခန်းများ ပြင်ဆင်ခြင်း၊ စာမေးပွဲခန်း ကြီးကြပ်ခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း၊ အောင်စာရင်းပြုစုခြင်း တာဝန်များကို တစ်ပြိုင် တည်း ထမ်းဆောင်ရမည့် ဆရာ/ဆရာမများအတွက် ဝန်ပိစေ ကာ အင်အားမလုံလောက်မှု ဖြစ်စေခြင်း၊ သင်္ကြန်ကာလ မတိုင် မီ စာဖြေလွှာများ စစ်ဆေးရမှု၊ သင်ရိုးသစ် သင်တန်းများတက် ရောက်ရမှုက ဆရာ/ဆရာမများ အနေဖြင့် အားလပ်ရက်မရှိ တော့သလောက် နည်းပါးစေခြင်း။ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပူပြင်းလာသည့် နွေရာသီရက်များက ကလေးသူငယ်များနှင့် အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး အားနည်းသူ ဆရာ/ ဆရာမကြီးများအတွက် မလိုလားအပ်သည့် ကျန်းမာရေးအန္တ ရာယ် ရင်ဆိုင်ရဖွယ် ရှိခြင်း၊ စားဝတ်နေရေး အဆင်မပြေကြ သည့် မိသားစုများအတွက် နွေကျောင်းပိတ်ရက်များတွင် မိ ဘများနှင့် အပိုဝင်ငွေ ရှာဖွေရမှုများ မရရှိကြတော့ပါက ကျောင်း ထွက်မှု(Drop Out)များ ဖြစ်ပေါ်လာစေနိုင်သည့်အပြင် စာသင် ခန်းပြင်ပ ဒေသန္တရ ဗဟုသုတ ရှာမှီးချိန်လျော့နည်းစေခြင်းတို့ ကြောင့် ဗဟိုချုပ်ကိုင်မှုဖြင့် ဆုံးဖြတ်သည့် မတ်လကုန်သည် အထိ စာသင်ကာလ သတ်မှတ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်း ပါရှိသည်။
.
`၄တန်း၊ တန်း၊ ၈တန်း ၁၀ တန်း အစဉ်လိုက် စာမေးပွဲ လုပ်သွားတာက အဆင်ပြေပါတယ်၊ ခုလို အစဉ်လိုက် မဖြစ်တာ စာမေးပွဲလည်း စစ်၊ ကျောင်းဖွင့်ထားပြီး စာလည်းသင်၊ အဖြေ လွှာလည်းစစ် ဆိုတာက သင်ကြားသူတွေရော မိဘတွေရော ကလေးတွေရော အားလုံး အဆင်မပြေဖြစ်ကြရတာကို တွေ့ လို့  ပညာရေးဌာန တာဝန်ရှိသူတွေကို မေးတော့ Policy Maker တွေက ညွှန်ကြားတာလို့ပဲ ပြောကြတယ်၊ သတ်မှတ် လိုက်တဲ့ စာမေးပွဲ အစီအစဉ်တွေက မိဘဆရာကျောင်းသား သုံးဦး သုံးဖလှယ်လုံး အခက်အခဲဖြစ်ရမယ့်အခြေအနေပါ ပဲ`ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်(Myanmar Teachers`Fedration) အဆင့်မြင့်ကဏ္ဍ၏ အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာဇော်မျိုးလှိုင်(ရန်ကုန်အနောက်ပိုင်း တက္က သိုလ်မှ ရူပဗေဒကထိက)က ပြောသည်။
.
ပညာဆိုသည်တွင် အတန်းပညာ( Education)နှင့် တတ်ပညာ(Wisdom)ဟူ၍ အချို့ပညာရှင်များကခွဲခြား ပြော ကြသော်လည်း ပညာဟူသည်  လူ့လောက စည်ပင်တိုးပွားမှု အတွက် မရှိမဖြစ် အရာပင်ဖြစ်ကြောင်း ပညာကို အလေးအ မြတ်ထားသူများက ခံယူထားပေသည်။ ပညာမရှိသူများ ဥစ္စာ နှင့်အာဏာ ရှိပါက အင်မတန် ကြောက်စရာကောင်းကြောင်း သမိုင်းတင်ဖြစ်ရပ်များစွာ ရှိခဲ့ဖူးပေသည်။ ပညာကို အတန်း ပညာနှင့် တိုင်းသည်မှာ ပြည့်စုံမှု မရှိသော်လည်း လိုအပ်ချက် တစ်ရပ်အဖြစ်တော့ ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဆင်ခြင်တုံတရားဟူသည့် ပညာကို ဆန်းစစ်နိုင်စွမ်းရှိဖို့တော့ လိုအပ်ပေမည်။
.
မြန်မာနိုင်ငံရှိ စာမေးပွဲအဓိက ပညာရေးစနစ်ကို ကြက်တူ ရွေး စာအံသင်သည့် ပုံစံမျိုးဟု ပညာရှင်များက ဝေဖန်ထားကြ သည်မှာ အလွတ်ကျက်ဖြေသည့် စနစ်ကြောင့်ဟု ဆိုသည်။
.
ပညာရေးဟုဆိုလျှင် စာကိုသင်ခြင်းသည်သာမက စိတ်ကို ပါ သင်မှ ပညာသင်သည်ဖြစ်၍ ပညာတတ် ဖြစ်ပေမည်။ စာ တတ်ဆိုသည်မှာ စာကိုသာတတ်ခြင်းဖြစ်၍ ပညာတတ်မဟုတ် ပေ။ အလားတူပင် ပညာတတ်ဆိုသည်မှာလည်း အတန်းပညာ အရ သတ်မှတ်မှုကို မဆိုလိုဘဲ အတတ်ပညာကိုပါ ဖော်ပြသည့် သဘောဖြစ်သဖြင့် မြန်မာ့ပညာရေးကို ပညာတတ်များအဖြစ် အမှန်တကယ် သင်ကြားပေးနိုင်စွမ်း ရှိသည့် ပညာရေးစနစ် လိုအပ်ပေသည်။
.

.
ဆောင်းပါးရှင်တို့ အသက်အရွယ်မှအစ ပညာရေးသည် ဖားလောင်းဘဝ အစမ်းသပ်ခံအဆင့်မှ မတက်ခဲ့သဖြင့် ယခု ချိန်အထိ ဘွဲ့ရ လက်မှတ်ရသည်သာ များသည်၊ ပညာအရ အခြေခံအဆင့် တတ်မြောက်သည်ဟုပင် မဆိုနိုင်သေးသော ကြောင့် အထက်တွင် ဗုဒ္ဓမြတ်စွာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့၏ ပညာ၏ ဖွင့်ဆိုချက်များကို ညွှန်းခဲ့ခြင်းဖြစ်သည်။
.
ခေတ်သည် စာပေမှတစ်ဆင့် အတတ်ပညာဆီသို့ ကူး ပြောင်းလာလျက်ရှိရာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စက်ရုပ်နည်း ပညာ(Artificial Intelligence) နည်းပညာဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို `အာ`နေရုံသက်သက်မဟုတ်ဘဲ လုပ်ဆောင် နေပြီ ဖြစ်သည်။ ယခုတွင်ပင် ယင်းနိုင်ငံ၏ ပညာရေး အနေအ ထားအရ အဆင့် ၁၀၀ ကျော်မျှ ကွာခြားနေသည့် မြန်မာနိုင်ငံ အနေဖြင့် အလုပ် မဖြစ်သည့် မူဝါဒများနှင့် အချိန်ဖြုန်းနေမည့် အစား အလုပ် ဖြစ်နိုင်သည့် နည်းပညာ သဘောတရားများကို ပြောင်းနိုင်သည့်နေရာမှစကာ ပြောင်းဖို့လိုမည် ထင်ပါသည်။
.
ဤနေရာတွင် ကမ္ဘာ့နို်င်ငံပေါင်း ၁၉၄ နိုင်ငံကို Oxford insights International Development Research Centre မှ ဦးဆောင်ပြုလုပ်သည့်  Government AI Readiness Index နှစ်စဉ်ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်အတွက် ဇယား၌ ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၄နိုင်ငံတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၅၉ တွင် ရှိနေကြောင်း ၂၀၂ဝအတွက် ဖော်ပြထားပါသည်။
.

