စီမံထူးချွန်(တတိယအဆင့်) ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ မြို့နယ်တရားသူကြီး ၂ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း - Kanbawza Tai News

Breaking

Boxed(True/False)

Friday, January 24, 2020

စီမံထူးချွန်(တတိယအဆင့်) ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ မြို့နယ်တရားသူကြီး ၂ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အကျိုးအတွက် စွမ်း စွမ်းတမံ ဆောင်ရွက်ခဲ့သူများ၊ ထူးချွန်သူများကို ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ နှစ်စဉ် ပေးအပ်ချီး မြှင့်လျက်ရှိရာ ယခုနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ရရှိသူများ စာရင်းကို ဇန်နဝါရီလ ရက်က ထုတ်ပြန်ကြေညာခဲ့ပါသည်။
.
ထိုသို့ ထုတ်ပြန်ကြေညာရာတွင် သံဃာတော်တစ်ပါး၊ အဖွဲ့အစည်း ခု၊ ကုမ္ပဏီ ခုနှင့် လူပုဂ္ဂိုလ် ၃၁ ဦး တို့အားပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထူးခြားမှု အနေဖြင့် တရားစီးရေးမဏ္ဍိုင်မှ မြို့နယ်တရားသူကြီး ဦးဖြစ်သည့် သီပေါမြို့နယ်တရား သူ ကြီး ဦးထွန်းမျိုးဌေးနှင့် ကျေးသီးမြို့နယ် တရားသူကြီး ဦး ကောင်းမြတ်သူတို့ကို စီမံထူးချွန် (တတိယအဆင့်) ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါသည်။
သို့ဖြစ်၍ ယင်းမြို့နယ်တရားသူကြီး ဦးအား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
.
ကမ္ဘောဇတိုင်း။       အရင်ဆုံးအနေနဲ့ ဆုတွေကို ဘာကြောင့် ရရှိခဲ့တယ်လို့ ထင်လဲဆိုတာ ပြောပြပေးပါဦး။
ဦးထွန်းမျိုးဌေး။    ကျွန်တော်တို့ ပင်မတာဝန်ကတော့ တရားစီရင်ရေးပေါ့။ စီမံရေးရာတာဝန်ကိုလည်း မြို့နယ်တရားသူကြီး အနေနဲ့ တွဲပြီး လုပ်ကိုင်ဆောင်ရွက်ရတယ်။ သီပေါမြို့နယ်ကို ရောက်တဲ့အခါမှာ လုပ်နိုင်တဲ့စွမ်းအားနဲ့ ဆောင်ရွက်နိုင်တဲ့ဟာ ကို ဆောင်ရွက်ပေးခဲ့တယ်။ ဆုရပါစေဆိုပြီး လုပ်ခဲ့တာ မဟုတ် ပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်မှုတွေအပေါ် လူကြီးတွေက အမြဲတမ်း ကြည့်နေတယ်။ ရှမ်းပြည်နယ်က တာဝန်ရှိတဲ့ လူ ကြီးတွေက လုပ်ဆောင်ချက်ကို ကြည့်ပြီး ထောက်ခံပေးလိုက် တယ်လို့ ထင်တယ်။ လုပ်ရမယ့် တာဝန်ကို ဆောင်ရွက်တဲ့ အပိုင်းလည်း ရှိတယ်။ အကဲဖြတ်တဲ့ လူကြီးတွေဆီကနေ ရရှိခဲ့တယ်လို့  မြင်ပါတယ်။
ဦးကောင်းမြတ်သူ။                ကျေးသီးမြို့နယ်ကို ကျွန်တော် ရောက်တဲ့အခါမှာ ရှမ်းတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ဒေ သဖြစ်တယ်။ တရားရုံးနဲ့ မြို့ခံလူနဲ့က အရမ်းစိမ်းတယ်။တရား ရုံးရှိတယ်လို့ သိပ်ပြီး မယူဆတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ အဲ ဒီဒေသမှာ တရားရုံးဆိုတာ ဘာလဲ၊  တရားသူကြီးဆိုတာဘယ် လိုမျိုးတွေ ဆောင်ရွက်တာလဲ သိစေချင်တယ်။ အဲဒါနဲ့ တရား စီရင်ရေး၊ ဥပဒေ ဗဟုသုတပေးခြင်းတွေကို ပရဟိတအဖွဲ့တွေ နဲ့ ပေါင်းပြီးတော့ အားပြုပြီး လုပ်ဆောင်ခဲ့တယ်။ ဟောပြောပွဲ တွေ၊ သင်ကြားပို့ချရေးတွေကနေတစ်ဆင့် သွားရင်းနဲ့ တရား ရုံးရဲ့ အနေထားလေး တစ်ရပ်ကို ရောက်ရှိအောင်ဖော်ဆောင် ခဲ့တယ်။ အဲဒီလို ဖော်ဆောင်ခဲ့ခြင်းကြောင့် ကျေးသီးမြို့နယ်ရဲ့ အနေထားက တရားရုံးအပေါ် ပိုပြီး ယုံကြည်သက်ဝင်လာ တယ်။ ကျွန်တော်ဆိုရင် တစ်မြို့လုံးက လေးစားရိုသေမှု ရှိ တယ်။ တရားရုံးကို ယုံကြည်လေးစားပြီး ဝင်ထွက်သွားလာမှု မျိုးတွေ ရှိလာတယ်။ ဒီလိုမျိုးတွေ လုပ်ခဲ့လို့ ဒီဆုပေးတယ်လို့ ကျွန်တော်ထင်တယ်။ ဒေသခံ တိုင်းရင်းသားတွေအပေါ်မှာ စေ တနာအပြည့်နဲ့ ဥပဒေပြန့်ပွားရေး ကိစ္စတွေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဆုရပါစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခဲ့တာ မဟုတ် ပါဘူး။ တိုင်းရင်းသားတွေကို ပေးခဲ့တဲ့ မေတ္တာက တုံ့ပြန်ပြီး ပေးတဲ့ဆုလို့ ခံယူပါတယ်။
.
ကမ္ဘောဇတိုင်း။       လူငယ်တွေဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင် မှာ မြို့နယ်တစ်ခုရဲ့ အကြီးအကဲအနေနဲ့ လုပ်ကိုင်ဆောင်ရွက် နေတဲ့အပေါ်မှာ ဘာတွေ အခက်အခဲရှိလဲ။ လူငယ်ဖြစ်တဲ့ တွက် မလေးစားတာမျိုးတွေရော ရှိလား။
ဦးထွန်းမျိုးဌေး။    လူရဲ့နေထိုင်မှုပုံစံပေါ်မှာ မူတည်ပြီး လေး စားမှု၊ မလေးစားမှုကို အကဲဖြတ်ကြတယ်လို့ ထင်ပါတယ်။ မြို့မိမြို့ဖတွေလည်း ဒီလိုပဲ အကဲဖြတ်တယ်လို့ ထင်တယ်။ ကျွန်တော်တို့က ငယ်ရွယ်ပေမယ့် ကျွန်တော်တို့ ဆောင်ရွက် ချက်တွေက စေတနာပါတယ်။ တရားမျှတမှု ရှိတယ်ဆိုရင် လေးစားမှု ခံယူရမှာပဲ။ တရားသူကြီးဆိုတာ ဆရာတွေ ပြောသ လိုပဲ ဘုန်းကြီးနီးပါးလောက် သွားလာတာ၊ နေထိုင်တာကစပြီး စည်းကမ်းနဲ့ နေရတယ်။ အများလေးစားအောင် နေရင်တော့ လေးစားခံရမှာပါ။ မနေရင်တော့ မခံရဘူးပေါ့။ သိပ်တော့ ခက်အခဲ မရှိပါဘူး။
ဦးကောင်းမြတ်သူ။                စပြီး ရောက်ရောက်ချင်းမှာတော့ တိုးရတာ အရမ်းခဲယဉ်းတာပေါ့။ ကျွန်တော်တို့ ရင်ဘောင်တန်း ပြီး ဆက်ဆံရတဲ့ အနေအထားက ရာထူးကြီး လူကြီးပုံစံတွေ ပေါ့။ ကျွန်တော်တို့ နေထိုင်မှုအပေါ်မှာ အရမ်းမူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့က တရားသူကြီးတစ်ယောက်ပုံစံနဲ့ ကျင့် ကြံနေထိုင်ပြီးတော့ လုပ်ငန်းပါးရင် ဥပဒေ ဗဟုသုတပေးရေးကို အစဉ်တစိုက် လုပ်ပေးတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဥပဒေဗဟု သုတ အရမ်းနည်းတယ်။ ကျွန်တော်တို့က အစဉ်တစိုက် လုပ် ကိုင်ပေးနေရင် ပြည်သူလူထုက ယုံကြည် အားကိုးလာမယ်။ ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီးလုပ်ရင်၊ ပြည်သူလူထုဆီ က ယုံကြည်မှုကို ရယူပြီး တည်ဆောက်ရင် ကျန်တဲ့ ဌာနဆိုင် ရာတွေကလည်း ကျွန်တော်တို့ကို ပြန်ပြီး လေးစားလာတယ်။ ဒါကတော့ တစ်ဦးတစ်ယောက်ထဲ အနေနဲ့ ပြောပြတာပါ။
.
