တောင်ကြီးမြို့တွင် လမ်းလျှောက်သူအား မော်တော်ယာဉ် တစ်စီးမှ တိုက်၍ ထွက်ပြေးသွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, January 8, 2020

တောင်ကြီးမြို့တွင် လမ်းလျှောက်သူအား မော်တော်ယာဉ် တစ်စီးမှ တိုက်၍ ထွက်ပြေးသွား


စိုင်းရာဇာ
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သံလွင်ဟိုတယ်အနီး၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်)၊ နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း စူဠာမုနိဘုရားဘက်သို့ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား မော်တော်ယာဉ် တစ်စီးမှ အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းမော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
.

မနက်က ကား တစ်စီးက တိုက်ပြီး ထွက်ပြေးသွားတယ်။ ဒါကိုလည်း စုံစမ်းနေပါတယ်ဟု အမှတ်(၁၈)၊ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး ထွန်းနိုင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မော်တော်ယာဉ်ဖြင့် အတိုက်ခံရသူမှာ ဦးဝင်းအောင် ဆိုသူ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဘက် နဖူးနှင့် မျက်ခုံးကွဲ ဒဏ်ရာများ၊ မျက်နှာပွန်းပဲ့ ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်ဖြင့် တိုက်၍ ထွက်ပြေးသွားသူကို တောင်ကြီးမြို့မ ရဲစခန်း၌ ယာဉ်(ပ)၂/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ-၂၇၉/၃၃၈/၂၀၂ တို့ဖြင့် အမှုဖွင့်၍ တရားခံ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats