ခိုးမှုတွေ များနေလို့ အားကိုးပါရစေ ကိုလှရွှေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ခိုးမှုတွေ များနေလို့ အားကိုးပါရစေ ကိုလှရွှေ


အောင်ဆန်းဝင်း
.
ဦးလေး ရှေ့ ၂ ရက်လောက်က သမီး စီးလာတဲ့ ဆိုင်ကယ် လေး မှတ်မိလား။ ညနေပိုင်း ဆီ လာထည့်တဲ့ ဆိုင်ကယ်လေ။ မှတ်မိတာပေါ့။ အဖြူအနက်ကြားလေး မဟုတ်လား။ ဘာဖြစ်လို့ လည်း သမီး။ အဲ့ဒီဆိုင်ကယ် မနေ့ညက ပျောက်သွားပြီ ဦးလေး ရေ။ စိတ်ညစ်လိုက်တာ မပြောပါနဲ့တော့။ ကျောင်းတက်ဖို့ အ တွက်နဲ့ အလုပ်သွား အလုပ်ပြန် အဆင်ပြေအောင် ရှိစုမဲ့စုလေး နဲ့ ဝယ်ထားရတာ။ ဝယ်ထားတာမှ ၂ လတောင် မပြည့်သေးဘူး၊ ပိုက်ဆံ တတ်နိုင်သူတွေအတွက် အကြောင်းမဟုတ်ပေမဲ့ သမီး တို့လို လူတွေအတွက်တော့ အတော်ကြီး နှမြောစရာ ကောင်း တယ်။ ဘယ်လိုများ ပျောက်သွားတာလဲ သမီးရေ။ ဆိုင်ကယ်က ဇက်သော့ ခတ်မထားဘူးလား။ ဒီရက်ပိုင်းမှာ ရပ်ကွက်ထဲ အ ပျောက်အရှများနေတာ သမီးတို့လည်း သိနေတာပဲ။ ဆိုင်ကယ် ပျောက်လို့ သောကရောက်နေတဲ့ ကလေးမနဲ့ ဘက်ထရီဆိုင် ပိုင်ရှင်တို့ အချီအချပြောနေတဲ့ စကားသံတွေ။
.
ပျောက်သွားတဲ့ ဆိုင်ကယ်က တစ်ပတ်ရစ်ဘီး မဟုတ်ဘူး။ ကုမ္ပဏီကနေ အသစ်ဝယ်ထားတဲ့ ဆိုင်ကယ်လို့ပြောတဲ့အတွက် စျေးနှုန်းကလည်း သေးမှာ မဟုတ်ဘူး။ ရေလျှံတဲ့ လူတွေ အ တွက် ဆိုင်ကယ်တစ်စီးတန်ဖိုး ပြောပလောက်စရာ မရှိပေမယ့် သူလို ကိုယ်လို မရှိမရှားတွေအတွက်ကတော့ ခေါင်မိုးနားကပ် တဲ့ စျေးနှုန်းလို့ ပြောရလိမ့်မယ်။ အခုလို ရှားရှားပါးပါး ခေတ်ကြီး ထဲမှာ ဆိုင်ကယ် အသစ်တစ်စီး ဝယ်ဖို့ဆိုတာ မလွယ်လှပါဘူး။ တော်တော်ကြီး ခြိုးခြံချွေတာ စုဆောင်းလို့သာ ဝယ်နိုင်တယ် ပြောရမှာပါ။ မနက် ၃ နာရီလောက်အထိ ဆိုင်ကယ် ရှိသေးတယ် လို့ သတိထားမိတဲ့ လူတွေက ပြောကြတယ်။ ၃ စီးတွဲ ရပ်ထား တဲ့ထဲကမှ အလယ်မှာ ရှိတဲ့ သမီးဆိုင်ကယ်ကို ရွေးခိုးသွားတာ။ ဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးက ယိုးဒယားဘီးတွေ။ သမီး ဆိုင်ကယ်က တရုတ်ဘီး။ အသစ်ဖြစ်လို့ ရွေးခိုးတာလား မပြောတတ်ဘူးလို့ ကလေးမလေးက ဆက်ပြောတယ်။
.
