တပ်တော်ဦးဆီ မျှော်လိုက်သည် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 11, 2020

တပ်တော်ဦးဆီ မျှော်လိုက်သည်


အောင်ဆန်းဝင်း
.
ရေဘော် မထိုးရသေးတဲ့ သစ်သားချောင်း မရင်း သစ်စချွန် လေး တစ်ခုက လက်မထိပ်ထဲ ဝင်သွားတယ်။ လက်သဲနဲ့ ဆွဲနုတ် ကြည့်တယ်။ အဆင်မသင့်တော့ အပြင်ကျန်နေတဲ့ သစ်စပြတ် ပြီး ကျန်တဲ့အပိုင်းက လက်မထိပ်ထဲငုတ်တုတ်။ လက်သည်း ညှပ်သုံးပြီး သစ်စကိုထုတ်ဖို့ ထပ်ကြိုးစားကြည့်တယ်။ ဖြစ်နိုင် ချေ အတော်နည်းတာကို တွေ့ရတယ်။ လက်သည်းညှပ်နဲ့ ခပ် နက်နက် ညှပ်ထုတ်မှရမယ့် အနေအထား။ သစ်စချွန်လေးထွက် ဖို့ လက်သည်းညှပ်နဲ့ ခပ်နက်နက်ညှပ်တာနဲ့ သေချာပေါက် လက်မှာ ဒဏ်ရာရတော့မယ်။ လက်လွန်ရင်သွေးထွက်သံယိုပါ ဖြစ်သွားနိုင်တယ်။ ဒီနည်းလမ်း သုံးလို့မဖြစ်တာနဲ့ တစ်ခြားနည်း လမ်းတစ်ခုစဉ်းစားတယ်။ အကောင်းဆုံးနည်းလမ်းက အပ် လေးတစ်ချောင်းနဲ့ အသာကော်ထုတ်ဖို့။ သက်သည်းညှပ်သုံး တာနဲ့ စာရင် အပ်လေးနဲ့ကော်တာ ပိုကောင်းတဲ့အတွက် အပ် တစ်ချောင်းရှာရမယ်။
.
ခေါင်းထဲရောက်လာတဲ့ အတွေးက အပ်လေးတစ်ချောင်း ရှာဖို့ပါ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားတော့ ရှာစရာ မလို ဘူး။ ပတ်ဝန်းကျင်မှာ စာအုပ်တွေ အများအပြား ရှိတယ်။ ဂျာ နယ် သတင်းစာအဟောင်းတွေ ဟိုတစ်ထပ် ဒီတစ်စု။ ပြင်လက်စ ဖုန်းတွေ ခွဲစိတ်ခန်းမှာ တချို့ရင်ခွဲရုံမှာ အစီအရီ။ ရှိသလိုလိုနဲ့ ပြန်ကာလှန်ကာ သေဆုံးသွားတဲ့ ရုပ်ရှင်ဗွီဒီယို ပိုစတာတွေက နံရံထက်မှာ။ ဟိုဘက်ပုံနဲ့ ဒီဘက်ကပုံ ပင့်ကူမျှင်တန်းပြီး လက် ချင်းယှက်နေတယ်။ မင်းသားနဲ့ မင်းသမီး အငိုအရယ် အပြောင် အပျက်မျက်နှာတွေအပေါ်မှာတော့ ဖုန်တထောင်းထောင်းနဲ့  ပြောင်းထောင်းတဲ့ ရွာအလား။ အသံတိတ်နေတဲ့ ဆောင်း ဘောက်စ် ၅ လုံးလောက်က ဆိုင်ရဲ့ထောင့်မျိုးစုံမှာ အိပ်စက် ခြင်းတွေအပြည့်နဲ့။ စင်တချို့အပေါ်မှာတော့ အသက်မဲ့နေတဲ့ ရုပ်ရှင်ဗွီဒီယိုဓာတ်ပြားတွေ။ တိုလီမုတ်စတွေထဲ ဘယ်လိုမှရှာမ ရနိုင်တာ အသုံးလိုနေတဲ့ အပ်တစ်ချောင်း။
.