ကမ္ဘောဇတိုင်း။       ပြီးခဲ့တဲ့အပတ်က ပြည်နယ်တရားသူကြီး ချုပ်က ဘက်လိုက်မှု ကင်းပြီး မှန်ကန်မျှတတဲ့ တရားစီရင်ရေးစ နစ်ကို ဖော်ဆောင်နေတယ်လို့ ပြောသွားတယ်။ အဲဒီအပေါ်မှာ တချို့သော ပြည်သူတွေက လှောင်ပြောင်တဲ့ ပုံစံမျိုး၊ ဝေဖန်တဲ့ ပုံစံမျိုးတွေ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လို တုံ့ပြန်ပြော ကြားလိုပါသလဲ။
ဦးကောင်းမြတ်သူ။                ဒါကတော့ ကျွန်တော်တို့ အမြဲ တမ်း တွေ့ကြုံနေရတဲ့ အရာလေးပါ။ ကျွန်တော်စပြီး တာဝန် ထမ်းဆောင်စဉ်ကဆိုရင် ပြန်လည်ပြောဆိုတဲ့အပေါ်မှာ တုံ့ပြန် ချင်တာတွေ ရှိတယ်။ လူငယ်အတွေးနဲ့ပေါ့။ သာမန် ပုဂ္ဂိုလ်က ဘယ်သူပဲဖြစ်ဖြစ် တရားစီရင်ရေးနဲ့ ပတ်သက်လာရင် ဝေဖန် လိုက်ဖို့ရာအတွက် ဝန်မလေးကြဘူး။ ဒါပေမဲ့ အဲဒီဝေဖန်မှုတွေ ကို တုံ့ပြန်ချင်ရင် မေတ္တာနဲ့ပဲ တုံ့ပြန်ရမယ်။ လုပ်ဆောင်ချက် နဲ့ပဲ တုံ့ပြန်ရမယ်။ စကားအရာနဲ့ တုံ့ပြန်ရင် အဆင်မပြေဘူး။ ပြည်သူလူထုဘက်က ဘယ်လိုတွေပဲ တုံ့ပြန်မှုတွေ ရှိနေပါစေ ကျွန်တော်တို့ တရားရုံးဘက်က ပြည်သူလူထုအပေါ်မှာ စေတ နာတရား၊ မေတ္တာတရားနဲ့ လုပ်ဆောင်ချက်နဲ့သာ ပြမယ်ဆိုရင် တရားရုံးရဲ့ ရလဒ်က ကောင်းမွန်တာတွေ ရလာမယ်။ ကျွန် တော်တို့ကလည်း ဒါကို ယုံကြည်ပြီးတော့ လုပ်နေပါတယ်။
ဦးထွန်းမျိုးဌေး။    တစ်ဖက်က တရားလိုပဲဖြစ်ဖြစ် တရားခံပဲ ဖြစ်ဖြစ် သူတို့လိုချင်တဲ့ ဆန္ဒတစ်ခု ရှိကြတယ်။ ကျွန်တော်တို့ ရားသူကြီးကတော့ ဥပဒေရှုထောင့်က စကြည့်တယ်။ နောက် တရားမျှတမှုကို ဆက်သွားတယ်။ ဒီအပေါ်မှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်တဲ့သူ ရှိမယ်။ မကျေနပ်တဲ့သူ ရှိမယ်။ တရားမျှတမှု ရှိလား/မရှိလားက တရားသူကြီး တစ် ယောက်ရဲ့ စီရင်ချက်က အဓိကပဲ။ ကျွန်တော်တို့ ဘာကြောင့် ဒီအမိန့်ကို ချတယ်။ လွှတ်တယ်ဆိုတာကို အကြောင်းပြချက် တွေနဲ့ ပြည့်ပြည့်စုံစုံ၊ ဥပဒေကိုးကားတွေနဲ့ ရေးထားပြီးပြီ။ ဒါပေမဲ့ တချို့ အမှုသည်တွေကျတော့ သူတို့လိုချင်တဲ့ အဖြေ တစ်ခုကို မရတဲ့အတွက် တရားရုံးအပေါ်မှာ အမြင်မကြည်တာ တွေ ရှိနိုင်တယ်။ ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်တဲ့ အပိုင်း က ဘက်လိုက်မှု ကင်းကင်းနဲ့ တရားမျှတမှုဖြစ်အောင် ဆောင် ရွက်ပေးနိုင်တယ်။ ဒါပေမဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတဲ့ ပေါ်မှာ မှတ်ချက်တွေ တက်လာတာလည်း ရှိနိုင်တယ်။ အဲဒီ အပေါ်မှာတော့ ဖြည့်စွက် ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ စီရင်ချက်ကိုကြည့်ရင် သိနိုင်ပါတယ်။ ပြောတဲ့သူက ဘာကြောင့် ပြောလည်း မသိတဲ့အတွက် ပြန်ပြီးတော့ တုံ့ပြန်ဖို့တော့ မရှိပါ ဘူး။
.