ကလေးမ ပြောပုံအရ ဆိုင်ကယ် အခိုးခံရတဲ့ နေရာက အံ့ သြစရာ ကောင်းနေတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ နေရာ မျိုး။ ဆိုင်ကယ် ၃ စီး တွဲရပ်ထားတဲ့ နေရာက ပရိယတ္တိစာသင်  တိုက်ကြီး တစ်ခု အတွင်းမှာ။ ဆိုင်ကယ် ၃ စီးလုံး ဇက်သော့ခတ် ထားတယ်လို့ ပြောတယ်။ ကျန်တဲ့ ၂ စီးက ဘီးသော့ပါ တွဲခတ် ထားတဲ့အတွက် ခိုးရ မလွယ်လို့ ပါမသွားတဲ့ အနေအထား။ ဇက် သော့ ခတ်ပြီး ဘီးသော့ မခတ်ထားတဲ့ ကံဆိုးသူ မယ်ရှင်ရဲ့ ဆိုင် ကယ် အသစ်လေးကတော့ အခုချိန် ဘယ်ရောက်လို့ ဘယ်ဆီ နေမှန်း မသိပေါ့။ ဘက်ထရီဆိုင် ပိုင်ရှင်က သက်ဆိုင်ရာ အပိုင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ အကြံပြုတယ်။ ကလေးမက သိပ် အားရှိတဲ့ ပုံမတွေ့ရဘူး။ ရှေ့မှာလည်း ပျောက်တဲ့ ဆိုင်ကယ် တွေ ပြန်မတွေ့တာ များတော့ တိုင်ချက်ဖွင့်ဖို့ ချီတုံချတုံ ဖြစ် နေတယ်။ ခုချိန်လောက်ဆို တစ်စစီ ဖြစ်ပြီထင်တယ်လို့ ညည်း တွားပြီး သူ့ သူငယ်ချင်း ဆိုင်ကယ်နဲ့ ထွက်သွားကြတယ်။
.
လတ်တလော အချိန်အတွင်း ရပ်ကွက်အတော်များများမှာ ပစ္စည်းခိုးယူ ပျောက်ရှတဲ့ သတင်းတွေ နေ့စဉ်ကြားနေရပါတယ်။ ကျူးလွန်သူတွေ အများဆုံးခိုးယူတဲ့ ပစ္စည်းတွေက မော်တော် ဆိုင်ကယ်၊ လက်ကိုင်တယ်လီဖုန်း၊ ကားဘက်ထရီနဲ့ ငွေ အဖြစ် လွယ်မယ့် ပစ္စည်းတွေပါ။ ခေတ်ရဲ့ လိုအပ်ချက်အရ သွားရေးလာတာအတွက် လူတိုင်းနီးပါး မော်တော်ဆိုင်ကယ်နဲ့ လက်ကိုင်တယ်လီဖုန်းက လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းလို ဖြစ်နေပါတယ်။ အသစ်ကော အဟောင်းပါ ကြီးမားတဲ့ စျေး ကွက်ကြီး တစ်ခုကို ပိုင်ဆိုင်ထားတာ တွေ့ရတယ်။ သတိ တစ်ချက် လွတ်လို့ ခိုးယူခံရပြီ ဆိုတာနဲ့ အစပြန်ကောက်ဖို့ မ လွယ်ဘူး။ ခိုးယူခံရပြီး ပျောက်သွားတဲ့ ပစ္စည်း မှန်သမျှလည်း အစ ပျောက်သွားတာ များနေတယ်။
.
ပြီးခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ဆိုင်ကယ် ပျောက် သွားတယ်။ ပျောက်တာမှ နေ့ခင်းကြောင်တောင်ကြီးကို ပျောက် သွားတာ။ ဆိုင်ကယ်က အိမ်ထဲမှာ ရပ်ထားတာ။ ကိုယ့်အိ်မ် ထဲဆိုတော့ စိတ်ချလက်ချ ရပ်ထားမိတာပေါ့။ ဇက်သော့လည်း ခတ် မထားမိလိုက်ဘူး။ အိမ်မှာ အလုပ်များနေတော့ ဆိုင်ကယ် ကို သတိလက်လွတ် ဖြစ်သွားတာလည်း ပါလိမ့်မယ်။ ည နေ ကျောင်းဆင်းချိန် ကျောင်းကြိုသွားမယ် လုပ်တော့ ဆိုင် ကယ်က မရှိတော့ဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း အိမ် တွေ ရှိတယ်။ လူ အသွားအလာ ပြတ်တဲ့ နေရာမျိုးလည်း မဟုတ်ဘူး။ ဒီလိုအနေအထားမျိုးမှာတောင် ရအောင် ခိုးတယ် ဆိုတော့ တော်ရုံတန်ရုံ အဝေးက လူတော့ မဖြစ်နိုင်ဘူး။ ပတ် ဝန်းကျင်ကို အသေအချာ လေ့လာထားတဲ့ လူမျိုးဖြစ်ဖို့ များ တယ်။ ကိုယ့်အိမ်ထဲဖြစ်ပါစေ ပစ္စည်းတွေကို အသေအချာ ဂရု စိုက်တာ အကောင်းဆုံးပဲလို့ ဝါးပြားရပ်ကွက်အတွင်း ဆိုင်ကယ် အခိုးခံရသူ တစ်ယောက်က ပြောပါတယ်။
.


