အစ္စရေးတွင် ထောပတ် စိုက်ပျိုးနည်း ၆ လသင်တန်း တက်ရောက်ရန်အတွက် သင်တန်းသားများ ခေါ်ယူ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

အစ္စရေးတွင် ထောပတ် စိုက်ပျိုးနည်း ၆ လသင်တန်း တက်ရောက်ရန်အတွက် သင်တန်းသားများ ခေါ်ယူ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ အတွင်း ထောပတ်စိုက်ပျိုးမှု နည်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားဖြစ် ထောပတ်စိုက်ပျိုးမှုကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အစ္စရေးနိုင်ငံတွင် ဖွင့်လှစ်မည့် ထောပတ်စိုက်ပျိုးနည်း ၆ လသင်တန်း တက်ရောက်ရန် သင်တန်းသားများအား ခေါ်ယူလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ အစီအစဉ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ကမ္ဘောဇအုပ်စုတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး သင်တန်း သား ၅ ဦး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇအုပ်စုနဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပူးပေါင်းပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှာ ထောပတ်နဲ့ ပတ်သက်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နေတာပါ။ အစ္စရေးက နည်းပညာ ထောက်ပံ့မှုနဲ့ ဖွံ့ဖြိုးရေး လုပ်နေတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းက ပညာတတ်လူငယ် ၅ ဦးကို ရွေးချယ်ဖို့ စီစဉ်ထားပါတယ်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အစီအစဉ်မှာ ကမ္ဘောဇအုပ်စုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက်သော ပထမဆုံး အစီအစဉ်ဖြစ်ပြီး အစ္စရေးမှ ထောပတ်မျိုးနှင့် နည်းပညာပေါင်းစပ်ကာ ဒေသ ဖွံ့ဖြိုးစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
သင်တန်းသို့ ဟိုပုံး၊ နောင်တ ရား၊ ဆီဆိုင်၊ တောင်ကြီး၊ကျောက် တလုံးကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ လွိုင်လင်၊ နမ့်စန်၊ ပင်လုံ၊ မိုင်းပန်၊ မောက်မယ်၊ ဖယ်ခုံ၊ လွိုင်ကော် ဒေသများမှ ဒေသခံလူငယ်များ တက်ရောက်နိုင်ပြီး အင်္ဂလိပ် ဘာသာစကား အတန်အသင့် တတ်ကျွမ်းရမည်ဖြစ်ကာ အစ္စရေးနိုင်ငံသို့ ၆ လသင်တန်း တက်ရောက်ပြီး နောက်သင်တန်းပြီးဆုံးချိန်တွင် အဖွဲ့အစည်းမှ ပေးအပ်သည့် တာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်သူ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
.
သင်တန်း တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ် PNO ရုံးများ တွင် ထုတ်ယူနိုင်ပြီး ဇန်နဝါရီလ ၃၁ ရက်ထက် နောက်မကျစေဘဲ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ဌာန ချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာန၊ တောင်ကြီးမြို့သို့ ပြန်လည်ပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)