တကယ်ရော လွတ်လပ်ကြပြီလား - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

တကယ်ရော လွတ်လပ်ကြပြီလား


မင်းဇော်မင်း
.
"ထွဋ်မြတ်တဲ့ စံဌာနေ၊ လွတ်လပ်တဲ့ မြန်မာပြည်၊ မချွတ် အစဉ် လွတ်သဘင် ဆင်နွှဲခဲ့ပြီ သဘင်ပွဲ သည်းညံစီ ဗမာ့ဟန် ရေးရှေးထုုံးမပျက်ပေါင် မရိုးစည်မောင်း ငြိမ့်ညောင်းဝေဝေစည်"
 .
မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၅ နှစ်အ ကြာ ၁၉၅၃ ခုနှစ်၊ တွင် စာဆို ဂီတာဘသိန်းက လွတ်လပ်ရေး နေ့ကို ရည်စူးကာ နိုင်ငံတော်သမ္မတသို့ ကြည်း/ရေ/လေ တပ် မတော်မှ အလေးပြုသည့် ဗိုလ်ရှုခံ သီချင်းကို စပ်ဆိုခဲ့ပြီး အဆို တော် မေသူဟန်က သီဆိုခဲ့ကြောင်း မှတ်တမ်းများအရ သိရ သည်။
.
ယင်း သီချင်းပါ စာသားများအရ စစ်တပ်က စစ်ရေးပြကာ နိုင်ငံတော်၏ သမ္မတကို အလေးပြုခြင်းဖြစ်သဖြင့် သမ္မတ၏ အောက်တွင် တပ်မတော်ရှိနေသည့် ပြယုဂ်ကို ထင်ရှားစေခဲ့ သော်လည်း ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က နေ ပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗိုလ်ရှုခံ အနှစ်သာရကမူ နိုင်ငံ တော်သမ္မတ၏ တိုက်ရိုက်အောက်တွင် ရှိနေသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအရ မယူဆနိုင်သော တပ်မတော်က အလေးပြုသည် ဟု နိုင်ငံရေးအသိုင်းအဝန်းမှ ရှုြုမင်ခဲ့ကြသည်။ တစ်နည်းအား ဖြင့်ဆိုသော် သမိုင်းဝင် အခမ်းအနားတစ်ခု၏ လေးမြတ်မှုကို အ နှစ်သာရအရ ကွဲပြားခြားနားစေသည့် ဖော်ဆောင်မှုဟု ဆိုနိုင် ပေသည်။
.
ဤသို့ပင် လွတ်လပ်ရေးနေ့အတွက် အထွဋ်အမြတ် စပ် ဆိုခဲ့ပြီး တစ်နိုင်ငံလုံးရှိ အခမ်းအနား၊ ကျောင်းများ၊ ရုပ်ရှင်ရုံများ အားကစားပွဲတော်များတွင် ဇာတိမာန်အပြည့်ဖြင့် သီဆိုနေကြ သည့် နိုင်ငံတော်သီချင်းကိုလည်း တိုင်းရင်းသားအဖွဲ့အစည်း နိုင်ငံရေးပါတီများ၏ အခမ်းအနားများတွင် သီဆိုခြင်း မပြုကြ ကြောင်း တွေ့ရှိရသဖြင့် လွတ်လပ်ရေးဆိုသည်ကို အချို့သော တိုင်းရင်းသားများဘက်မှ မည်ကဲ့သို့ အမြင်ရှိနေသည်ကို ခံစား ကြည့်ကြရအောင်ပါ။
.
"လွတ်လပ်ရေးရတယ်လို့ဆိုတယ်၊ တိုင်းရင်းသားတွေ လွတ်လပ်ရေး ဆုံးရှုံးခဲ့တယ် ထင်တာပဲ၊ ၄၈ မှာ လွတ်လပ်ရေးရ တယ်ပြောတယ် အကုန်လုံး အချုပ်တွေ ကျကုန်ကြတယ်၊ လွတ် လပ်ရေး မရခင် ၄၈ အရင်က ပေါ်တာတွေ ဘာတွေ မထမ်းရဘူး လေ၊ ၄၈ နောက်ပိုင်းကျမှ ပေါ်တာတွေထမ်းတာတို့ အရိုက်ခံ ရတာတို့" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ က မိုးနဲမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများ စိစစ် ရေးကော်မတီဥက္ကဌ တာဝန်ယူထားသူ ဦးစိုင်းမျိုးမြင့်က ပြော သည်။
.
ရှမ်းနီလူမျိုးပါတီတစ်ခု ဖြစ်သည့် ရှမ်းနီ(တိုင်းလျှန်)သွေး စည်း ညီညွတ်ရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးစောဝင်းထွန်းက လည်း " နယ်ချဲ့အောက်က လွတ်လပ်တာ မှန်ပေမယ့် တိုင်းပြည် အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေ ကိုယ်၏ လုံခြုံ မှု၊ စိတ်၏ လုံခြုံမှု အပြည့်အဝ ရရှိပြီလားဆိုတဲ့ မေးခွန်းကိုတော့ ပြန်မေးစရာ လိုတယ်၊ လွတ်လပ်တဲ့ မြန်မာနိုင်ငံဆိုတာကလဲ ပြည်ထောင်စု ဆိုတာ ပင်လုံစာချုပ်အရ ဖွဲ့စည်းထားတာ ဖြစ် တယ်၊ သို့သော်လည်း တိုင်းရင်းသားဒေသများမှာတော့ ခုချိန် ထိ လွတ်လပ်တဲ့ အရသာဖြစ်ကို မခံစားရသေးတာ ဖြစ်တဲ့ အ တွက် လွတ်လပ်ရေးကို အပြည့်အဝ ခံစားရဖို့ဆိုရင် ပင်လုံစာ ချုပ်ပါ ကတိကဝတ်တွေကို ပြန်လည် အသက်သွင်းဖို့လိုအပ် မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
.
တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ဖက်ဒရယ်ယူနီယံပါတီ ဥက္ကဌဖြစ်သူ ခန္တီးရှမ်းလူမျိုး ဦးစောသန်းမြင့်ကမူ လွတ်လပ်ရေး နဲ့ ပြည်ထောင်စုနေ့ဆိုတာတွေဟာ လွတ်လပ်ရေးကလည်း ပြည်တွင်းမှာ အစစ်အမှန်မဟုတ်သလို ပြည်ထောင်စုကလည်း အစစ်အမှန် ဖွဲ့စည်းမထားဘဲ ဗဟိုအုပ်ချုပ်မှုအရသာအုပ်ချုပ် နေခြင်းဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ အခမ်းအနားများကို အစစ်အမှန် မဟုုတ်မခြင်း တက်ရောက် ခြင်းပြုမည် မဟုတ်ကြောင်း ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ပြီး စစ်မှန်သည့် ပြည်ထောင်စုဖွဲ့စည်းသည့် အနှစ်သာရပြည့်စုံမှ သာ ၄င်းအနေဖြင့် တက်ရောက်မည်ဖြစ်သည်ဟု ပြောကြားခဲ့ သည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က နိုင်ငံရေးပါတီအဖြစ် အ သိအမှတ် ပြုခံရသည့် အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ် အ ခြေစိုက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ ပထမခေါင်းဆောင် ဦး အောင်ကြည်ဝင်းကလည်း လွတ်လပ်ရေးနှင့် ပတ်သက်သည့် ၄င်း၏အမြင်ကို ပြောကြားရာတွင် "ပင်လုံစာချုပ် ချုပ်တဲ့အခါက ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိတွေလည်း ခုချိန်အထိ ဘာ မှ အကျိုးမခံစားရသေးဘူးပေါ့ဗျာ၊ အဲဒါတွေအရတော့ လွတ် လပ်ရေးရဲ့အရသာ မရသေးဘူးလို့ ပြောရမှာပေ့ါ၊ ဖက်ဒရယ်မူ ကို ချပေးမယ်၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပေးမယ် ဆိုတာတွေ လည်း လက်မှတ်ထိုးထားတာတွေ ရှိပေမယ့်လည်း ဗဟိုချုပ် ကိုင်မှုတွေ များပြီးတော့မှ ပြည်နယ်/တိုင်းတွေရဲ့ လုပ်ပိုင်ခွင့် တွေက နည်းနေတယ်၊ နောက် သဘာဝအရင်းအမြစ်တွေ ပိုင် ဆိုင်တာတွေ၊ သယံဇာတတွေ ပိုင်ဆိုင်မှုတွေကလည်း ဗဟိုကပဲ ချုပ်ကိုင် လုပ်ဆောင်နေတော့ တိုင်းရင်းသားဒေသတွေမှာ အ ကျိုးခံစားမှု မထင်ပေါ်ဘူးပေါ့ဗျာ၊ လွတ်လပ်ပြီလား ဆိုတာက တော့ကျွန်တော်တို့သယံဇာတတွေတောင် ပြည်သူက လွတ် လွတ်လပ်လပ်ဝယ်လို့မရတဲ့အခြေအနေ၊ ဗဟိုက ချပေးမှရ တာလေ၊ ထွက်တာက ရှမ်းပြည်က ၊ သယံဇာတ ခွဲဝေမှု မမျှတ ဘူးဆိုတော့ လွတ်လပ်ရေးရဲ့အနှစ်သာရကို မခံစားရသေးဘူး လို့ကျွန်တော် ဒီလိုမြင်ပါတယ်" ဟု ဆိုသည်။
.
လားဟူတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္က ဌ ဒေါ်အေးသီတာမြင့်ကလည်း "ခုရက်ပိုင်းပဲ လားရှိုးမန်ဆူ ကျောင်းတိုက်ကို လားဟူစစ်ဘေးရှောင် ၅၀၀ ကျော် ရောက် လာရတယ်၊ ဒီကာလက ခရစ်စမတ် ပွဲတော်ကာလ ဖြစ်ပြီး သူ တို့တွေ  ယုံကြည်မှုပွဲတော်ကိုတောင် ငြိမ်းချမ်းစွာ မခံစားရပါ လားလို့ ခံစားမိရသလို 'ဝ' အထူူးဒေသမှာလည်း ခုမှ ဘုရား ကျောင်းတွေ ပြန်တည်ဆောက်ခွင့်ရတာ ဖြစ်လို့ လွတ်လပ်မှု ဆိုတာ လက်နက်ကိုင် အရသာ ခံစားနေရသလား ထင်မိတယ်၊ လွတ်လပ်ရေးသာရတယ်ဆိုပေမယ့် တိုင်းရင်းသားတွေမှာ ပြည် တွင်းပဋိပက္ခတွေကြောင့် ဘေးအန္တရာယ် အသွယ်သွယ်နဲ့ဒုက္ခ ပေါင်းစုံ ရောက်နေကြရတာဖြစ်လို့ ခုလို လွတ်လပ်ရေး ရတာ နှစ်ပေါင်းကြာတယ် ဆိုပေမယ့် အထူးသဖြင့် တိုင်းရင်းသားဒေ သတွေမှာ လွတ်လပ်ရေးရဲ့အရသာကို မခံစားရသေးပါဘူး" ဟု လားဟူတိုင်းရင်းသားများကိုယ်စား ပြောကြားသည်။
.
`ပြည်မမှာတော့ လွတ်လပ်ရေးရကောင်းရလိမ့်မယ်၊ ကျွန် တော်တို့တောင်တန်းဒေသမှာတော့ လွတ်လပ်ရေးမရသေးဘူး ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်လုံး တိုက်ပွဲဖြစ်နေပြီးဟိုပြေး လိုက်ဒီပြေးလိုက်နဲ့စစ်ရှောင်နေရတာကိုး၊  ဒီကြားထဲမြို့ထဲနေ တာတောင်မှ တစ်ခါတစ်ခါ စိတ်မချရဘူး၊ ကျွန်တော်တို့တောသူ တောင်သားတွေဟာ လွတ်လပ်ရေး မရသေးဘူးခင်ဗျာ၊ ကျွန် တော့် ပထမအမျိုးဆို စစ်ပွဲထဲမှာ သေသွားတာဗျ၊ လွတ်လပ် ရေး တစ်ကယ်ရဖို့ဆိုရင် စစ်ပွဲတွေရပ်ပေးဖို့ လိုတယ်လေ၊ ကျည်ဆံသံတွေ ဗုံးသံတွေ မကြားရဘူးဆိုရင် လွတ်လပ်ရေး တစ်စိတ်တစ်ပိုင်း ရပြီပေါ့၊ လူ့အခွင့်အရေးတွေအားလုံး တန်း တူညီမျှ ဖြစ်ပြီဆိုရင် စစ်မှန်တဲ့လွတ်လပ်ရေး ရပြီပေါ့၊ ငြိမ်းချမ်း ရေးမရဘဲနဲ့တော့ လွတ်လပ်ရေး မရနိုင်ပါဘူး" ဟု နမ္မတူမြို့ နယ်မှတအာင်း (ပလောင်) အမျိုးသားပါတီဥက္ကဌ ဦးအိုက်ထိုင်း က ဆိုသည်။
.


.
" NLD နာယကကြီး ဦးတင်ဦးပြောတဲ့ စကားပါပဲ၊ သူပြောခဲ့ တာရှိတယ်၊ တိုင်းပြည်က လွတ်လပ်ရေး ရပေမယ့် စနစ်တွေ အောက်က မလွတ်မြောက်သေးဘူး ဆိုတဲ့စကားပါပဲ။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ အဲဒီလိုပြောခဲ့တာကိုး၊ တိုင်းပြည်က တော့နယ်ချဲ့အောက်က လွတ်လပ်ရေး ရခဲ့ပေမယ့် စနစ်ဆိုး အောက်တွေကနေ မလွတ်မြောက်သေးပါဘူး။ တိုင်းရင်းသား တွေဆိုရင် ဆိုင်ရာ ဆိုင်ရာ မိမိတို့လွတ်မြောက်မှုအတွက် တော် လှန်ရေးတွေကို ဆင်နွှဲနေကြတာဟာ တစ်ကယ့်လွတ်လပ်ရေး မရသေးဘူးဆိုတာပါ။ ပအိုဝ်းတော်လှန်ရေးဆိုရင် ပဒေသရာဇ် စနစ်တော်လှန်ရေးကတော့ ၅၈၊ ၅၉ မှာ စော်ဘွားတွေ အာ ဏာ စွန့်သွားပြီးတဲ့နောက်မှာ တော်လှန်ရေးကတော့အောင်ပွဲ ခံတယ်လို့ ပြောလို့ရပါတယ်။ အဲဒီနောက်မှာ ထပ်ရှိခဲ့တဲ့ အာ ဏာရှင်စနစ်အမျိုးမျိုး လက်အောက်ကတော့ ဒီနေ့အထိ လွတ်မြောက်မှု မရသေးပါဘူး။ တိုင်းပြည်ကတော့ လွတ်လပ် ရေး ရပြီ ဖြစ်ပေမယ့် လူမျိုးအနေနဲ့ကတော့ လွတ်မြောက်မှု မရသေးဘူးဆိုတဲ့ အခြေခံပါပဲ" ဟု ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးခွန်မြင့်ထွန်းက ပြော သည်။
.
ANP ရခိုင်တိုင်းရင်းသားပါတီမှ မြောက်ဦးမြို့နယ်၊ ပြည် သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည် "လွတ်လပ် ရေးနဲ့ ပတ်သက်လို့က သမိုင်းဖြတ်သန်းမှု အတွေ့အကြုံအရ ရင်ထဲမှာ လေးလေးနက်နက် ခံစားရမှုတွေ ပျောက်ပျောက်လာ တယ်။ လူငယ်တွေဆိုရင်တော့ လွတ်လပ်ရေးနေ့ဆိုတာ သူ တို့ရဲ့ ရင်ထဲမှာ မရှိတော့သလောက် ဖြစ်သွားတယ်၊ ဒါကလဲ သမိုင်းဖြတ်သန်းမှုနဲ့ ဆိုင်ပါတယ်၊ လွတ်လပ်ရေးကို အတူတူ တိုက်ယူခဲ့ကြတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေတ်ပြိုင်မှာ ရခိုင် တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လပ်ရေးကို အတူတူ တိုက်ယူခဲ့ကြတယ်။ ခေတ်အဆက်ဆက်မှာ ဆောင်ရွက်ခဲ့ကြ တယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရ၊ အခု NLD အစိုးရလက် ထက်မှာ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ လူမျိုးတစ်မျိုးရသင့် ရထိုက်တဲ့ အခွင့်အရေးကို မရဘဲနဲ့ ပိုတောင်ဆိုးလာတယ်၊ ဒီ တော့ လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ရခိုင်နိုင်ငံရေးအများ စုအတွက် အဓိပ္ပါယ်မဲ့သလို ဖြစ်နေတယ်။ လွတ်လပ်ရေးကို လူ မျိုး တစ်မျိုးကပဲ မောင်ပိုင်စီးသွားတယ်။ အဲလို ခံစားရတယ်။ လွတ်လပ်ရေးကို အတူတူ တိုက်ခဲ့ကြတယ်၊ လွတ်လပ်ရေးအ သီးအပွင့်ကို အတူတူ မခံစားရဘူး၊ တိုင်းရင်းသားတွေ မျှော် လင့်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်း မှုန်ဝါးလာတယ်၊ အဲဒီမှာ ဘာမှလဲ ထိထိရောက်ရောက် မ လုပ်ပြနိုင်ဘူး၊ အဲဒါတော့ ဝေါဟာရတွေပဲ ပိုလာတယ်" ဟု  ၄င်း၏ အမြင်ကို ပြောသည်။
.

ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦး သန်းနိုင်ကလည်း " မြန်မာနိုင်ငံ လွတ်လပ်ရေးဟာ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီက ရခဲ့တာ နယ်ချဲ့ အင်္ဂလိပ် လက်အောက်က လွတ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်တော့ ရှိ်ပါတယ်၊ ဒါပေမဲ့  အဲဒီလွတ်လပ်ရေး ရပြီးတဲ့ နောက်မှာ ကိုယ့်ပြည်တွင်းမှာရှိတဲ့ အချင်းချင်းတစ်ဦးနဲ့တစ်ဦး အပေါ်မှာ ရှိနေတဲ့ အာဃာတ တရားတွေ၊ သံသယစိတ်တွေ ဖြစ်ပေါ်လာခဲ့တဲ့ လှိုင်းဂယက်တွေဟာ ယနေ့အထိပါပဲ" ဟု ဆိုသည်။
.
အိုက်ရှက်ဘာလင်၏ ၁၉၅၈ ခုနှစ်ထုတ် Two Concepts of Liberty ၏ စာအုပ်တွင် စိတ်အတွင်းပိုင်း လွတ်လပ်ပြီး လွတ်လပ်စွာ ပြုမူနိုင်သည့် ကိုယ်အတွင်း လွတ်လပ်မှု (positive freedom)နှင့် ပြင်ပ အနှောင့်အယှက် တစ်စုံတစ်ရာကနေ ကင်းလွတ်သည့် လွတ်လပ်မှု(negative freedom) နှစ်ခုကို အ ကျယ် ဖွင့်ဆိုထားခဲ့သည်။ မိမိအနေဖြင့်မူ အဇ္ဇျတ လွတ်လပ်မှု နှင့် ဗဟိန္ဓလွတ်လပ်မှုဟု ယင်းဖွင့်ဆိုချက်များအပေါ် လိုရာဆွဲ ကောက်ချက် ရယူမိပြီး positive freedom ကို တစ်ဦးပိုင်လွတ် လပ်ရေး (ပုဂ္ဂလိက လွတ်လပ်မှု)ဟု လည်းကောင်း၊ negative freedom ကို အများဆိုင်လွတ်လပ်ရေး (နိုင်ငံ၏ လွတ်လပ်ရေး)ဟု လည်းကောင်း ရယူလိုပါသည်။
.
လွတ်လပ်မှုသည် နိုင်ငံတော်နှင့် ဆက်စပ်နေပြီး လစ်ဘ ရယ်များက နိုင်ငံတော်ဆိုသည်မှာ ၄င်း၏ နိုင်ငံသားများကိုအ ကာအကွယ်ပေးသော ကိုယ်စားပြု အင်စတီကျူးရှင်း တစ်ခု မှတ်ယူသည်ဖြစ်ရာ နိုင်ငံတော်နှင့် နိုင်ငံသားများအကြားတွင် မည်သည့်ပဋိပက္ခမှ မရှိစေရန် နိုင်ငံတော်မှ ကြိုးပမ်းပေးရမည် ဟု ဆိုသည်။ နိုင်ငံတော်သည်တစ်သီးပုဂ္ဂလ လူသား၏ပါဝါကို ခြိမ်းခြောက်နိုင်စွမ်းရှိသည့်အတွက်  အင်္ဂလိပ်လူမျိုး လစ်ဘရယ် နိုင်ငံရေးသမား ဟားဘတ်စပင်ဆာက ၁၈၈၄ခု နှစ်တွင် Man Versus the State တွင် နိုင်ငံတော်နှင့် တစ်သီးပုဂ္ဂလ လူ သားများအကြား အမြဲဖြစ်နေမည့် အကြွင်းမဲ့ ယူနီဗာဆယ် ပဋိ ပက္ခ ရှိနေမည်ဆိုသည်ကို သံသယရှိသည်ဟု ဆိုထားသည်။
.
ဗိုလ်ချုပ်အောင်ဆန်းကတော့ လွတ်လပ်ရေး၏ ပဋိပက္ခအ ဖြစ် ဟင်္သာတမြို့တွင် လွတ်လပ်ပြီဆိုပြီး လမ်းပေါ်ဆေးရိုးတက် လှန်းသည်ကို ပြယုဂ်ငယ်အဖြစ် အရှင်းဆုံး ပြဆိုထားသည်။ ၄င်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ လ ၁၂ ရက်က သွားရောက်ခဲ့သည့် မန်အောင် ခရီးစဉ်တွင် "လက် နက်အင်အားနဲ့ အပြောင်အလဲလုပ်ဖို့ ကြိုးစားထားတယ် ဆို တာ-ဉာဏ်ပညာ အမြော်အမြင်နည်းလို့ (သို့) သတ္တိနည်းလို့ (သို့) စေတနာ နည်းလို့ပါပဲ၊ တစ်ကယ်တမ်းသာ ကိုယ့်နိုင်ငံအ ပေါ်မှာ စေတနာရှိရင် နိုင်ငံကို ထိခိုက်မယ့် ကိစ္စမျိုး ဘယ်တော့ မှ မလုပ်ဘူး" ဟု ဆိုခဲ့သည်။
.
အင်္ဂလိပ်လို Indepence အမှီအခိုကင်းသော အဓိပ္ပါယ်ဖြင့် ဗြိတိသျှလက်အောက်ခံ ကျွန်အဖြစ်မှ လွတ်လပ်သည့်အချုပ်  အခြာ နိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ရယူနိုင်ခဲ့သည့်အတွက် မြန်မာပြည်သည် လွတ်လပ်သည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာတွင် မြန်မာဟေ့ဟု ကြွေးကြော်နိုင်ခဲ့ပြီး ရပ်တည်နိုင်ခဲ့ပြီး ဖြစ်သည်မှာ ၇၂ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။
.