.
ခေတ်ကာလကြီးကိုက ရှားရှားပါးပါးခေတ်။ အလုပ်အကိုင် ရှားပါးတယ်။ အခွင့်အလမ်း ရှားပါးတယ်။ ပြည်သူတွေ ဆင်းရဲ တွင်း နက်နေကြတယ်။ ဒီလို ထောင့်ပေါင်းစုံ ရှားပါးနိမ့်ကျတဲ့ ခေတ်ကြီးမှာ မကောင်းမှု ကျူးလွန် အသက်မွေးတဲ့ ဒုစရိုက်သ မားတွေ မူးယစ်ဆေးပြားတွေလို လှိုင်လှိုင်ကြီး ပေါများနေတယ်။ ရပ်ကွက်တွေထဲ အဓိကကြုံတွေ့နေရတဲ့ ပြဿနာက ခိုးယူမှုနဲ့ အသေးစား ဖောက်ထွင်းမှုတွေ။ မကြာခဏ ဆိုသလို ဖြစ်နေပါ တယ်။ ငွေအဖြစ် လွယ်ပြီး ချက်ချင်း အပျောက်ဖျောက်လို့ ရမယ့် ပစ္စည်းတွေဆိုရင် အလစ်ပေးထားလို့ မရတော့ပါဘူး။ အချိန်နဲ့ အမျှ ခိုးယူခံရမှုတွေ ဖြစ်နိုင်ပါတယ်။ အချိန်နဲ့အမျှလည်း ဖြစ် တာကို တွေ့နေရပါတယ်။ ကျူးလွန်မယ့် ဒုစရိုက်သမားဆိုတာ ချို(ဂျို) တပ်ထားတာ မဟုတ်တဲ့ အတွက် အနီးအပါးမှာ ရှိနေရင် တောင် ဘယ်သူူမှ မသိနိုင်၊ မြင်နိုင်မှာ မဟုတ်ပါဘူး။ သတိဆို တာ ပိုတယ် မရှိပါ။
.
ကျွန်တော့်ဆိုင်ကယ် အဖောက်ခံရတဲ့ အချိိန်က ဒီဇင်ဘာ ကျောင်းပိတ်ရက်ရှည် ပိတ်တာကြောင့် မိသားစုလိုက်ဘုရားဖူး ခရီးထွက်နေတာ။ ဆိုင်အဖောက်ခံရတဲ့ အကြောင်းကို ဘေး ဆိုင်ကလူတွေ လှမ်းအကြောင်းကြားမှ သိရတာ။ ဘုရားဖူးခရီး ထွက်တဲ့အချိန် စိတ်ညစ်စရာနဲ့ လာကြုံလို့ ခရီးတစ်ထောက်က လှည့်ပြန်လာခဲ့ရတယ်။ ဆိုင်ထဲမှာရှိတဲ့ ဘက်ထရီအိုး အတော် များများလည်း ပါသွားတယ်။ ကံကောင်းတာ အကုန်လုံး ကိုယ့် ဘက်ထရီအိုးတွေချည်းဖြစ်လို့။ သူများအပ်ထားတဲ့ အလုံးတွေ ပါရင် လျော်ပေးရမှာ။ တစ်လုံးတစ်လုံးရဲ့ တန်ဖိုးကလည်း နည်း တာမဟုတ်ဘူး။ တစ်ပတ်ရစ်တန်ဖိုးနဲ့ တွက်ရင်တောင် တော် တော်များများရနိုင်တယ်။ အခုတော့ ဆိုင်ကိုအရင်ထက် ပိုဂရု စိုက်နေရတယ်လို့ ၂၀၁၉ ဒီဇင်ဘာ ၂၈ ရက်ညက ဘက်ထရီ ဖောက်ထွင်းခိုးယူခံရတဲ့ ဆိုင်ပိုင်ရှင် ကိုကောင်းခန့်က ပြောပါ တယ်။
.