ကမ္ဘောဇတိုင်း။       ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးနဲ့ ပတ်သက် ရင် ကျော်ကြားတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ရဲတပ်ဖွဲ့က နိုင် ငံသဘောတူညီချက်အရ ဇန်နဝါရီလ ရက်ကနေ မတ်လ ကုန်အထိ စီမံချက်နဲ့ ဖမ်းဆီးနေကြတယ်။ မူးယစ်ဆေးဝါး ပြား၊ ပြားနဲ့ မိရင်လည်း ဖမ်းတယ်။ သန်းနဲ့ချီပြီး မိရင်လည်း ဖမ်းတယ်။ ရဲတပ်ဖွဲ့ကဖမ်းပြီး တရားရုံးကို တင်လိုက်တာနဲ့ ထောင်ချတာတွေ တွေ့နေရတယ်။ အဲဒါက ဥပဒေရဲ့ မှားယွင်း မှုလား။ ဘာကြောင့်လဲဆိုတာ တစ်ချက် ရှင်းပြပေးပါဦး။
ဦးထွန်းမျိုးဌေး။    စီရင်ချက်ဆိုတာ တရားသူကြီးရဲ့ အစီရင်ခံ စာပါ။ စီရင်ချက်မှာ တရားခံကို လွှတ်ရင် ဘာကြောင့်လွှတ်တယ် ဆိုတာ ပြည့်ပြည့်စုံစုံ ရေးတယ်။ ပြစ်ဒဏ်ချရင်လည်း ဘာကြောင့် ဆိုတာ ပါတယ်။ ရဲတပ်ဖွဲ့က စွဲတာနဲ့ တန်းပြီး ထောင်ချတယ်ဆို တဲ့ တရားရုံးတော့ ရာခိုင်နှုန်းပြည့် မရှိလောက်ဘူးလို့ ထင်ပါ တယ်။ ဘာလို့လဲဆိုတော့ ရဲတပ်ဖွဲ့က အမှုတွဲ တင်လာတာနဲ့ လူသက်သေ၊ စာရွက် စာတမ်းသက်သေပါမယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က စိစစ်ရသေးတယ်။ ပြီးတော့မှ စွဲချက် တင် သင့်/မတင်သင့် ဆုံးဖြတ်ရတယ်။ ပြီးတော့ တရားခံရဲ့ ထုချေ ချက် အထပ်ထပ်အခါခါ စဉ်းစားပြီးမှ ပြစ်ဒဏ်ပေးဖို့ စဉ်းစား တယ်။ ရဲတပ်ဖွဲ့က တင်လာတာနဲ့ ထောင်ချတယ်ဆိုရင် ရားရုံးတောင် မလိုတော့ဘူးလေ။ အမှုတွဲမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်တွေ ထင်ရှားပြနိုင်တဲ့အပေါ်မှာ မူတည်ပြီး တော့ ပြစ်မှုထင်ရှား စီရင်တာပဲ ရှိမယ်။ ပြစ်မှုထင်ရှားမှုမရှိရင် တရားခံ လွှတ်တာတွေ ရှိနိုင်တယ်။ ကျွန်တော်တို့ရဲ့ အထက် မှာ တရားရုံး အဆင့်ဆင့်ရှိတယ်။ ကျွန်တော်တို့ရဲ့ အမိန့်ကို စိ စစ်နေတာ ရှိတယ်။ တရားမျှတမှုရဖို့အတွက် အထပ်ထပ် အခါ ခါ စိစစ်တယ်။
.
ကမ္ဘောဇတိုင်း။       စွပ်စွဲခံရသူတစ်ယောက်ကို အမိန့်ချလိုက် ရင် ပြည်သူတွေ တရားသူကြီးကိုပဲ မြင်ကြတယ်ပေါ့။ အမှန်တ ရားကို ဆုံးဖြတ်လိုက်တာပဲ ဖြစ်စေ၊ မှားယွင်းပြီးတော့ ဆုံးဖြတ် လိုက်တာပဲဖြစ်စေ တရားသူကြီးကိုပဲ မြင်ကြတယ်။ အဲဒီအပေါ် မှာ ဘယ်လိုတုံ့ပြန် ပြောကြားလိုပါသလဲ။
ဦးထွန်းမျိုးဌေး။    ဥပဒေပြန့်ပွားရေး လုပ်ရတဲ့အချက်မှာ အဓိ ကအချက်က အဲဒါလည်း ပါပါတယ်။ အရာအားလုံးက တရား သူကြီးလို့ ထင်သွားတာလေးတွေ ရှိတယ်။ ပြည်သူတွေက ပြင်ပမှာ နေနေရတယ်။ တရားရုံးနဲ့ ထိတွေ့မှု နည်းတယ်။ ဆုံးဖြတ်ချက်တစ်ခုမှာ မကျေနပ်တဲ့အခါကျရင် တရားရုံးက တရားသူကြီးကို သွားမြင်လိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ စီရင် ချက်တွေကို မည်သူမဆို မိတ္တူကူးယူခွင့် ရှိတယ်။ ဝေဖန်ချင် တယ်ဆိုရင် အရင်ဆုံး အဲဒီအမှုမှာ ချလိုက်တဲ့ စီရင်ချက်တွေ ကို ကြည့်ပါ။
.
ကမ္ဘောဇတိုင်း။       မြို့နယ်တရားစီရင်ရေးအပေါ်မှာ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိလား။ ဒါမှမဟုတ် ခရိုင်၊ ပြည် နယ်၊ ပြည်ထောင်စုအဆင့်ကပဲ ဖြစ်စေ လွှမ်းမိုးမှု၊ ထိန်းချုပ်မှု တွေ ရှိပါသလား။
ဦးကောင်းမြတ်သူ။                အဲဒီလိုမျိုး လုံးဝမရှိပါဘူး။ ကျွန် တော့်စီ အရင်လာတဲ့ဟာတွေဆိုရင် လွတ်လွတ်လပ်လပ်နဲ့ စစ် ဆေး စီရင်တယ်။ လွှမ်းမိုးမှုလည်း မရှိဘူး။ ချုပ်ကိုင်မှုလည်း မရှိဘူး။ ခံလည်း မခံခဲ့ရဘူး။ စီရင်ချက် တစ်ခုပေါ်မှာ အား စိုက်ထားတယ်။ ဥပဒေချိတ်ဆက်ပြီး နှစ်ဘက်အခွင့်ရေး မနစ် နာအောင် အားထည့်ခဲ့တာတွေ အများကြီး ရှိခဲ့တယ်။ တရား စီရင်ချက် သဘောတရားအရ အပေါ်ရုံးအဆင့်ဆင့်က ပြင် ချင် ပြင်ဆင်လိမ့်မယ်။ လွှမ်းမိုးမှု ရှိတယ်လို့ ထင်တာတွေက လည်း တရားသူကြီးအပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော် တို့ ဌာနနဲ့ ပြည်သူက အလှမ်းဝေးတယ်။ တရားရုံးက ပြည်သူ လူထုရဲ့ ယုံကြည်မှုကို ယူထားတယ်ဆိုရင် တခြားဌာနက လာ လွှမ်းမိုးလို့ မရတော့ပါဘူး။
.

.
ကမ္ဘောဇတိုင်း။       မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တွေကို ရှမ်းပြည် နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့ရပါ တယ်။ သီပေါမှာရော ရောက်နေပြီလား။ ရောက်လာခဲ့ရင်ရော အောင်မြင်မှာလားဆိုတာ သိပါရစေ။
ဦးထွန်းမျိုးဌေး။    မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းကို တစ်ဆင့်ပြီး တစ်ဆင့် သွားနေတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ သီပေါမှာတော့ မရောက် သေးဘူး။ နောက်တော့ ရောက်လာမှာပါ။ ဘယ်အလုပ်ပဲ လုပ်လုပ် အကောင်အထည်ဖော်တဲ့သူပေါ်မှာပဲ မူတည်တယ် လို့ မြင်တယ်။ အမှုသည်က တစ်ဆင့်ပြီးတစ်ဆင့် သိသွားနိုင် တယ်။ အဲဒီအချက်ကတော့ အားသာချက်ပေါ့။ ဒီစနစ်က ကိုယ်တွယ်တဲ့သူပေါ်မှာပဲ မူတည်တယ်။ ဒီစနစ်က အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာကို ကျွန်တော် အတိအကျ ပြောလို့ မရသေးဘူး။ သီပေါမြို့ကို ရောက်လာရင်တော့ ကျွန် တော့်အနေနဲ့ အောင်မြင်အောင် အကောင်းဆုံး ကြိုးစားသွား မယ်။
.

ကမ္ဘောဇတိုင်း။       သီပေါနဲ့ ကျေးသီးမြို့နယ်တွေက အညို ရောင် နယ်မြေလို့ သတ်မှတ်လို့ ရတယ်။ အဲဒီနယ်မြေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်ပေါ့။ အဲဒီမှာ တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နေတဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။
ဦးထွန်းမျိုးဌေး။    အဖွဲ့အစည်းအားလုံးက ကျွန်တော်တို့ ပေါ်မှာ ယုံကြည်မှုရှိရင်တော့ အခက်အခဲ မရှိနိုင်ပါဘူး။ သီပေါ မြို့နယ်အနေနဲ့ အခက်အခဲ မရှိဘူး။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့ ညီညွတ်ရင် ပြစ်ဒဏ်ပေးမယ်။ ဥပဒေနဲ့ မညီညွတ်ရင် အမှုကနေ လွှတ်မှာပဲ။ ဘယ်အဖွဲ့အစည်းက စွဲလို့၊ ဘယ်အဖွဲ့ အစည်းက တရားခံဖြစ်လို့ လူပုဂ္ဂိုလ်အပေါ်မှာ ကျွန်တော်တို့ က ကြည့်မှာမဟုတ်ဘူး။
ဦးကောင်းမြတ်သူ။                အဲဒီအဖွဲ့အစည်းတွေက တရားရုံး အပေါ်မှာ ယုံကြည်မှုရှိသွားရင် အခက်အခဲ မရှိတော့ဘူး။ တိုင်း ရင်းသား အဖွဲ့အစည်းက စိတ်ရင်းစိတ်ဓါတ်အပိုင်းမှာ အရမ်း ရိုးသား ဖြူစင်ကြတယ်။ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်တဲ့အခါ သူတို့က လက်မခံဘူးဆိုတာ မရှိဘူး။ တရားရုံးက မှန်မှန်ကန် ကန်နဲ့ လုပ်ရင် သူတို့က ကျွန်တော်တို့အပေါ်မှာ လုံးဝအန္တရာယ် မပြုပါဘူး။ တရားရုံးမှာ ကြေညာတဲ့ ဆိုင်းဘုတ်တွေကအစ ဒေ သခံတိုင်းရင်းသား ဘာသာစကားတွေနဲ့ ကြေညာပေးထား တယ်။ တရားရုံးက ညီတူညီမျှ အခွင့်အရေးတွေ ပေးထားတယ်။ တရားစီရင်ရေးမှာ အေးအေးချမ်းချမ်းနဲ့ အကောင်အထည်ဖော် လို့ ရပါတယ်။
.
ကမ္ဘောဇတိုင်း။       စီမံထူးချွန် (တတိယ)ဆုကို ရရှိကြတဲ့ တရား သူကြီးတွေ အနေနဲ့ လက်ရှိ ပြည်သူတွေအတွက် ဘာတွေလုပ် ဆောင်နေတယ် ဆိုတာရယ်၊ ရှေ့ဆက် ဘာတွေလုပ်သွားဖို့ ရှိ တယ်ဆိုတာ သိပါရစေ။
ဦးထွန်းမျိုးဌေး။    ကျွန်တော်တို့ကို အကဲဖြတ်နေတယ်။ ဘယ် လိုအကဲဖြတ်နေတယ် ဆိုတာက စာရွက်ထွက်လာမှ ကျွန် တော်တို့က သိရတယ်။ ကျွန်တော်တို့မှာ ကြီးကြပ်မှုတွေက ဆင့်ဆင့် ရှိနေတယ်ဆိုတာက ပြယုဂ်ပဲ။ ကျွန်တော့် အနေနဲ့ ဥပဒေ ပြန့်ပွားရေးကို ပုံမှန် လုပ်နေတယ်။ စာတွေရေးတယ်။ မှတ်မှတ်ရရဆိုရင် မြန်မာနိုင်ငံ တရားစီရင်ထုံးတွေ ၁၉၂၃ က နေ ၂၀၁၇ အထိ CD ချပ်တွေလုပ်တယ်။ နောက် PDF ဖိုင် တွေကို လိုင်းပေါ် တင်ထားတယ်။ အဲဒါတွေကို Download လုပ်နိုင်တယ်။ ဥပဒေစာအုပ်ရှိမှ ဥပဒေအကြောင်း သိနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ ဥပဒေပြန့်ပွားရေး ကို ဆက်လက်လုပ်ဆောင်သွားမယ်။ သီပေါမြို့တရားရုံး ဝန် ထမ်းအိမ်ရာတွေ ဆောက်ပေးနိုင်ဖို့ ကြိုးစားသွားမယ်။ ဝန် ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ကြည့်မယ်။ နောက် ပြည် သူလူထုရဲ့ သက်သာချောင်ချိရေး ကို ကြည့်ရမယ်။ ဥပဒေဆိုင် ရာ အသိပညာ ပြန့်ပွားရေးတွေ ဆက်လက်ဆောင်ရွက်သွား မှာပါ။
ဦးကောင်းမြတ်သူ။                ကျေးသီးမြို့နယ်တရားရုံးမှာ သက် သေနားနေအဆောင် ရှိတယ်။ အဲဒီအထဲမှာ ပြည်သူ့အတွက် ဥပဒေ စာကြည့်တိုက်လေး လုပ်ထားတယ်။ အာမခံပုံစံတွေ၊ ကျေအေးတာတွေ၊ ပုဒ်မတွေ အားလုံးကို ပြည့်ပြည့်စုံစုံနဲ့ နံရံမှာ ကပ်ထားတယ်။ ပြည်သူက အမှုစစ်ရင် ကိုယ့်အမှုက ဘယ်အ ဆင့်ကို ရောက်ပြီလဲဆိုတာ သိဖို့လိုတယ်။ စစ်ဆေးနည်း နည်းကို ဘယ်လိုကြောင့် ခွဲခြားတယ်ဆိုတာလည်း အကျယ် တဝင့် ရှင်းပြထားတယ်။ ဥပဒေ စာကြည့်တိုက်ထဲမှာ လစဉ် ဥပဒေဆွေးနွေးပွဲ လုပ်ပါတယ်။ လူ ၄၀၊ ၅၀ လောက်က ပုံမှန် အမြဲ တက်ကြတယ်။ ကျေးသီးမြို့က ဥပဒေ အရမ်းစိတ်ဝင် စားကြတယ်။ ဌာနဆိုင်ရာတွေအတွက်လည်း သင်တန်း ပို့ချ ပေးခဲ့တယ်။ ကျွန်တော် မပြောင်းခင်အထိ လုပ်သွားမယ်။ ကျွန် တော်က ပြောင်းဖို့ အော်ဒါတောင် ထွက်နေပါပြီ။
.
ကမ္ဘောဇတိုင်း။       ပြည်နယ် တရားသူကြီးချုပ်နဲ့ ကမ္ဘောဇ တိုင်း သီးသန့်တွေ့ဆုံမှုမှာ တရားသူကြီးချုပ်က ညည်းတွား ပြောဆိုခဲ့တာ ရှိတယ်။ ပြည်နယ် တရားသူကြီးချုပ် ရုံးခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ ရုံးခန်းလောက်မှာပဲ နေရတယ်လို့ ပြောခဲ့တယ်။ မြို့နယ်တရားသူကြီး တစ်ယောက် အနေနဲ့ဆို လိုအပ်တဲ့ အဆောက်အဦတွေ၊ တရားစီရင်ခွင် ရုံးခန်းပိုင်းဆိုင်ရာတွေမှာ လိုအပ်ချက်တွေ ရှိနေမလား။
ဦးထွန်းမျိုးဌေး။    အဲဒါကတော့ အရမ်းပြောချင်နေတဲ့ ကြောင်းအရာပါ။ တရားခွင်မှာ အများပြည်သူ နားထောင်နိုင်တဲ့ နေရာ ဖန်တီးပေးရမယ်။ ဒါမှလည်း တရားစီရင်ရေးရဲ့ ရုံးနဲ့ လည်း ညီမယ်။ တရားခွင်က အရမ်းကျဉ်းတဲ့အခါကျရင် မရ နိုင်ဘူး။ နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်ရမယ်။ ဆောက်အဦတွေ ကောင်းကောင်းရှိမှ ရမယ်။ တရားခွင်က ကျဉ်းတယ်။ တရားခံနဲ့ သက်သေနဲ့ နှစ်ဖက်ရှေ့နေထိုင်ပြီး တရားသူကြီးကလည်း နောက်ကျောကို ကပ်ပြီး ထိုင်လိုက်ပြီ။ အဲဒီအချိန်မှာ လေ့လာမယ့်သူတွေ၊ မီဒီယာတွေ ဘယ်နားမှာ သွားထိုင်မလဲ။ သူတို့ကရော ပြောတာတွေကို ကောင်းကောင်း ကြားနိုင်ပါ့မလား။ ဒါတွေက ကျွန်တော်တို့ ဌာနအတွက် အရေး ကြီးဆုံး အချက်ပဲ။ အဆောက်အဦသည် တရားရုံးရဲ့ ရှိရမယ့် အင်္ဂါရပ်နဲ့ ညီဖို့ လိုအပ်တယ်။ အဆောက်အဦတွေအတွက် အများ ကြီး လိုအပ်ပါတယ်။
.
ကမ္ဘောဇတိုင်း။       ဆရာတို့အနေနဲ့ တရားစီရင်ရေးနဲ့ ပတ် သက်ပြီး လေးစားအားကျရတဲ့ ပညာရှင်တွေရှိရင် ပြောပြပေး ပါဦး။
ဦးထွန်းမျိုးဌေး။    ကျွန်တော့်ဘဝမှာ လေးစားအားကျရတဲ့သူ ကတော့ ကျွန်တော်တို့ဌာနက ပင်စင်ယူသွားတဲ့ ဆရာကြီး ဦး မြပေါ့။ ဆရာကြောင့်လည်း ကျွန်တော်တို့ ဒီနေ့ အမှုစစ်တတ် နေတယ်။ ဆရာသာ စာမရေးခဲ့ရင် အမှုစစ်တတ်စရာ ကြောင်းလည်း မရှိဘူး။ ဘာလို့လဲဆို ရေးသွားတဲ့စာတွေနဲ့ ရားခွင်တွေကို ကျွန်တော်တို့ ကောင်းကောင်း ထိန်းကျောင်း နိုင်တယ်။ မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ကြိုးစားပြီး  ချမှတ်နိုင်နေတာပါ။ ကျွန်တော်တို့က စာတွေ့ကို ပိုပြီးတော့ အားပြုရတဲ့ အနေအထား ရှိတယ်။

ဦးကောင်းမြတ်သူ။                တရားသူကြီးတွေအထဲမှာ ကျွန် တော် အားကျရတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ရှမ်းပြည်နယ်တရားသူ ကြီးချုပ် ဦးကြွယ်ကြွယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့မှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ပြည်သူတွေ ကို ကျွန်တော်တို့ ပေးချင်တာတွေ လွတ်လပ်စွာ ပေးပိုင်ခွင့် ရှိတယ်။ ပြည်သူတွေကို ဥပဒေဗဟုသုတ ပေးခြင်းတွေကို ကန့်ကွက်ပိတ်ပင်ခြင်း မပြုဘဲ ချီးမြောက်ခြင်းတွေတောင် ပြု တယ်ဆိုတော့ ကျွန်တော်တို့လည်း ပြည်သူကို ပေးရတာ ဆင်ပြေပါတယ်။ ဆုချခြင်း၊ မြှောက်စားခြင်းတွေနဲ့ မဆိုင်ပါဘူး။
.
ကမ္ဘောဇတိုင်း။       ဆရာတို့အနေနဲ့ တရားစီရင်ရေးနဲ့ ပတ် သက်တာပဲဖြစ်ဖြစ်၊ စီမံထူးချွန်(တတိယ)ဆုနဲ့ ရှိတာနဲ့ ပတ် သက်လို့ပဲဖြစ်ဖြစ်  ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြား ပေးပါဦး။
ဦးထွန်းမျိုးဌေး။    လူငယ်တွေဆိုတော့ လူသား သဘာဝအရ အသိမှတ် ပြုခံရရင် ပျော်တာပေါ့ဗျာ။ လူကြီးတွေရဲ့ အသိမှတ် ပြုမှုက ကျွန်တော်တို့အတွက် ခွန်အားပဲ။  နောက်တစ်ဆင့် တက်လမ်းဖို့ အားဖြစ်လာတာပေါ့။ ကျွန်တော်တို့ ရည်ရွယ် ချက်နဲ့ ပန်းတိုင်သွားနေတယ်။ သွားနေတဲ့အချိန်မှာ လူကြီး တွေက စောင့်ကြည့်ပြီး အသိမှတ် ပြုပေးတယ်။ အသိမှတ်ပြု တဲ့အတွက် ပိုလုပ်လာနိုင်တယ်။ တော်ပါတယ်လို့ ပြောရင် ပို လုပ်လာမယ်။ ဒါက လူ့သဘာဝအရ ပြောတာပါ။ အသိမှတ် ပြုခံရတယ်ဆိုတာက နောက်ထပ် ဆက်ကြိုးစားပါလို့ တွန်း အားပေးလိုက်တဲ့ သဘောပါ။ တခြားသူတွေအမြင်နဲ့ ပြောရရင် ကျွန်တော်တို့ လုပ်နေတာကို သူတို့က အတုယူကြမယ်။ အဲဒီ ချိန်မှာ အခုလို အသိမှတ် ပြုခံရရင် ငါတို့လည်း အသိမှတ် ပြု ခံရနိုင်တာပဲဆိုတဲ့ အသိဝင်သွားမယ်။ အသိအမှတ် ပြုဖို့က ကျွန်တော်တို့အတွက် အရမ်းလိုအပ်ပါတယ်။
ဦးကောင်းမြတ်သူ။                ကျွန်တော်ဆိုရင် ငယ်ငယ်က တည်းက အဖေ့ဆီက တော်တယ်လို့ ပြောတဲ့စကားကို အရမ်း လိုချင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အထိ မရခဲ့ဘူး။ ကျွန်တော် တရား သူကြီးဖြစ်ပြီး လလောက်အနေမှာ အဖေ ဆုံးသွားတယ်။ ကျွန်တော့် အမေရယ်၊ ညီမရယ်နဲ့ ရပ်တည်နေတဲ့ အချိန်မှာ ကျွန်တော်က ရွာသားဆိုတော့ တောသူ တောင်သားတွေရဲ့ အခက်အခဲကို သိတယ်။ ဥပဒေမသိလို့ ခံခဲ့ရတဲ့ ပြည်သူတွေ ရှိတယ်ဆိုတာ ကြုံခဲ့ရတယ်။ ပြည်သူလူထုကို ဥပဒေ ဗဟုသု တပေးချင်တယ်။ ကြိုးစားနေတဲ့အချိန်မှာ အခုလို အသိမှတ်ပြု ခြင်း ခံရတယ်ဆိုတော့ ဝမ်းသာမိတယ်။ ရှေ့ဆက်ဖို့လည်း ခွန်အား ရှိလာမယ်။ မီဒီယာမှာ တရားရုံးတွေနဲ့ ပတ်သက်ပြီး ကောင်းသတင်းဖော်ပြမှု နည်းနည်း ခဲယဉ်းတယ်။
.
အဲဒီလို ခဲယဉ်းတဲ့အထဲမှာ ကျွန်တော်တို့ အသိမှတ်ပြုခြင်း ခံရတာကို တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ပြီး ပြည်သူနဲ့ နီးစပ် အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)