အရွယ် မရောက်သေးသူ မိန်းကလေးအား ပေါင်းသင်းသည်ဟုဆိုကာ အမျိုးသား တစ်ဦး အဖမ်းခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, January 8, 2020

အရွယ် မရောက်သေးသူ မိန်းကလေးအား ပေါင်းသင်းသည်ဟုဆိုကာ အမျိုးသား တစ်ဦး အဖမ်းခံရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် အရွယ် မရောက်သေးသူ မိန်းကလေး တစ်ဦးကို ပေါင်းသင်း ဆက်ဆံသည်ဟု ဆိုကာ အမျိုးသား တစ်ဦးအား ဇန်နဝါရီလ ၇ ရက် ည ၉ နာရီက အမှုဖွင့် ဖမ်းဆီးထားကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ နယ်မြေ(၄)နေ မိခင် ဖြစ်သူမှ ဇန်နဝါရီလ ၆ ရက်၊ ညနေ ၅ နာရီခန့်တွင် ၎င်း၏ အသက် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူအား လိုက်လံရှာဖွေရာ တစ်ရပ်ကွက်တည်းနေ ရန်နိုင်ဦးနှင့်အတူ မီးလှုံနေသည်ကို တွေ့ရှိရပြီးနောက် မိခင်ဖြစ်သူမှ သမီးအား မေးမြန်းရာ ၎င်းတို့ ၂ ဦးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်က စ၍ သမီးရည်းစား ဖြစ်နေကြကြောင်း ပြောပြခဲ့သဖြင့် သမီးဖြစ်သူအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ ဆက်လက် မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ရန်နိုင်ဦးသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ သားမယားအဖြစ် ၄ ကြိမ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ၁ကြိမ် စုစုပေါင်း ၅ ကြိမ် ဆက်ဆံခဲ့သည်ဟု ပြောကြားခဲ့ခြင်းကြောင့် မိခင်ဖြစ်သူမှ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ ပေါင်းသင်း ဆက်ဆံသူအား ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုင်ကြားမှုကြောင့် ရန်နိုင်ဦးအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ တို့ဖြင့် ဇန်နဝါရီလ ၇ ရက်၊ ညပိုင်းတွင် အမှုဖွင့်၍ ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)