ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအုပ်စုတွင် အမျိုးသား ၂ ဦး မိုင်းထိ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအုပ်စုတွင် အမျိုးသား ၂ ဦး မိုင်းထိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာမှ အမျိုးသား ၂ ဦးမှာ ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က မိုင်းထိခဲ့သဖြင့် ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
.
သူတို့ မိုင်းထိတော့ နာရီဝက်လောက် ၂ ယောက်လုံး မေ့သွားကြပြီး ဆိုင်ကယ်လည်း ပျက်စီးသွားတော့ ဖြည်းဖြည်း လျှောက်ရင်း နမ့်တွေ့နားကို ရောက်တော့ နမ့်တွေက လာကြိုပြီး အဲဒီက ရွာသူနာပြု ဆရာမက ရှေးဦးကုသပေးပြီး ဒီမနက်မှာ(ဇန်နဝါရီ ၈ ရက်) သွားခေါ်ခဲ့တာပါ။ မိုင်းငေ့ါက ၄ မိုင်ခွဲလောက် ဝေးပြီး လမ်းကြမ်းတော့ တစ်ဘီးချင်း လှိမ့်ပြီး သွားခဲ့ရတယ်၊ တစ်ယောက်က မန္တလေး ဆေးရုံလွှဲရမယ်လို့ သိရတယ်ဟု အိုမ်တမာဝ်အသင်းမှ မိုင်းဆမဲင်ရိူန်းu ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ကျောက်မဲမြို့နယ်၊ ကွင်းစလန်ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာနေ မိုင်းအလူနှင့် မိုင်းအိုက်ဟိန်းတို့ ၂ ဦးသည်  မိုင်ငေါ့မြို့မှ ဆိုင်ကယ်ပစ္စည်း ဝယ်၍ အပြန် နမ့်တွေရွာအကျော်တွင် မိုင်းထိခြင်း ဖြစ်ပြီး မိုင်းအလူ၏ ဝဲဖက် ခြေသလုံး၊ ခြေကျင်းဝတ်၊ တတောင်နှင့် လက်ကောက်ဝတ်တို့တွင် လည်းကောင်း၊ မိုင်းအိုက်ဟိန်း၏ ဝဲဖက်ခြေထောက်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ယင်း မိုင်းငေါ့မြို့အနီးတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၂၀ ရက်က မန်ကန်ကျေးရွာမှ တောင်သူ ၁ ဦး၊ စက်တင်ဘာလ ၂၁ ရက်က ချုံးရွာသစ်မှ လင်မယား ၂ ဦး၊ စက်တင်ဘာလ ၂၅ ရက်တွင် မန်ကောင်းရွာသား တစ်ဦး မိုင်းထိခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)