ဟဲဟိုးမြို့တွင် စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, January 11, 2020

ဟဲဟိုးမြို့တွင် စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ဇန်နဝါရီလ ၁၀ ရက်က အမျိုးသား ၂ ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားခုတ်ခံရကာ သေဆုံးခဲ့ရကြောင်း သိရသည်။
.

ယင်းကဲ့သို့ ဓါးခုတ်မှု ဖြစ်ပွားသည်ဟူသော သတင်းအရ ဟဲဟိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဟဲဟိုးမြို့ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သော ဦးစိန်အောင်သည် ၎င်း၏နေအိမ် အောက်ထပ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာများနှင့် လဲကျ သေဆုံးနေပြီး သေဆုံးသူ၏ ဘေးတွင် ဓားတစ်ချောင်းနှင့် တွေ့ရှိရ၍ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်အေးအား မေးမြန်းရာ မွေးချင်း(မောင်) တော်စပ်သူ စိန်သာထွန်း (ခ) ထွန်းအေးမောင်က ဦးစိန်အောင်အား ဓားမနှင့် ခုတ်ကာ ထွက်ပြေး တိမ်းရှောင် သွားသည်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိန်သာထွန်း (ခ) ထွန်းအေးမောင်အား ဟဲဟိုးနယ်မြေ ရဲစခန်း၌ (ပ) ၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ အမှုကြီး အမှတ်စဉ် (၁/ ၂၀၂၀ )ဖြင့် အမှုဖွင့်၍ ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats