၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, January 4, 2020

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပ


စိုင်းရာဇာ
.
၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ပထမဦးစွာ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက် ၄ နာရီတွင် ပြုလုပ်ခဲ့ပြီး နံနက် ၇ နာရီတွင် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင်ပြုလုပ်သော ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
အလားတူ တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပြီး ‌ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)