အဲ့ဒီတော့ လက်မထိပ်ထဲ ဆူးဝင်နေတဲ့ ဆူးလေးထွင်ဖို့ အပ်လေးတစ်ချောင်း မဖြစ်မနေ ဝယ်ရတော့မယ်။ အကြွေတချို့ အိတ်ထောင်ထဲ ထည့်ပြီး လမ်းထိပ်က ကုန်စုံဆိုင်သွားတယ်။ အပ်လေးတစ်ချောင်းလိုချင်လို့ပါ ပြောလိုက်တယ်။ စျေးဆိုင်ပိုင် ရှင်ကပြန်ပြောတယ်။ အပ်တစ်ချောင်းခြင်း ရောင်းတာ မရှိဘူး တဲ့။ လိုချင်ရင် ဘူးလိုက် ဝယ်သွားပါလို့ ဆက်ပြောတယ်။ ဆူး လေး ထွင်ဖို့အတွက် လိုတာက အပ်တစ်ချောင်း။ တစ်ဘူးလုံး ဝယ်လာပြီးရင် ပိုနေတဲ့ အပ်တွေကို ဘယ်နေရာ သွားသုံးရမလဲ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား အသုံးတည့်တဲ့နေရာ ရှာမတွေ့ဘူး။ ခက်တာက ဆူးထွင်ဖို့ အပ်တစ်ချောင်း လိုနေတော့ မဝယ်လို့က လည်းမရ။ မတတ်သာတဲ့အဆုံး ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ ခ ဏသာအပ်တစ်ချောင်းသုံးဖို့ တစ်ဘူးလုံးဝယ်ရတော့မယ်။ အပ် တစ်ဘူးလုံးဝယ်ဖို့ စျေးဆိုင်ပိုင်ရှင်ကို စျေးနှုန်းမေးကြည့်လိုက် တယ်။
.
ကြားရတဲ့ အပ်တစ်ဘူးစျေးနှုန်းက အံ့သြစရာ။ မြန်မာငွေ တစ်ရာ့ငါးဆယ်ကျပ်တဲ့။ လက်ထဲရောက်လာတဲ့ အပ်ဘူးလေး  ကြည့်လိုက်တော့ ပလတ်စတစ်ဘူးအပြား ဝိုင်းဝိုင်းလေး။ အ တွင်းထဲမှာ အတိုအရှည်မညီတဲ့ အပ်ပေါက်စလေးတွေ အ တော်များများတွေ့ရတယ်။ ဘူးထဲမှာပါတဲ့ အပ်အရေအတွက် နဲ့ စျေးနှုန်းကို အံ့အားသင့်တာနဲ့ လက်မထိပ်ကဆူးထွင်ဖို့တောင် ခဏလောက်မေ့တေ့တေ့ဖြစ်သွားတယ်။ အရပ်စကားနဲ့ပြောရ ရင် ရှောခ့်ဖြစ်သွားတယ်ပေါ့။ ဒီလောက်များတဲ့ အပ်အရေအ တွက်ကို မြန်မာငွေ တစ်ရာ့ငါးဆယ်ကျပ်နဲ့ ရောင်းနိုင်တယ်ဆို တော့ နိုင်ငံရပ်ခြားက တင်သွင်းတာမဖြစ်နိုင်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်မြေပေါ်က ထုတ်လို့ရောင်းနိုင်တာဖြစ်မယ်လို့ အတွေးဝင် မိပါတယ်။ ကို်ယ့်အသိုက်ကိုယ်ပြန်ရောက်တာနဲ့ အပ်ဘူးပေါ်က မိတ်အင်နိုင်ငံ အရင်ဆုံးရှာ ကြည့်တယ်။ ထပ်ပြီးအံ့သြရတယ်။ အိန္ဒိယနိုင်ငံ။
.
တစ်ဒါဇင်လောက်ပါတဲ့ အပ်တစ်ဘူးကို အိမ်နီးချင်းအိန္ဒိယ နိုင်ငံက တင်သွင်းပြီး မြန်မာနိုင်ငံထဲမှာ ပြန်ရောင်းချတဲ့ စျေးနှုန်း က မြန်မာငွေ တစ်ရာ့ငါးဆယ်ကျပ်တိတိ။ ဒီအပ်တွေစျေးကွက် ထဲရောက်လာဖို့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေရှိလိ်မ့်မယ်။ နိုင် ငံဖြတ်ကျော် ဝင်ရောက်လာတာဖြစ်တဲ့အတွက် တိုင်းပြည် တစ် ခုနဲ့ တစ်ခု အခွန်အခတွေ ပေးရတာရှိမယ်။ လမ်းမကြီးတွေပေါ် က