သို့သော် လွတ်လပ်ရေးနှင့် အတူ ယှဉ်တွဲရရှိခဲ့သည့် လက် နက်ကိုင် တော်လှန်ရေး မီးသည်လည်း ယခုအချိန်ထိ မငြိမ်းချမ်း သည့်အပြင် အရှိန်အဟုန်ကောင်းစွာ ပို၍တောက်လောင်နေဆဲ ဖြစ်သည်။ ၂၀၂၀ ခုနှစ်အထိကြည့်လျှင် လွတ်လပ်ရေး ရသည် မှာ နယ်ချဲ့အင်္ဂလိပ် လက်အောက်ကသာ လွတ်လပ်သည်ဖြစ် ပြီး စစ်မီးအန္တရာယ်အောက်မှ လွတ်လပ်မှု မရှိသေးသည့် တိုင်း ပြည်၏ သဏ္ဍာန်ကို ရည်စူး၍  လွတ်လပ်ရေးတစ်ကယ်ရှိပြီလော ဟု စိတ်ကူးအစဉ်မှ ဆန်းစစ်ကြည့်မိခြင်းပင်။
.
လွတ်လပ်ရေး ခေတ်နောက်ပိုင်း၊ ဝါဒရေးရာ လက်နက် ကိုင် တော်လှန်ရေးများအပြင် လူမျိုးရေး လက်နက်ကိုင် များ ဆက်တိုက်ပေါ်ထွန်း ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတော်သီချင်းပါ တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဆိုုသည့် ဒီမိုကရေစီ၏ ထောက်တိုင် တရား မျှတမှုနှင့် လွတ်လပ်ခြင်း အရာများတွင် တရားမျှတမှု မရှိသည့် အခြေ အနေများကို ဝေဖန်စောကြော မိလျှင် လက်ရှိခေတ်၏ နိုင်ငံရေး အကြပ်အတည်းနှင့် စစ်ရေး ပဋိပက္ခများကို မီး မောင်းထိုးကြည့်ရပါမည်။
.
သမိုင်းအရ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံ ဂျပန်ခေတ် တွင် လွတ်လပ်ရေးအတုကို ဂျပန်စစ်တပ်က ပေးခဲ့ဖူးသည်။ ရွှေ ရည်စိမ် လွတ်လပ်ရေးအတု ဖြစ်သည့်အတွက် တိုင်းပြည်တွင် ကောင်းကျိုးများ မရရှိခဲ့သဖြင့် ဗမာ့တပ်မတော်နှင့် လူထုက လွတ်လပ်ရေး ရရှိရန် လက်နက်နှင့် တော်လှန်ခဲ့သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်၊ တိုင်း ရင်းသား ခေါင်းဆောင်များ ပူးပေါင်းကြိုးပမ်းမှုဖြင့် ပင်လုံစာချုပ် ပေါ်ပေါက်ခဲ့ပြီး နောက်၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေး ရရှိခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်ဆိုလျှင် နှစ်ပေါင်း ၇၂ နှစ် တိုင်ခဲ့ပြီ ဖြစ်သော်လည်း လွတ်လပ်ရေး အပေါ် လက်ရှိတိုင်းရင်းသားများ၏ တစ်စိတ်တစ်ဒေသ အမြင်များကို စုစည်းကာ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
.
တိုင်းနှင့် ပြည်နယ်အလိုက် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ၏ ရင်းမြစ်မှာ နိုင်ငံရေး အရင်းအမြစ်မှ ပေါက်ဖွား လာသည်ဟုဆိုလျှင် လွတ်လပ်ရေး၏ အစစ်အမှန် တန်ဖိုးများ ဖြစ်သည့် ခွင့်တူညီမျှဖြစ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ် လပ်မှုတို့ကို ဝါဒဖြူစင်မှု ဆိုသည့် ဒီမိုကရေစီ စံနှုန်းများဖြင့် တိုင်းတာကာ နိုင်ငံရေး အကြပ်အတည်း ဖြစ်ပေါ်စေသည့် အ ကြောင်းအရာများကို အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ကြပါ စေကြောင်း (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဆုတောင်း အဖြစ် ရေးသားလိုက်ရပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)