ကိုကောင်းခန့် ဆိုင်ဖောက်ထွင်းခံရပြီး ဘက်ထရီတွေ အ ခိုးခံရသလို တစ်ခြားဘက်ထရီအိုး ခိုးယူခံရမှု ဖြစ်စဉ်တွေ ရှိနေ ပါသေးတယ်။ အများဆုံး ခိုးယူခံနေရတာက ကားဘက်ထရီအိုး တွေပါ။ မြို့တော်ဖွံ့ဖြိုးတိုးတက်လာတာနဲ့ တောင်ကြီးမြို့မှာ လည်း တတ်နိုင်သူတချို့ မော်တော်ကားဝယ်ယူအသုံးပြုမှု များ ပြားလာပါတယ်။ ကားတွေများလာပေမယ့် ညပိုင်းအချိန် ထား စရာ အခက်အခဲကြောင့် ကိုယ့်အိမ်ရှေ့မှာ၊ လမ်းထဲက သင့် တော်တဲ့နေရာမှာ ကြုံသလို ရပ်နားထားတာတွေရှိပါတယ်။ အ ဓိက ကားရပ်နားဖို့ အခက်အခဲကြုံတွေ့တဲ့ နေရာတွေက အထပ်မြင့် တိုက်ခန်းတွဲတွေပါ။ အဆင်ပြေတဲ့နေရာမှာ ကြုံသ လိုရပ်နားထားရတာ ဖြစ်တဲ့အတွက် မသမာသူတွေရဲ့ စိတ် ကြိုက်ပစ်မှတ်ဖြစ်နေပါတယ်။ မကြာခဏဆိုသလို ကားဘက် ထရီအိုးဖြုတ်ပြီး အခိုးခံရတယ်လို့ တိုက်ခန်းတွဲနေထိုင်သူ တစ် ယောက်ကပြောပါတယ်။
.
ကျွန်တော်က ဘက်ထရီအိုးအားသွင်းပြုပြင် ရောင်းဝယ် ရေး ဆိုင်ဖွင့်ထားတော့ ဘက်ထရီပျောက်တာတွေကြုံရင် ဆိုင် ကို လာမေးကြတယ်။ သူတို့ပျောက်သွာတဲ့ ဘက်ထရီအိုးတွေ ရောင်းမရောင်းဆိုတာပေါ့။ တကယ်တမ်းကျတော့ ကျွန်တော် တို့လို ဘက်ထရီအားသွင်းဆိုင်တွေကို ခိုးတဲ့လူတွေက ဘယ် တော့မှ လာမရောင်းပါဘူး။ သူတို့နဲ့ အဆင်ပြေတဲ့ ချိတ်ဆက် ခြင်းကိုပဲ ရောင်းတာများတယ်။ အခုနောက်ပိုင်း ဒီလိုခိုးယူမှု တွေ များလာတော့ ကျွန်တော်တို့ကိုယ်တိုင်ကို လာရောင်းတဲ့ ဘက်ထရီတိုင်းမဝယ်ရဲတော့ဘူး။ ဝယ်လိုက်တာနဲ့ ပြဿနာက ကို်ယ့်ဘက်အရင်ဆုံး ခေါင်းတည်လာမှာ။ ကျွန်တော့်ဆိုင်က အ ထပ်မြင့် တိုက်ခန်းနားမှာ ဖွင့်ထားတယ်။ တိုက်ခန်းက ဟိုက် ဂျက်ကားတွေကနေ ဘက်ထရီတွေခဏခဏ ခိုးခံနေရတော့ လာလာမေးကြလို့ စိတ်တောင်ညစ်တယ်လို့ ဘက်ထရီဆိုင်ရှင် တစ်ယောက်ကပြောပါတယ်။
.
မြို့တော်လုံခြုံရေးအတွက် အဓိကတာဝန်ယူထားတာ မြန် မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပါ။ ဝတ္တရားတာဝန်တွေ များမြောင် တယ် ဆိုပေမယ့် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် လုံခြုံဖို့အ တွက် တပ်ဖွဲ့ဝင်တွေရဲ့ လုံ့လအားထုတ်မှုက အရေးပါလှပါ တယ်။ ကူညီပါရစေ ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပြည်သူတွေကို အထူးအလေးပေး ကူညီနို်င်ဖို့ လိုအပ်ပါတယ်။ လတ်တလော အနေအထားမှာ ပြည်သူတွေအကြား အဓိကကြုံတွေ့နေရတာ ဆက်တိုက်ဆိုသလို ကျူးလွန်ခြင်း ခံနေရတဲ့ ဖောက်ထွင်းခိုးယူ မှုတွေပါ။ ဆုံးရှုံးမှုဖြစ်စဉ်တွေသာ များပြားနေတဲ့အတွက် ပြည် သူတွေဘက်က အားမလိုအားမရ ဖြစ်တာကိုလည်း မြင်တွေ့ နေရတယ်။ တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူမြောက်များစွာကို တာ ဝန်ယူထားရတယ်လို့ ဆိုပါတယ်။ မနိုင်မနင်းတွေကြားက ခိုးမှု ဖြစ်စဉ်လေးတွေ ကျဆင်းဖို့ ကိုလှရွှေတို့ ကြိုးစားပါဦးလို့ မောင်း ခတ်လိုက်ရကြောင်းပါ။

Journal Download

Photo of three cats