ဟိုကြေးဒီကြေးတွေ ရှိချင်ရှိလိမ့်မယ်။ တစ််ဖက်နိုင်ငံက ရောက်လာတဲ့ အပ်တစ်ဘူး စျေးနှုန်းက မြန်မာငွေ တစ်ရာ့ငါး ဆယ်။ ကိုယ့်နိုင်ငံအတွင်းမှာသာ ထုတ်နိုင်ရင် အပ်ဆိုတာစျေး နှုန်းတောင်ရှိပါ့မလား။ အပ်တိုတစ်ချောင်းတောင် ထုတ်လုပ်နိုင် တဲ့ နည်းပညာ အတတ်ပညာတွေမဲ့နေတာလား။ ဆူးလေးတစ် ချောင်းထွင်ဖို့ တစ်ဒါဇင်လောက်ပါတဲ့ အပ်တစ်ဘူးဝယ်ပြီး မိတ် အင်မြန်မာ ဘယ်ချိန်ခါလည်းဆိုတဲ့ အတွေးစက ခေါင်းထဲအလို လိုရောက်လာတယ်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းက တောင်ကြီး၊ ဟိုပုံးသွားကားလမ်းမဘေးမှာ ပင်းပက်သံသတ္တုရိုင်း တွေရှိတယ်လို့ ဆိုကြတယ်။ သံသတ္တုရိုင်းတွေ အမြောက်အများ ရှိတယ်လို့ ပြောကြတော့ သံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေထုတ် လုပ်နိုင်ခြင်းမရှိတာလား။ စက်ရုံကြီးကအလုပ်မလုပ်တာလား။ မိတ်အင်မြန်မာထုတ်ကုန်တွေ မဖန်တီးတော့တာလား။ စက်မှု ကုန်ကြမ်းတွေ ဗုန်းပေါလအောရှိပြီး အသိပညာရှင် အတတ်ပ ညာရှင်တွေ မရှိလို့များလား။ ဒါမှမဟုတ်စက်ရုံကြီးလည်ပတ်နေ ပြီး ဒီထက်ကောင်းတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေလို့ အပ်တစ် စင်းလို အသေးအမွှားမထုတ်တာလားပေါ့။ တောင်တောင်အီအီ တွေတော့ နားမလည်ပါဘူး။ သာမန်အရပ်သားတွေနဲ့ ခပ်ပိန်း ပိန်း တွေးကြည့်တာပါ။ အပ်တိုတစ်ချောင်း မိတ်အင်မြန်မာဖြစ် ဖို့ အတွက်တော့ မျှော်တိုင်းဝေးနေဦးမယ့်အနေအထား။
.


.
ဘာပဲလိုလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးအားကိုးရတဲ့ အဆင့် ကနေရာတိုင်းရှိတယ် ပြောရမယ်ထင်ပါတယ်။ အိန္ဒိယနိုင်ငံ ထုတ် မြန်မာငွေ တစ်ရာ့ငါးဆယ်ကျပ်တန် အပ်လေးတစ်ဘူး ဝယ်ပြီး နောက်တစ်ရက်ကျတော့ မီးခလုတ်လေးတစ်ခုဝယ်ဖို့ အကြောင်းဖန်တယ်။ ထုံးစံအတိုင်း လမ်းထိပ်ကကုန်စုံဆိုင်သွား ပြီး မီးခလုတ်လေးတစ်ခုဝယ်တယ်။ ဆိုင်ရှင်ကမေးတယ်။ ယိုး ဒယားဖြစ်ယူမလား။ တရုတ်ဖြစ်ယူမလားတဲ့ တရုတ်ကနည်း နည်းညံ့တယ်။ တရုတ်စက် တစ်ရက်စုတ်ဆိုပြီး ခပ်သောသော ပြောတယ်။ ယူမယ်ဆိုရင် ယိုဒယားယူသွား စျေးမကွာဘူးလို့ ဆိုတယ်။ မြန်မာဖြစ် မရှိဘူးလားလို့ မေးကြည့်တယ်။ ဆိုင်ရှင်က ကိုယ့်မျက်နှာ ကြည့်ပြီး အင်တင်တင်နဲ့ ပြောတယ်။ တရုတ် ထက် ဆိုးတယ်တဲ့။ လျှပ်စစ်နဲ့ ပတ်သက်ရင် အတော်ကြီးအန္တ ရာယ်များတယ်။ မကြာခဏ ရှောခ့်ဖြစ်တတ်လွန်းလို့ ဆိုင်ရှင် ညွှန်းတဲ့ ယိုဒယားပဲ ဝယ်လာခဲ့ရတယ်။
.
စျေးဆိုင်ပိုင်ရှင်ပြောတဲ့ တရုတ်စက် တစ်ရက်စုတ်ဆိုတဲ့ စကားကို နည်းနည်းတော့ သဘောကျတယ်။ တရုတ်နိုင်ငံက နေ မော်တော်ဆိုင်ကယ်တွေသွင်းတယ်။ ယိုးဒယားဘီးလောက် တန်းမမီဘူး။ ကျပ်မပြည့်ဘူး။ စျေးနှုန်းလေးသက်သာတော့ ရွှေ ပြည်နိုင်ငံသား လူ့ငမွဲများအတွက် တော့ကွက်တိ။ တောရော မြို့ပါမကျန် သောက်သောက်လဲအားပေးကြတာ ဆိုင်ကယ်ဝပ် ရှော့တွေ အလုပ်ကိုဖြစ်လို့။ ကလေးကြိုက်မုန့်မျိုးစုံ နယ်စပ်က တစ်ဆင့် မြန်မာနိုင်ငံထဲကို လှိုင်လှိုင်ကြီးသွင်းတယ်။ မြန်မာက လေးငယ်တွေက တစ်ဝကြီးအားပေးကြတယ်။ အဲဒီမုန့်တွေက တရုတ်နိုင်ငံအတွင်းရောင်းတာလုံးဝမရှိဘူး။ (စေတနာထား တယ်ပြောရမှာပေ့ါ။) အိမ်ကြက်ချင်းခွပ်ဖို့အတွက် သေမင်းတ မန်ပြောင်းဝတွေကိုလည်း အညီအမျှခွဲဝေပေးတယ်။ တစ်ရက် စုတ်တွေက သစ်ပင်သစ်တောတွေယူတယ်။ ကျောက်စိမ်းတွေ မသွားတယ်။ ဒီမှာတော့အိုးမဲတွေလူးပြီး ခွပ်နေကြတုန်း။
.

တစ်နေ့က သတင်းစာထဲဖတ်လိုက်ရတယ်။ မြန်မာ့ရေတပ် ၇၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးကမ်းတက် တိုက်ခိုက်ရေးယာဉ်အပါအဝင် ရေတပ် သင်္ဘောအများအပြား တပ်တော်ဝင်တဲ့အကြောင်း။ မြန်မာ့ပထ မဦးဆုံး ကမ်းတက်တိုက်ခိုက်ရေး အကြီးဆုံးသင်္ဘောကို တောင်ကိုရီးယားနိုင်ငံက ပေးပို့တယ်။ ကိုရီးယားရုပ်ရှင်ဇာတ် လမ်းတွဲတွေနဲ့တင် ရွှေမြန်မာတွေ ဖတ်ဖတ်မောခဲ့တာကြာပေါ့။ နောက်သတင်းတစ်ပုဒ်ထဲမှာလည်း မြန်မာ့ပထမဆုံး ရေငုပ် သင်္ဘောကြီး တပ်တော်ဝင်ဦးမယ်တဲု့။ ရုရှားနိုင်ငံလုပ် ကီလိုအ တန်းစား ဒီဇယ်၊ လျှပ်စစ်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ပြန်လည်ပြင်ဆင်ပြီး အိန္ဒိယနိုင်ငံကနေ လွဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။ တစ်ဒါဇင် တစ်ရာ့ငါးဆယ်တန် အပ်ဘူးလေးကနေ ဒေါ်လာ သန်းရာချီတန်တဲ့ ရေငုပ်သင်္ဘောကြီး အိန္ဒိယကနေ ရောက်လာတော့မယ်။
.
လက်ထိပ် စူးဝင်နေတဲ့ သစ်ချွန်စလေး ထွင်ဖို့ တစ်ဒါဇင် လောက် ပါတဲ့ အပ်တစ်ဘူးကို တစ်ရာ့ငါးဆယ်နဲ့ ဝယ်လာခဲ့ရ တယ်။ မိတ်အင်မြန်မာသာ ဖြစ်ခဲ့ရင် အပ်တွေက စျေးနှုန်းတောင် ရှိပါ့မလား၊ ငြိ်မ်းငြိမ်းချမ်းချမ်း မရှိတော့ အပ်တိုလေး တစ်စင်း တောင် ဖြောင့်ဖြောင့်တန်းတန်း မထုတ်နိုင်တဲ့ဘဝ တစ်ရက်စုတ် တွေလောက် အသုံးမတည့်လို့ မီးခလုတ်လေး တစ်လုံးအတွက် နဲ့ ကိုလိုနီနယ်ပယ်ကို ပြန်ခနေရတယ်။ ဟိုဘက်ကမ်းက မီး ထိန်ထိန်ကို ဒီဘက်ကမ်းမီး မှိန်မှိန်နဲ့ ထိုင်ကြည့်နေရတဲ့အဖြစ် ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်းဆိုတဲ့ ဇာတ်လမ်းတွဲတွေရှိတဲ့ အ ရပ်က မြန်မာ့ပထမဆုံး အကြီးဆုံးကမ်းတက်တိုက်ခိုက်ရေး သင်္ဘောကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ပထမ ဆုံးရေငုပ်သင်္ဘောကြီးတပ်တော်ဝင်ဦးမယ်။ နတ်ရှင်နောင်ရေ တပ်တော်ဦးဆီ မျှော်ရင်း ငြိမ်းချမ်းရေးတွဲလက်များလည်း ခိုင် မာစေကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)