မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက ဗိုလ်ချုပ်နှင့် ဦးနု - Kanbawza Tai News

Breaking

Wednesday, January 1, 2020

မြန်မာ့လွတ်လပ်ရေးသမိုင်းထဲက ဗိုလ်ချုပ်နှင့် ဦးနု

ကျော်လင်းထွန်း (ချောင်းဦး)
.
ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်းထက် နှစ်ခန့် ကြီးသည်။ ဗိုလ်ချုပ်အောင်ဆန်း မွေးသက္ကရာဇ်က ၁၃--၁၉၁၅ ဖြစ်ပြီး ဦးနုရဲ့ မွေးသက္ကရာဇ်မှာ ၂၅--၁၉၀၇ ဖြစ်သည်။ သို့ဖြစ်၍ ခေါင်းစဉ်တွင် "ဦးနုနှင့် ဗိုလ်ချုပ်အောင်ဆန်း"ဟု အသက်ကြီး သူကို ရှေ့ထားရေးပို့ရန် စဉ်းစားမိပါသေးသည်။ သို့သော်လွတ် လပ်ရေး ဦးဆောင်မှုပိုင်းတွင် ဗိုလ်ချုပ်က ရှေ့တန်းပိုရောက်သူ ဖြစ်၍ ဗိုလ်ချုပ်ကို ရှေ့ထားရေး လိုက်ရသည်။ ထို့အတူ ခေါင်း စဉ်တွင် ဗိုလ်ချုပ်အောင်ဆန်းဟု ရေးလိုသော်လည်း မြန်မာနိုင် ငံတွင် "ဗိုလ်ချုပ်"ဆိုလိုက်သည်နှင့် အခြားသော ဗိုလ်ချုပ်ကို ဘယ်သူကမျှ သတိမရကြပါ။ ဗိုလ်ချုပ်ဆိုလိုက်သည်နှင့် ဗိုလ် ချုပ်အောင်ဆန်း၏ ရုပ်သွင်သဏ္ဍာန်ကို ချက်ချင်းမြင်ယောင်သွား ကြသည်မှာ အထူးပြောစရာပင် မလိုပါ။
.
ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိ။ မူလတန်း ပညာနှင့် အလယ်တန်းပညာကို နတ်မောက်မြို့၊ ဦးဇောတိက ကျောင်း၌ ပညာသင်ကြားခဲ့သည်။ အမွန်းဆိုသော် ဦးဇောတိက ကျောင်းသည် စတုတ္ထတန်းအထိသာရှိ၍ ဗိုလ်ချုပ်လည်း တုတ္ထတန်းအထိပင် သင်ခဲ့ရသည်။ ဆိုသော်လည်း ဗိုလ်ချုပ် သည် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း၌ စတုတ္ထတန်းမှ ဆဋ္ဌမတန်းသို့ တန်းကျော်တက်ခွင့်ရ၍ နတ် မောက်မြို့ ဦးဇောတိကကျောင်းမှ စတုတ္ထတန်းအဆင့်ကို ဆဋ္ဌ မတန်းအဆင့်နှင့် အဆင့်တူ သတ်မှတ်ရခြင်း ဖြစ်ပါသည်။ စိုးရပညာသင်ဆုနှင့် ဦးရွှေနိုဆုများ ရရှိခဲ့ပြီး ၁၀ တန်းစာမေးပွဲ ကို ပါဠိ-မြန်မာဘာသာ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့ နောက် Rangoon University (ရန်ကုန်တက္ကသိုလ်)တွင် ဥပစာ ဝိဇ္ဇာပထမနှစ်၌ ပါဠိ၊ ရာဇဝင်နှင့် အပိုမြန်မာစာဘာသာတွဲဖြင့် တက်ရောက်ခဲ့သည်။ ဥပစာဝိဇ္ဇာ ဒုတိယနှစ် အောင်မြင်ပြီး ထို ခေတ်ဝိဇ္ဇာ ပထမနှစ် (B.A junior)တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင် အဖြစ် အရွေးခံရရာမှ ကိုနု(ဦးနု)နှင့် ဆုံကြသည်။ ကိုနုက ကျောင်းသားသမဂ္ဂဥက္ကဌ၊ အမှုဆောင်ကိုအောင်ဆန်းက "အိုး ဝေ"မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ ထိုအချိန်တွင် ညိုမြက "ယမ မင်း"ကလောင်ဖြင့် "ငရဲခွေးကြီး လွတ်နေပြီ" ဆောင်းပါးကို အိုး ဝေမဂ္ဂဇင်းတွင် ရေးသားခဲ့ရာမှ သမဂ္ဂဥက္ကဌ ကိုနုကို ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့ခ်(D.J,Sloss) က ကျောင်းထုတ်ကြောင်း အကြောင်းကြားစာ ပို့ခဲ့သည်။ ထို့ ကြောင့် ကျောင်းသားသမဂ္ဂ အမှုဆောင် အစည်းအဝေးခေါ်၍ ကိုနု ကျောင်းထုတ်ခံရသည့်ကိစ္စ ဆွေးနွေးနေစဉ် ညိုမြ၏ "ငရဲ ခွေးကြီး လွတ်နေပြီ (The Hell Hound At Large)"ကိစ္စနှင့် တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကိုပါ ကျောင်းထုတ်လိုက် ပြန်သည်။ ဤတွင် ကျောင်းသားများကို စော်ကားလွန်းသည်ဟု သတ်မှတ်ခဲ့ပြီး "ဒုတိယအကြိမ် ပြည်လုံးကျွတ်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး" ပေါ်ပေါက်လာခဲ့ရသည်မှာ "ကိုနုနှင့် ကိုအောင်ဆန်း"တို့ မြန်မာ့လွတ်လပ်ရေး အရယူကြရန်အတွက် ဆုံးဖြတ််ရန် အစပျိုးခဲ့ခြင်း ဖြစ်သည်။
.
ဦးနုသည် ဝါးခယ်မမြို့၊ ဘုရားကြီး လမ်းထိပ်ဇာတိ၊ ဖခင် ဦးစံထွန်း၊ မိခင် ဒေါ်စောဝင်းတို့၏ သားဦးဖြစ်သည်။ ပထမ တက္ကသိုလ်ကျောင်းသားသပိတ် (၁၉၂၀)တွင် ဦးနုအသက် (၁၃)နှစ်သားအရွယ်ဖြစ်၍ ပဥ္စမတန်းကျောင်းသား ဘဝနှင့် ပါ ဝင်သပိတ်မှောက်ခဲ့သည်။ မောင်နု ()တန်း၌ ပညာသင်နေစဉ် ဝါးခယ်မမြို့ အမျိုးသားကျောင်းတွင် အခက်အခဲဖြစ်နေ၍ ရာတစ်ပိုင်း၊ ကျောင်းသားတစ်ပိုင်း ဆောင်ရွက်ခဲ့သည်။ ၁၉၂၉ ခုနှစ် ဦးနုအသက် ၂၂ နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ (ဝိဇ္ဇာ)ဘွဲ့ရရှိခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ် ခဲ့သော ပန်းတနော်သား ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတ နော်မြို့ အမျိုးသားကျောင်း အထက်တန်းကျောင်းတွင်ကျောင်း အုပ်အဖြစ် ဆောင်ရွက်ခဲ့သေးသည်။ ၁၉၃၄ တွင် မောင်နုခေါ် ကိုနုသည် ရန်ကုန်တက္ကသိုလ်တွင် B.L (ဥပဒေဘွဲ့)အတွက် ကျောင်းတက်ရန် ပြန်ရောက်လာရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆုံမိကြတော့သည်။ ကျောင်းသားသမဂ္ဂတွင် ဆုံစည်းခဲ့ကြပြီး နိုင်ငံရေးထဲ ရောက်ရှိလာခဲ့ကြပုံကို ဖော်ပြပြီးဖြစ်သည်။ ဤသို့ ဖြင့် ကိုလိုနီဘဝ လွတ်မြောက်ရေး အရေးတော်ပုံ စတင်ခဲ့တော့ သည်။
.

.
၁၉၃၈ ခုနှစ်၊ ဧပြီလ ၂၄၊ ၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ ဇီးချိုင့် ရွာ၌ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမည့် "ကိုအောင်ဆန်း"က "လက်နက်ကိုင်သူပုန် ထကြွမှသာ လွတ်လပ်ရေးရနိုင်မည်" ဟု စတင်ပြောကြားလေတော့သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်တစ်နာရီတွင် ကျောင်းသားသပိတ်တွင် တင်ခဲ့သည့် ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော် သည် ဗြိတိသျှဖြင့် မီးပုလိပ်များ၏ လက်ချက်ကြောင့် ရရှိခဲ့သည်။ ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ၁၉၃၉ ခု၊ ဇန်နဝါရီ ၂၃ ရက်တွင် ကိုအောင်ဆန်းသည် ရန်ကုန် မြို့၊ ရွှေတိဂုံစေတီတွင် အဖမ်းခံခဲ့ရပြီး ထောင် ၁၅ ရက်ကျခဲ့ ပါသည်။ ၁၉၃၉ ခု၊ ဖေဖော်ဝါရီလ ရက် ကိုအောင်ဆန်းတစ် ယောက် ရန်ကုန်ထောင်ကြီးမှ လွတ်မြောက်ခဲ့ပြီး၊ ၁၉၄၀ ခု၊ ဇွန် လ၌ ဇလွန်မြို့တွင် ကိုအောင်ဆန်းက "ဗြိတိသျှ ကိုလိုနီနယ် ချဲ့စနစ်ကြောင့် ဗမာများ၊ တိုင်းရင်းသားများ ငတ်ပြတ်ခဲ့ရသည်" ဟု တရားဟောခဲ့သည်။ ထို့ကြောင့် ဟင်္သာတခရိုင်၊ ရာဇဝတ် တရားသူကြီးက သခင်အောင်ဆန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်။ သခင်အောင်ဆန်း ဖြစ်နေသော ကိုအောင်ဆန်းသည် ၁၉၄၁ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် "ဗမာပြည် လွတ်လပ်ရေး စီမံကိန်းစာတမ်း"ကို ဂျပန်စစ်အာဏာပိုင်များထံ တင်ပြခဲ့ရာ အနည်းငယ်မျှသာ ပြင်ဆင်ခဲ့ပြီး အတည်ပြုလက်ခံခဲ့သည်။
.

"မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည် မှာကွယ် ---- တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံ စည်တယ် ---- သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာ နည်တွေရယ် ----"ဆိုသော သီချင်းကိုတော့ဖြင့် ယနေ့ခေတ်အ ထိပင် အရွယ်ရောက်ပြီး နိုင်ငံသူနိုင်ငံသားများအားလုံး ကြားဖူး ကြပါ၏။ ကိုလိုနီ လက်အောက်ခံဘဝမှ လွတ်မြောက်ရန်မှာ လက်နက်နှင့် ပြန်တိုက်နိုင်မှ အထူးသဖြင့် ခေတ်မီလက်နက်နှင့် ပြန်တိုက်ထုတ်နိုင်မှ ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းသိ၍ ပြည် ပထွက်ခွာပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှတစ်ဆင့် ဖော်ဖိုဆာကျွန်း၊ ထို့နောက် ဟိုင်နန်ကျွန်းတောင်ဘက်အစွန်းရှိ ဝန်းယာ့ကျွန်း တွင် စစ်သင်တန်း တက်ရောက်ခဲ့သည်။ ရဲဘော်သုံးကျိပ်သည် သုံးသုတ်ခွဲ၍ ဂျပန်သို့ လျှို့ဝှက်လာရသည်မှာ  ကိုလိုနီဘဝ၌ လွယ်သည်တော့မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုကျိုမှ ဆိုင်ရုံ၊ ဆိုင်ရုံမှ ဘန်ကောက်ရှိ မီနာမီအဖွဲ့ရှိ မြန်မာမျိုးချစ်အ ဖွဲ့နှင့် တွေ့ဆုံ စသည်ဖြင့် ခက်ခဲပင်ပန်းစွာ သွားခဲ့ရသည်။ ဝန်း ယာ့ဝင်လေ့ကျင့်ရေးစခန်း၌ အစားဆင်းရဲ၊ အနေဆင်းရဲခဲ့ရ သည်။ ဘာသာစကား အခက်အခဲများ၊ ကျန်းမာရေးစသော ကိစ္စများ၊ အင်္ဂလိပ်အစိုးရ၏ ဖိအားပေးခြင်းနှင့် ဗိုလ်ချုပ်အောင် ဆန်းသည် အစိုးရ ရန်သူတော်အမှတ်စဉ် အဖြစ် သတ်မှတ် ခံရခြင်း စသည်တို့မှာ တိုင်းပြည်လွတ်လပ်ရေးအရ အသက်စ တေး၍ ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။
.
ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်း ကျန်ခဲ့သော ဦးနုကလည်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးဝေဖန်တရားဟောမှု ကြောင့် ၁၉၄၁ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင် နှစ်အချခံရသည်။ ထို နှစ်အတွင်း ဦးနုသည် ထောင်ထဲ၌ အင်္ဂလိပ်ပြဇာတ် ၁၅ ပုဒ်ကို ဘာသာပြန်ခဲ့ပြီး ဂျပန်တို့ အုပ်စိုးနေစဉ်ခေတ်၌ စာအုပ် ထုတ်ဝေနိုင်ခဲ့ရာ "နွားသိုးကြိုးပြတ်" နှင့် "ပုထုဇနေဘုမ္ပတ ကော" တို့မှာ ထင်ရှားသည်။
.
၁၉၄၁ ဒီဇင်ဘာလထဲတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ BIA (ဗမာ့လွတ်လပ်ရေးတပ်မတော်)ကို ဖွဲ့စည်းခဲ့ပြီး ၁၉၄၂၊ ဇန်နဝါရီလတွင် ထားဝယ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း များစွဲကာ ရဲဘော်သုံးကျိပ်နှင့် မျိုးချစ်လူငယ်တို့ ပါဝင်၍ မြန်မာ ပြည်အတွင်း ဝင်ရောက်၍ အင်္ဂလိပ်ကို စတင်တွန်းလှန်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်ကို ဦးဆောင်၍ အင်္ဂလိပ်ကို တိုက်ထုတ်နေစဉ် ဦးနုက ဒေါက်တာဘမော်တို့၊ တစ်ဖက်က ဂျပန်တို့ရဲ့ လမ်းညွှန်မှုတို့ကို ချိန်ညှိ၍ အစိုးရအဖွဲ့တွင် တိုင်း ပြည်အုပ်ချုပ်ရေးကို ထိန်းကျောင်းတာဝန်ယူနေသည်။
.
၁၉၄၃ ခုနှစ်ထဲတွင် ဂျပန်တို့၏ အတုအယောင် လွတ်လပ် ရေးကို မြန်မာများကတောင် ရိပ်စားမိခဲ့သည်။ ထို့ကြောင့် ဒေါက်တာဘမော် အဓိပတိဖြစ်သော အစိုးရအဖွဲ့မှ နိုင်ငံခြား ရေးဝန်ကြီး ဦးနုနှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ နှစ်ဦး တိုင်ပင်ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်ကို ပြန်လည် တိုက်ထုတ်ကြရပြန်သည်။ ဂျပန်ပြန်ထွက်ပြန်တော့ ကိုလိုနီနယ် ချဲ့ အင်္ဂလိပ်တို့ထံမှ လုံးဝလွတ်လပ်ရေးရရန် ဗိုလ်ချုပ်အောင် ဆန်းသည် ကြိုးပမ်းရပြန်သည်။ မြန်မာနိုင်ငံ၌ ရောက်ရှိနေသော အိန္ဒိယပြည် ကွန်ဂရက်ပါတီခေါင်းဆောင်ကြီး ပဏ္ဍစ်နေရူးနှင့် ဗိုလ်ချုပ်အောင်ဆန်းသည် စထရင်းဟိုတယ်၌ နာရီကြာ အောင် ဆွေးနွေးခဲ့ကြသည်။ အတိအကျဆိုရလျှင် ၁၉၄၆ ခုနှစ် မတ်လ ၂၆ ရက်နေ့က ဖြစ်သည်။ နောက်နေ့ မတ်လ ၂၇ ရက် နေ့တွင် တော်လှန်ရေးနေ့ တစ်နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ သည်။
.
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ် ရေးအတွက် အင်္ဂလိပ်နန်းရင်းဝန် အက်တလီနှင့် အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ တွင် မသမာသူ ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့ လက်ချက်ဖြင့် ဗိုလ် ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဦးနုနှင့် အက်တလီတို့ နု-အက်တလီ စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါသည်။
.
သြော် ယခု ၂၀၂၀ ခုနှစ်၌ ၇၂ ကြိမ်မြောက် လွတ်လပ်ရေး နေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့ပါ သည်။ တစ်နိုင်ငံလုံး လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြရသည်မှာ ဤလွတ်လပ်ရေး၏ တန်ဖိုးကို သိစေချင်ပါ၏။ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်ကာ ရယူခဲ့ကြသော၊ ကာ ကွယ်ထိန်းသိမ်းနေကြသော နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ လမ်း ညွှန်မှုများ မူဝါဒများကို လေးစားလိုက်နာကြ၍ ဒီမိုကရေစီပြည့် ဝသော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)