တာချီလိတ်တွင် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့​သော်လည်း တရားခံအား ဖမ်းမမိ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, January 7, 2020

တာချီလိတ်တွင် စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့​သော်လည်း တရားခံအား ဖမ်းမမိ

ရှမ်းပြည်နယ်အ​ရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စိတ်ကြွ ရူးသွပ်ဆေးပြားများအား ဇန်နဝါရီလ ၆ ရက်၊ ည​နေပိုင်းက သိမ်းဆည်းရမိခဲ့​သော်လည်း တရားခံအား ဖမ်းဆီးရမိခြင်း မရှိခဲ့​ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇန်နဝါရီလ ၆ ရက်၊ ည​နေ ၄ နာရီခွဲခန့် တွင်တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဂျော်နီထွေး ငှားရမ်း နေထိုင်သည့် နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၄၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၈၆.၄ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ နှင့် နေအိမ်ရှေ့တွင် ရပ်ထားသော မော်တော်ယာဉ် ၁ စီးတို့အား တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)