ယင်း သုတေသနဖော်ပြချက်တွင် နိုင်ငံပေါင်း ၁၉၄ နိုင်ငံ အနက် စင်္ကာပူနိုင်ငံမှာ အဆင့် ဖြစ်သလို အာဆီယံနိုင်ငံများ အနက် မလေးရှား ၂၂ ဖိလစ်ပိုင် ၅၀၊ ထိုင်း ၅၆ အင်ဒိုနီးရှား ၅၇ ဗီယက်နမ် ၇၀ ကမ္ဘောဒီးယား ၁၂၅ လာအို ၁၃၇ တို့ဖြစ် ကြကာ မြန်မာနိုင်ငံမှာ အဆင့်၁၅၉ တွင် ရှိကြောင်း ဖော်ပြထား သည်။
.
အောက်ဆုံးအဆင့် ၁၉၄ မှာ ဆိုမာလီ ဖြစ်ပြီး ၁၉၃ မှာ မြောက်ကိုရီးယားဖြစ်သည်ဟု ဖော်ပြထားသည်။ ကမ္ဘာ့အဆင့်Top Ten တွင် စင်္ကာပူ ၁၊  ယူနိုက်တက်ကင်းဒမ်း ဂျာမဏီ အမေရိကန် ဖင်လန် ၅၊ ဆွီဒင် ကနေဒါ ပြင်သစ် ဒိန်းမတ် နှင့် ဂျပန်နိုင်ငံ ၁၀ တို့ဖြစ်ကြောင်း ရရှိသည့်အမှတ် များဖြင့် ယှဉ်တွဲဖော်ပြထားကြောင်းတွေ့ရသည်။
.
Government AI Readiness Index ကို တိုင်းတာစစ်ဆေး ရာတွင် အစိုးရတစ်ရပ်သည် နို်င်ငံသူနိုင်ငံသားများကို အစိုးရနှင့် ပတ်သက်သည့် ဒေတာအချက်အလက်များ မည်မျှရအောင် စီစဉ်ဆောင်ရွက်ပေးသည်၊ နိုင်ငံသူနိုင်ငံသားများကို ဒစ်ဂျစ် တယ် ကျွမ်းကျင်မှု(Digital Skills) များရှိလာစေရန် ပညာရေး တွင် မည်မျှ စီစဉ်ဆောင်ရွက်ထားသည်၊ AI နှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင်းအနေဖြင့် မည်မျှအကျိုးရှိအောင် သုံးစွဲနေသည်။ အမျိုးသားအဆင့်ဆိုင်ရာ AI အမြင်သဘောထားများ မည်သို့ရှိ သည်၊ ဒေတာ အချက်အလက်များကို မည်မျှအကာအကွယ် ပေးထားပြီး မူပိုင်ခွင့်ဆိုင်ရာ ကိစ္စများကို မည်မျှကာကွယ်ပေး ထားသည် စသည့်အချက်များအပေါ်တွင် ပိုင်းဖြတ်ကြောင်း ရေးသားထားသည်ကို သိရသည်။
.
AI (Artificial Intelligence) ခေတ်တွင် လူသားအတိုင်း တုပလုပ်ဆောင်နိုင်မည့်၊ လူသားလိုသိမည့် စက်များ၊ ပစ္စည်းများ ဖြစ်လာစေရန် လူသားများ အားထုတ်လာကြသည်မှာ နှစ် ပေါင်း ၂၀ မျှ ရှိနေပြီဖြစ်ကာ လာမည့်၂၀၃၀ ခုနှစ်တွင် နည်း ညာနှင့် AI ဆိုင်ရာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအတွက် အမေ ရိကန်ဒေါ်လာ ၁၅ ထရီလီယံခန့် ရှိလာမည်ဟု အဆိုပါဖော်ပြ ချက်တွင် ပါရှိသည်။
.
AI အဆင့် နောက်ကျသည့် နိုင်ငံများတွင် ပွင့်လင်းမြင်သာ မှု မရှိခြင်း၊ အာဏာရှင်စနစ် အကြွင်းအကျန်များ လွှမ်းမိုးနေ ခြင်း၊ နိုင်ငံနှင့် လူမျိုးအမြင်များကို ပိတ်ဆို့ ကာဆီးထားသည့် နိုင်ငံအများစု ဖြစ်နေသည်ဟုလည်း ဖော်ပြထားရာ မြန်မာနိုင်ငံ အနေဖြင့် အနီးဆုံးထိုင်းနိုင်ငံကို ပညာရေးအရမည်သို့ ကျော် ဖြတ်နိုင်ဆိုသည်သာမက မိမိတို့ပညာရေး မြင့်တက်အောင် များစွာ ကြိုးပမ်းဆောင်ရွက်သင့်လှပေသည်။ အဆင့် ဖြစ် သည့် စင်္ကာပူကို ကျော်မည်အသာထား အဆင့် ၁၀၀ ကျော် ကွာဟနေသည့် ထိုင်းနိုင်ငံ၏ ပညာရေးအဆင့်ကိုပါ မီအောင် လိုက်ရန်အတော့်ကို ကြိုးပမ်းကြရမည် ဖြစ်ပေသည်။
.
ပြည်တွင်းတွင်သာမက နယ်စပ်ဒေသများရှိ ကျောင်းများ တွင် ဆရာ မလုံလောက်မှု၊ ဘာသာရပ်သင် မကိုက်ညီမှုတို့က အခြေခံပညာ အထက်တန်းကို /၄နှစ်တွင်ပင် အောင်မြင်သူ လုံးဝမရှိသည်များက ပညာရေးလောက၏ လိုအပ်ချက်များဖြစ် သည်။ Center for UniversalEducation (CUE) အဖွဲ့၏ သုံး သပ်ချက်တွင် နိုင်ငံတကာ၌ အဓိက အချက်()ချက်နှင့် ညာရေးကို ပြန်လည်ဆန်းစစ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည် ကို စာရေးဆရာတင်ညွန့်(တော်လှန်သော ကျောင်းဆရာ) အကြံပြုချက်ကို ဖော်ပြလိုပါသည်။
.
ပြည်သူ့နီတိ သဘောတရားများ နားလည်သဘောပေါက် စေရန် လေ့ကျင့်သင်ကြားပေးမှုကို ဆန်းစစ်ခြင်းတွင် ဆရာများ အနေဖြင့် တစ်သီးတစ်ခြား တစ်ချိန်ယူသင်သည်ဆိုသည်ထက် အချိန်တိုင်းတွင် ဘာသာရပ်များနှင့် ဆက်စပ်သင်ကြားနိုင်ရန်။
.
ဆရာ/ဆရာမများ၏ သင်ကြားနိုင်မှု စွမ်းဆောင်နိုင်ရည်များ ကို ဆန်းစစ်ရာတွင် စာချည်းသက်သက်သာမက ပညာနှင့် စိတ် ကို မြင်တတ်အောင်သင်၊ တွေးခေါ် စဉ်းစားတတ်အောင်သင် ကြားနိုင်ရန်။
.
ကျောင်းသားများ၏ သင်ယူနိုင်စွမ်းတွင် စာကျက်ပြီး အလွတ် ရွတ်၊ အလွတ်ပြန်ရေးပြသည်မှာ ပညာမဟုတ်ကြောင်း၊ သင် ပေးလိုက်သည့် ပညာနှင့် မည်သို့ ပြန်လည်လုပ်ဆောင်ပေးနိုင် သည့် ရလဒ်ကို ဖော်ထုတ်နို်င်စွမ်းပညာ ရရှိစေရန်။
.
ကလေးများ၏ ကျန်းမာဖွံ့ဖြိုးမှုတွင် ကစားကွင်း မရှိသည့် ကျောင်းများမှ ကစားသမားမွေးမထုတ်နိုင်သလို စာသင်ကြား ရေးကိုသာ အလေးပေးနေသည့် ကျောင်းများအနေဖြင့် ကျန်း မာသန်စွမ်းသူများ မမွေးထုတ်နိုင်သည်ကို အထူးဂရုပြုနိုင်ရန်။
.
သင်ပေးနေသည့် ပညာရေး အဆင့်အတန်းနှင့် သက်ရောက် မှုတွင် ကျောင်းပြီးသည်ဆိုပြီး စာတစ်စောင်တောင် ဖြောင့် အောင်မရေးနိုင်သည့် ပညာရေးသည် အရည်အချင်း ပြည့်ဝသူ များကို မွေးထုတ်ပေးနေသည့် ပညာရေးဟု မဆိုနိုင်ကြောင်း။
.
ပညာသင်ကြားရေးသည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် နိုင်စွမ်း ကျွမ်းကျင်မှု ရှိမရှိ ဆန်းစစ်ရန်။
.
ပညာကို မသင်ယူနိုင်သူ မရှိ၊ ပညာရေးနှင့် ဝေးသူ မရှိစေ ရေးဆန်းစစ်ရန်တို့ဖြင့် အကြံပြုထားပြီး ပညာမတတ်၊ ပညာ တစ်ပိုင်းတစ်စ၊ လက်မှတ်သာရ ပညာမတတ်၊ အကြံအဖန် လက်မှတ်၊ အကြံအဖန် စာတမ်းများဖြင့် ပညာရေးကို ကြောင်းပြကာ နေရာယူမှုကို စက်ရုံအလုပ်ရုံမှအစ နိုင်ငံ၏ ရေးကြီးနေရာများ ရယူမှုသည် တိုင်းပြည်ကို အဓိကဆုတ်ယုတ် ပျက်စီးစေရင်းအကြောင်းများပင် ဖြစ်သည်ဟု ဆိုသည်။
.
ကျောင်းများတွင် ဆရာများနှင့် စာသင်သားအချိုး၊ ချိုး ၂၅ သည် သင်ကြားနိုင်မှု အကောင်းဆုံးစံ ဖြစ်သော်လည်း အချိုး ၅၀ သည် မြန်မာနိုင်ငံတွင် အများဆုံးတွေ့မြင်နေရသည့် အချိုးအစားဖြစ်ပြီး အချို့သော နယ်စပ်ကျောင်းများတွင် ချိုး ၁၀၀ အထိ ရှိသည့် ကျောင်းများရှိနေရာ ဆရာများမွေးထုတ် နိုင်ရေးမှာလည်း အထူးလိုအပ်ပေသည်။ ၀ိဇ္ဇာဘွဲ့ရ ဆရာများ မှာ သိပ္ပံတွဲကို သင်ကြားနိုင်စွမ်း ရှိမည်မဟုတ်သလို ကျွမ်းကျင် ဘာသာရပ်နှင့် မကိုက်ညီမှုကလည်း ပညာရေးကို ဆုတ်ယုတ် စေနေသည်ကို သိရှိစေလိုသည်။
.
ပညာရွှေအိုး လူမခိုး ဆိုသော်လည်းပဲ ကျူရှင်ကအစ နိုင်ငံ တကာကျောင်းများအထိ ငွေကုန်ကြေးကျခံ သင်ကြားနေရသည့် မိဘများအနေဖြင့် ရွှေအိုးကုန်မှ ပညာရ အနေအထားသည် လည်း ပညာရေးတြိဂံတွင် ပါဝင်သည့် မိဘများ၏ငွေကြေး ခန်းကဏ္ဍ၊ ဆရာများ၏ အခက်အခဲနှင့် စွမ်းရည်၊ ကျောင်းသား များ၏ အားထုတ်မှုနှင့် ပံ့ပိုးမှုလိုအပ်မှုတို့မှာ လက်ရှိဖြစ်ပေါ် နေသည့် ပညာရေးလောက မြင်ကွင်းကို သိရှိ၍ အကောင်းဆုံး လုပ်ဆောင်နိုင်ပါရန်  Policy Maker များ ထဲထဲဝင်ဝင် သိစေ ချင်ပါသည်။
.
မူလတန်းမှသည် အလယ်တန်း၊ အထက်တန်းသို့ အခြေ ခံကောင်းများဖြင့် သင်ကြားလာခဲ့ရသည့် ကလေးများမှာ ထွန်း တောက်သည့် ကြယ်ပွင့်များအဖြစ် နိုင်ငံကိုသာမက လောက ကိုပါ အလင်းရောင်ပေးနိုင်မည်ဖြစ်ရာ လက်ရှိ ဖြစ်ပေါ်နေ သည့် မြန်မာနိုင်ငံ၏ ပညာရေးလောက မြင်ကွင်းကို လွန်ခဲ့ သည့် ခရစ်တော်မပေါ်မီနှစ်ပေါင်း ၂၅၀၀ ခန့်က ရှိခဲ့သည့် ဂရိ အတွေးအခေါ် ပညာရှင် ဒိုင်အိုဂျီးနီးစ်၏ အဆိုကို ဖော်ပြရင်း ဤဆောင်းပါးကို အဆုံးသတ်လိုပါသည်။
.
The foundation of every state is the education of its youth.                                                                                        
Diogenes (BC-404-302)
.
တိုင်းပြည်နိုင်ငံများ၏ အခြေခံအုတ်မြစ်သည် ယင်းတိုင်း ပြည်နိုင်ငံများရှိ လူငယ်များ၏ ပညာရေးပင် ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)